Unicode

အကယ်ဒမီပေးပွဲနီးလာပြီဖြစ်တဲ့အတွက် ယုန်လေးကတော့ အထူးဆုပေးမယ်ဆိုရင် မြင့်မြတ်ကိုပေးလို့ ရတယ်လို့ အကြံပေးခဲ့ပါတယ်။ သူဘာကြောင့် မြင့်မြတ်ကို အထူးဆုပေးချင်တာလည်း ဆိုတာကို မိုမိုလေးကမေးမြန်းထားပါတယ်။

“မြင့်မြတ်ကို အထူးဆုပေးလို့ရတယ်ဆိုတာက ဒီလိုပါ ၂လပိုင်းကစပြီး ကြီးကြီးကျယ်ကျယ်ပေါက်တယ်။ ဘာကြောင့်ပေါက်တာလည်း သူကြောင့်ပေါက်တာ။ ဇာတ်လမ်းကပုံမှန်ပဲ။ နောက်ပြီးတော့ ဇွတ်ကျားပေါက်တယ်။ ဘာလို့ပေါက်လဲ သူကြောင့် ပေါက်တာပဲ။ ဘုန်းကညာနှစ်ပါးလည်း အဲလိုပဲ သူ့အိုင်တင်တွေ အရမ်းကောင်းလို့ ပေါက်တယ်။ အော်ရင်ဂျင်နယ်ဂန်းစတားလည်း သူပါလို့ လာကြည့်တာ။ အဲဒါကြောင့် ကျွန်တော်ကတော့ သူကိုရစေချင်တယ်”လို့ ပြောခဲ့ပါတယ်။

“မြင့်မြတ်က နောက်တစ်ချက်က တကယ်ကောင်းလားဆိုတော့ ကောင်းတယ်။ ပရိသတ်လည်း ရှိတယ်။ အဲဒါကြောင့် အထူးဆုပေးမယ်ဆိုရင် သူကိုပေးလို့ရတယ်ဆိုပြီး ကျွန်တော့်သူငယ်ချင်း အတွက်ကျွန်တော် အကြံပေးခဲ့တာပါ။ လူကြီးတွေက တော့ခေါင်းငြိမ့်တယ် ပေးတာမပေးတာတော့ ကျွန်တော်မသိဘူး။ မြင့်မြတ်ကအကယ်ဒမီမရလည်း ဘာမှမဖြစ်ဘူး သူကတော့ ပုံမှန်အတိုင်း အလုပ်တွေဆက်လုပ်နေမှာပဲ”လို့ ယုန်လေးက ပြောခဲ့ပါသေးတယ်။

အထူးဆုတောင်းဖြစ်တာက ” တကယ်လဲပေးလို့ရတယ်လေ ပေါက်ကရလူတစ်ယောက်ကို ပေးတာမှမဟုတ်တာ။ အရှေ့မှာဘာမှန်းညာမှန်းမသိ အိုင်တင်မကောင်းပဲနဲ့ ရတဲ့လူတွေ ပေါက်ကရလူတွေ ရတဲ့သမိုင်းတွေလည်း ကျွန်တော်တို့ ရုပ်ရှင်သမိုင်းမှာ ရှိတာပဲ။ နာမည်တော့ မပြောတော့ဘူး မိတ်ပျက်မှာစိုးလို့ပါ” လို့ ယုန်လေးကပြောခဲ့ပါသေးတယ်။

Zawgyi

အကယ္ဒမီေပးပြဲနီးလာၿပီျဖစ္တဲ့အတြက္ ယုန္ေလးကေတာ့ အထူးဆုေပးမယ္ဆိုရင္ ျမင္႔ျမတ္ကိုေပးလို႔ ရတယ္လို႔ အၾကံေပးခဲ့ပါတယ္။ သူဘာေၾကာင္႔ ျမင္႔ျမတ္ကို အထူးဆုေပးခ်င္တာလည္း ဆုိတာကို မုိမိုေလးကေမးျမန္းထားပါတယ္။

“ျမင္႔ျမတ္ကို အထူးဆုေပးလုိ႔ရတယ္ဆိုတာက ဒီလုိပါ ၂လပိုင္းကစၿပီး ၾကီးၾကီးက်ယ္က်ယ္ေပါက္တယ္။ ဘာေၾကာင္႔ေပါက္တာလည္း သူေၾကာင္႔ေပါက္တာ။ ဇာတ္လမ္းကပံုမွန္ပဲ။ ေနာက္ၿပီးေတာ့ ဇြတ္က်ားေပါက္တယ္။ ဘာလို႔ေပါက္လဲ သူေၾကာင္႔ ေပါက္တာပဲ။ ဘုန္းကညာႏွစ္ပါးလည္း အဲလုိပဲ သူ႔အုိင္တင္ေတြ အရမ္းေကာင္းလုိ႔ ေပါက္တယ္။ ေအာ္ရင္ဂ်င္နယ္ဂန္းစတားလည္း သူပါလုိ႔ လာၾကည္႕တာ။ အဲဒါေၾကာင္႔ ကၽြန္ေတာ္ကေတာ့ သူကိုရေစခ်င္တယ္”လို႔ေျပာခဲ့ပါတယ္။

“ျမင္႔ျမတ္က ေနာက္တစ္ခ်က္က တကယ္ေကာင္းလားဆုိေတာ့ ေကာင္းတယ္။ ပရိသတ္လည္း ရွိတယ္။ အဲဒါေၾကာင္႔ အထူးဆုေပးမယ္ဆုိရင္ သူကိုေပးလို႔ရတယ္ဆုိၿပီး ကၽြန္ေတာ့္သူငယ္ခ်င္း အတြက္ကၽြန္ေတာ္ အႀကံေပးခဲ့တာပါ။ လူႀကီးေတြက ေတာ့ေခါင္းၿငိမ္႔တယ္ ေပးတာမေပးတာေတာ့ ကၽြန္ေတာ္မသိဘူး။ ျမင္႔ျမတ္ကအကယ္ဒမီမရလည္း ဘာမွမျဖစ္ဘူး သူကေတာ့ ပံုမွန္အတုိင္း အလုပ္ေတြဆက္လုပ္ေနမွာပဲ”လို႔ ယုန္ေလးက ေျပာခဲ့ပါေသးတယ္။

အထူးဆုေတာင္းျဖစ္တာက ” တကယ္လဲေပးလုိ႔ရတယ္ေလ ေပါက္ကရလူတစ္ေယာက္ကို ေပးတာမွမဟုတ္တာ။ အေရွ႕မွာဘာမွန္းညာမွန္းမသိ အုိင္တင္မေကာင္းပဲနဲ႔ ရတဲ့လူေတြ ေပါက္ကရလူေတြ ရတဲ့သမုိင္းေတြလည္း ကၽြန္ေတာ္တုိ႔ ရုပ္ရွင္သမုိင္းမွာ ရွိတာပဲ။ နာမည္ေတာ့ မေျပာေတာ့ဘူး မိတ္ပ်က္မွာစိုးလို႔ပါ” လုိ႔ ယုန္ေလးကေျပာခဲ့ပါေသးတယ္။

From Momolay

LEAVE A REPLY

Please enter your comment!
Please enter your name here