Unicode

နာမည်ကြီးအဆိုတော် တစ်ဦးဖြစ်သလို ပရိသတ်အားပေးမှုအပြည့်အဝ ရရှိထားတဲ့ အဆိုတော်တစ်ဦးလည်းဖြစ်သူကတော့ ရွှေထူး ဖြစ်ပါတယ်။

ပရိသတ်တွေနဲ့ အမြဲရင်းရင်းနှီးနှီးနေတတ်ပြီး ဖော်ရွေတတ်တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခြင်းကို ရရှိထားသူလည်း ဖြစ်ပါတယ်။ ယခုလတ်တလောမှာတော့ အဆိုတော် ရွှေထူးတစ်ယောက် သူ့ရဲ့လူမှုစာမျက်နှာမှာတင်ထားတဲ့ status တစ်ခုကြောင့် ပရိသတ်တွေကတော့ စိုးရိမ်နေကြပါတယ်။

ရွှေထူးဟာ Followers နှစ်သန်းနီးပါးရှိတဲ့ သူ့ရဲ့ လူမှုစာမျက်နှာမှာ မျှော်လင့်ချက်သိပ်မထားကြဖို့ကို ယခုလို “မျှော်လင့်ချက်မထားနဲ့ … ကိုယ်လုပ်ပေးနိုင်တာဘာမဆိုလုပ်ပေးလိုက် … ကိုယ်ကကိုယ် … သူကသူ …

ဒါပါပဲ …” ဆိုပြီး ရေးသားထားတာ တွေ့ရပါတယ်။ ဒီ post ရဲ့ comment မှာလည်း “မျှော်လင့်ချက်ထားရင် ကိုယ်ပဲပင်ပန်းတယ် …” “အချစ်ကိစ္စမှမဟုတ်ဘူးလေ … ဘာမဆိုပေါ့ ” စသဖြင့် ရေးသားထားတာမျိုးတွေလည်း တွေ့ရပါတယ်။

သူ့ရဲ့ပရိသတ်တွေကတော့ ရွှေထူးကိုအားပေးစကားတွေပြောထားကြပါတယ်။ ရွှေထူးတို့ ချစ်သူစုံတွဲဟာ ပရိသတ်တွေကြား နာမည်ကြီးရေပန်းစားတဲ့ အနုပညာစုံတွဲတစ်တွဲဖြစ်သလို ပရိသတ်တွေ အားကျကြတဲ့ စုံတွဲတစ်တွဲလည်းဖြစ်ပါတယ်။ ချစ်သူသက်တမ်း ၆ နှစ်ရှိနေတဲ့ LDRS စုံတွဲလည်းဖြစ်တာမို့ ပရိသတ်တွေအတွက် စံပြစုံတွဲတစ်တွဲဆိုလည်း မမှားပါဘူး……

Zawgyi






LEAVE A REPLY

Please enter your comment!
Please enter your name here