Unicode

သာယာတဲ့ ညနေခင်း တစ်ခုမှာ အရေးပေါ် ဆရာဝန် ခေါင်းကိုက်စရာ တစ်ခုနဲ့ ကြုံခဲ့ဖူးပါတယ်
နယ်မြို့လေးကနေ လာပြတဲ့ လူနာတစ်ယောက် …
အသက် ၃၅ ခန့် သန်မာတဲ့ လူရွယ်တစ်ယောက်…
တစ်သက်လုံး ဘာရောဂါမှ မဖြစ်ဖူးသူ မှာ နေ့လည် ၁၁ နာရီ ခန့်က သွေးတစ်ကြိမ် အန်သည်

ဆေးရုံသို့ ခေါ်လာရာ မြို့အဝင်တွင် သွေးတစ်ကြိမ် ထပ်အန်ပြီး ခေါင်းငိုက်စိုက်ကျသွားသည်တဲ့
ကျန်တာ ဘာမှ မေးမရ

မေးဖို့လဲ အချိန်မရှိ
လူ့အသက်ကယ်ဖို့ အပြေးအလွှား ဝိုင်းဝန်းကြိုးစားကြသော်လည်း လူနာကို လက်လွှတ်ခဲ့ရပါတယ်

စိတ်မော လူမော နဲ့ ဆရာဝန်မှာ ထပ်ဆင့် ခေါင်းကိုက်ရပါတော့တယ်
လူနာ ဘာလို့သေသလဲ ဆိုတာ မပြောနိုင်
မေးမြန်းသမျှ သွေးအန်စရာ ဘာရောဂါမှမရှိ
အိမ်သားတွေက လက်မခံနိုင်
နောက်ဆုံး ရင်ခွဲ စစ်ဆေးဖို့ ပြင်ဆင်ရပါတော့တယ်

သွေးအန်ထားတော့ ဗိုက်ကို စဖွင့်ချိန်မှာ တင်းကားဖောင်းနေတဲ့ အစာအိမ်
အစာအိမ်ကို ဖွင့်တော့ သွေးတွေ ဆိုတာ မြင်မကောင်း
သွေးညှီနံ့ ဖြင့် ဆရာဝန်တောင် မူးချင်ချင်

ကိုယ်မူးသွားရင် ဆက်ကြည့်မယ့်သူ မရှိဘူးဆိုတော့ အားတင်းကြည့်ရတာပေါ့လေ
ဒီသွေးတွေ ဘယ်က ထွက်နေပါလိမ့် ???
အစာအိမ်က အကောင်း ဆိုတော့
ရင်ပတ်ဖွင့်ကြည့်တဲ့အခါ အဆုတ် နှလုံးအကောင်း အိုကေ
ဒါဖြင့် ဒီသွေးက ဘယ်က ထွက်တာပါလိမ့်

ခေါင်းချာချာလည်အောင် ပိုက်စိတ်တိုက်ရှာမှ အစာရေမြိုမှာ သွေးစို့ရာတစ်ခု
ဘာကြီးပါ ပါလိမ့်ဆို ဆက်ကြည့်တော့ သူ့နောက်က သွေးကြောက သွေးလေးစိမ့်လို့
သေချာပြီ
ဒါ တစ်ခုခုက အစာရေမြိုကနေ သွေးကြောကို ဖောက်ပြီး သွေးယိုတာပဲ

အဲ့တော့မှ အိမ်သားတွေ ပြန်မေးတော့ မနေ့ ည ၇ နာရီက ငါးရိုးစူးတယ်တဲ့ ခဏနေ သက်သာသွားတယ်တဲ့
သက်သာမှာပေါ့ ကန့်လန့်ခံနေတဲ့ ငါးရိုးက နောက်ကို ဖောက်ထွက်သွားမှာပေါ့
တရားခံ ငါးရိုးကိုတော့ ရှာမတွေ့ခဲ့

