Happy New Year အတွက် မိန်းကလေးရော ယောင်္ကျားလေးတွေရော အဆင်ပြေအောင်ပါ

အလန်းစား အလွယ်တကူလုပ်လို့ရနိုင်တဲ့ ကော့တေးဆိုပါတော့
လုပ်သောက်ကြည့်ရအောင် ..လွယ်လဲလွယ်တယ်
(အစစ်လိုတော့မဟုတ်ပေမယ့် )တူတော့တူပါတယ် 😜

” Spy ဝိုင် ”
ပန်းရောင်
အနီ
အနက်
လိမ္မော်ရည်
sprite

” အသီးစုံ ”
နာနတ်သီး
ပန်းသီးစိမ်း
နဂါးမောက်သီး
စပျစ်သီး
စတော်ဘယ်ရီ
ဖရဲသီး (အစေ့မပါ)

သံပရာသီး ညှစ်ထည့်ပါ

အသီးတွေကို အတုံးသေးသေးလေးတွေလှီးပေးထား
ရေခဲသေတ္တာ အပေါ်ထပ်မှာ ၁ နာရီလောက် အအေးခံထား
ပြီးရင်အသီးတွေ မခဲတခဲ လေးဖြစ်နေချိန် ထုပ်ပြီး
အားလုံးကိုရောလိုက်

Good ပဲပေါ့ 😉

spy တွေကိုလဲအေးအေးလေးဆို ပိုမိုက်သွားမယ်😍

(ဂျင်အရက် ထည့်ချင် ထည့်လို့ရပါတယ်
တအားမူးမှာဆိုးလို့ မထည့်တော့ပါ)

နောက်ရက်လုပ်သောက်မလို့ အခွင့်သင့်တာနဲ့
တစ်ဆင့် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။

မူရင်းတင်ပေးသူကိုလည်း ကျေးဇူးအများကြီးတင်ပါ
တယ်နော်။

#Fromoriginaluploader #MyanmarFamousStar

LEAVE A REPLY

Please enter your comment!
Please enter your name here