Unicode

ရွှေအိမ်စည်ရဲ့ တောင်းဆိုချက်တွေကို ဆောင်ရွက်ဖို့ တာဝန်မရှိဘူးလို့လည်း ဆိုပါတယ်။

၂၀၁၈၊ ဇန်နဝါရီလ ၂ ရက်နေ့မှာ ရွှေအိမ်စည်က Miss Universe Myanmar Orginazationရဲ့ National Director ဖြစ်သူ ဒေါ်စိုးယုဝေကို လျော်ကြေးပေးလျော်ရန်နဲ့ အသရေဖျက်ရေးသားခဲ့ခြင်းများကို တရားဝင်တောင်းပန်ဖို့အတွက် ကြေးမုံသတင်းစာကနေ ကြေညာထားခဲ့တာ ဖြစ်ပါတယ်။ အဲဒီကြေညာချက်အပေါ် ဒေါ်စိုးယုဝေက ယနေ့ (ဇန်နဝါရီလ ၁၇ ရက်) မှာ အခုလို တုံ့ပြန်ကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

Miss Universe Myanmar Orginazationရဲ့ National Director ဒေါ်စိုးယုဝေက ဒီနေ့ထုတ်(ဇန်နဝါရီ ၁၇ရက်) နေ့ ကြေးမုံသတင်းမှာစာ ရွှေအိမ်စည်ဘက်က တောင်းဆိုမှုတွေကို ဆောင်ရွက်ပေးဖို့ လုံးဝတာဝန်မရှိဘူးဆိုပြီး ကြေညာလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒေါ်စိုးယုဝေအပေါ် ဂုဏ်သိက္ခာကျဆင်းစေရန် ရေးသားပြောဆို ကြေညာခြင်းများအတွက် ဒေါ်စိုးယုဝေ ကျေနပ်တဲ့အထိ ဝန်ချတောင်းပန်တဲ့ ကြေညာချက်ကို ဒီနေ့မှ စပြီး(၇) ရက်အတွင်း ထုတ်ပြန်ပေးဖို့နဲ့ Miss Universe Myanmar အဖွဲ့အစည်းက ချီးမြှင့်ထားတဲ့ အဆောင်အယောင်များနဲ့ လက်ခံထားတဲ့ ဆုကြေးငွေများကို ပြန်အပ်ရမယ်ဆိုပြီး ယင်းသတင်းစာမှာ ရေးသားထားပါတယ်။

အကယ်၍ ရွှေအိမ်စည်ဘက်က ဝန်ချတောင်းပန်ခြင်းမပြုလုပ်ရင်တော့ တည်ဆဲဥပဒေများအရ တရားစွဲဆို အရေးယူဆောင်ရွက်သွားမယ်ဆိုပြီး ပြောထားပါတယ်။

အလှမယ် ရွှေအိမ်စည်အား Miss Grand International 2017 ပြိုင်ပွဲသို့ စေလွှတ်ယှဉ်ပြိုင်စေမည့် အစီအစဉ်ကို အောက်တိုဘာလ ၁ ရက်နေ့က ရပ်ဆိုင်းလိုက်ကြောင်း Miss Universe Myanmar အဖွဲ့အစည်းက ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Zawgyi

ေရႊအိမ္စည္ရဲ႕ ေတာင္းဆိုခ်က္ေတြကို ေဆာင္ရြက္ဖို႕ တာဝန္မရွိဘူးလို႕လည္း ဆုိပါတယ္။

၂၀၁၈၊ ဇန္နဝါရီလ ၂ ရက္ေန႔မွာ ေရႊအိမ္စည္က Miss Universe Myanmar Orginazationရဲ႕ National Director ျဖစ္သူ ေဒၚစိုးယုေ၀ကို ေလ်ာ္ေၾကးေပးေလ်ာ္ရန္နဲ႕ အသေရဖ်က္ေရးသားခဲ့ျခင္းမ်ားကို တရားဝင္ေတာင္းပန္ဖို႕အတြက္ ေၾကးမံုသတင္းစာကေန ေၾကညာထားခဲ့တာ ျဖစ္ပါတယ္။ အဲဒီေၾကညာခ်က္အေပၚ ေဒၚစိုးယုေဝက ယေန႔ (ဇန္နဝါရီလ ၁၇ ရက္) မွာ အခုလို တံု႔ျပန္ေၾကညာခ်က္ ထုတ္ျပန္လုိက္တာျဖစ္ပါတယ္။

Miss Universe Myanmar Orginazationရဲ႕ National Director ေဒၚစိုးယုေဝက ဒီေန႕ထုတ္(ဇန္နဝါရီ ၁၇ရက္) ေန႕ ေၾကးမံုသတင္းမွာစာ ေရႊအိမ္စည္ဘက္က ေတာင္းဆိုမႈေတြကို ေဆာင္ရြက္ေပးဖို႕ လံုးဝတာဝန္မရွိဘူးဆိုၿပီး ေၾကညာလိုက္တာ ျဖစ္ပါတယ္။

ဒါ့အျပင္ ေဒၚစိုးယုေဝအေပၚ ဂုဏ္သိကၡာက်ဆင္းေစရန္ ေရးသားေျပာဆို ေၾကညာျခင္းမ်ားအတြက္ ေဒၚစိုးယုေဝ ေက်နပ္တဲ့အထိ ဝန္ခ်ေတာင္းပန္တဲ့ ေၾကညာခ်က္ကို ဒီေန႕မွ စၿပီး(၇) ရက္အတြင္း ထုတ္ျပန္ေပးဖို႕နဲ႕ Miss Universe Myanmar အဖဲြ႕အစည္းက ခ်ီးျမွင့္ထားတဲ့ အေဆာင္အေယာင္မ်ားနဲ႕ လက္ခံထားတဲ့ ဆုေၾကးေငြမ်ားကို ျပန္အပ္ရမယ္ဆိုၿပီး ယင္းသတင္းစာမွာ ေရးသားထားပါတယ္။

အကယ္၍ ေရႊအိမ္စည္ဘက္က ဝန္ခ်ေတာင္းပန္ျခင္းမျပဳလုပ္ရင္ေတာ့ တည္ဆဲဥပေဒမ်ားအရ တရားစြဲဆို အေရးယူေဆာင္ရြက္သြားမယ္ဆိုၿပီး ေျပာထားပါတယ္။

အလွမယ္ ေရႊအိမ္စည္အား Miss Grand International 2017 ၿပိဳင္ပြဲသို႔ ေစလႊတ္ယွဥ္ၿပိဳင္ေစမည့္ အစီအစဥ္ကို ေအာက္တုိဘာလ ၁ ရက္ေန႔က ရပ္ဆုိင္းလိုက္ေၾကာင္း Miss Universe Myanmar အဖြဲ႕အစည္းက ေၾကညာခ်က္ ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။

Photo : ေရႊအိမ္စည္၊ေဒၚစိုးယုေဝ

LEAVE A REPLY

Please enter your comment!
Please enter your name here