ထူးလဲထူးဆန်းပါပေ့ကွယ် …

Zawgyi

သာယာတဲ႔ ညေနခင္း တစ္ခုမွာ အေရးေပၚ ဆရာဝန္ ေခါင္းကိုက္စရာ တစ္ခုနဲ႔ ၾကံဳခဲ႔ဖူးပါတယ္
နယ္ၿမိဳ႕ေလးကေန လာျပတဲ႔ လူနာတစ္ေယာက္ …
အသက္ ၃၅ ခန္႔ သန္မာတဲ႔ လူရြယ္တစ္ေယာက္…
တစ္သက္လံုး ဘာေရာဂါမွ မျဖစ္ဖူးသူ မွာ ေန႔လည္ ၁၁ နာရီ ခန္႔က ေသြးတစ္ႀကိမ္ အန္သည္

ေဆးရံုသို႔ ေခၚလာရာ ၿမိဳ႕အဝင္တြင္ ေသြးတစ္ႀကိမ္ ထပ္အန္ၿပီး ေခါင္းငိုက္စိုက္က်သြားသည္တဲ႔
က်န္တာ ဘာမွ ေမးမရ

ေမးဖို႔လဲ အခ်ိန္မရွိ
လူ႔အသက္ကယ္ဖို႔ အေျပးအလႊား ဝိုင္းဝန္းႀကိဳးစားၾကေသာ္လည္း လူနာကို လက္လႊတ္ခဲ႔ရပါတယ္

စိတ္ေမာ လူေမာ နဲ႔ ဆရာဝန္မွာ ထပ္ဆင့္ ေခါင္းကိုက္ရပါေတာ့တယ္
လူနာ ဘာလို႔ေသသလဲ ဆိုတာ မေျပာနိုင္
ေမးျမန္းသမွ် ေသြးအန္စရာ ဘာေရာဂါမွမရွိ
အိမ္သားေတြက လက္မခံနိုင္
ေနာက္ဆံုး ရင္ခြဲ စစ္ေဆးဖို႔ ျပင္ဆင္ရပါေတာ့တယ္

ေသြးအန္ထားေတာ့ ဗိုက္ကို စဖြင့္ခ်ိန္မွာ တင္းကားေဖာင္းေနတဲ႔ အစာအိမ္
အစာအိမ္ကို ဖြင့္ေတာ့ ေသြးေတြ ဆိုတာ ျမင္မေကာင္း
ေသြးညွီနံ႔ ျဖင့္ ဆရာဝန္ေတာင္ မူးခ်င္ခ်င္

ကုိယ္မူးသြားရင္ ဆက္ၾကည့္မယ့္သူ မရွိဘူးဆိုေတာ့ အားတင္းၾကည့္ရတာေပါ့ေလ
ဒီေသြးေတြ ဘယ္က ထြက္ေနပါလိမ့္ ???
အစာအိမ္က အေကာင္း ဆိုေတာ့
ရင္ပတ္ဖြင့္ၾကည့္တဲ့အခါ အဆုတ္ ႏွလံုးအေကာင္း အိုေက
ဒါျဖင့္ ဒီေသြးက ဘယ္က ထြက္တာပါလိမ့္

ေခါင္းခ်ာခ်ာလည္ေအာင္ ပိုက္စိတ္တိုက္ရွာမွ အစာေရၿမိဳမွာ ေသြးစို႔ရာတစ္ခု
ဘာႀကီးပါ ပါလိမ့္ဆို ဆက္ၾကည့္ေတာ့ သူ႔ေနာက္က ေသြးေၾကာက ေသြးေလးစိမ့္လို႔
ေသခ်ာၿပီ
ဒါ တစ္ခုခုက အစာေရၿမိဳကေန ေသြးေၾကာကို ေဖာက္ၿပီး ေသြးယိုတာပဲ

အဲ႔ေတာ့မွ အိမ္သားေတြ ျပန္ေမးေတာ့ မေန႔ ည ၇ နာရီက ငါးရိုးစူးတယ္တဲ႔ ခဏေန သက္သာသြားတယ္တဲ႔
သက္သာမွာေပါ့ ကန္႔လန္႔ခံေနတဲ႔ ငါးရိုးက ေနာက္ကို ေဖာက္ထြက္သြားမွာေပါ့
တရားခံ ငါးရိုးကိုေတာ့ ရွာမေတြ႔ခဲ႔

ထူးလဲထူးဆန္းပါေပ့ကြယ္ …

Khin Cho

===========

DrMyanmar

LEAVE A REPLY

Please enter your comment!
Please enter your name here