Unicode

တကယ့်ကို ကြေကွဲဝမ်းနည်းစရာကောင်းတဲ့ အချိန်တစ်ခုပါ။ သမီးဖြစ်သူရဲ့ နှလုံးခုန်သံကို ကြားရဖို့အ တွက် ဖခင်ဖြစ်သူမှာ မိုင်ပေါင်း ထောင်ကျော်ကို ခရီးနှင်ပြီး သွားရောက်ခဲ့ရတာပါ။ လူစီးယားနားမျာ ကျင်းပပြုလုပ်တဲ့ ဖခင်များနေမှာဆိုရင် ဘက်တွန်ရော့ဂျ်ဆိုသူ အမျိုးသားက သေဆုံးသွားခဲ့တဲ့ သမီး ဖြစ်သူအတွက် အမှတ်ရနေဖို့ နေရပ် ဝင်ကွန်စင်ကနေ မိုင်ပေါင်း ၁၄၀၀ ကျော်ဝေးလံတဲ့ နေရာဆီသို့ စက်ဘီးစီးခရီးနှင် အရောက်သွားခဲ့ပါတယ်။

လွန်ခဲ့တဲ့ လပိုင်အနည်းငယ်က မက္ကဆီကိုသို့ အားလပ်ရက်ခရီးထွက်ရင်းနဲ့ မတော်တဆမှုတစ် ခုကြောင့် ဦးနှောက်သေဆုံးသွားခဲ့တဲ့ အသက် ၂၀ အရွယ်သမီးဖြစ်သူ အာဘေးရဲ့ နှလုံးခုန်သံကို ကြားရဖို့ ဖခင်ဖြစ်သူက ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ မသေခင်မှာ သမီးဖြစ်သူ က ခန္ဓာကိုယ်အစိတ် အပိုင်း လှူဒါန်းထားသူတစ်ဦးဖြစ်တာမို့လို့ ဦးနှောက်သေဆုံးရောဂါကြောင့် မျှော်လင့်ချက်မရှိတော့တဲ့ မိန်းကလေး ငယ်ရဲ့ နှလုံးကို အခြားအမျိုးသားတစ်ဦးထံ လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

သမီးငယ် အာဘေးရဲ့ နှလုံးကို အလှူခံထားတဲ့ နှလုံးရောဂါသည် အမျိုးသား လူမန့်ဂျက်ဂျာဆိုသူကဆိုရင် နေကောင်း ကျန်းမာလျှက် ရှိနေပြီဖြစ်တာကြောင့် အလှူရှင်ရဲ့ ဖခင်ဖြစ်သူကိုလည်း တွေ့ဖို့ဆန္ဒ တွေရှိနေတာဖြစ် ပါတယ်။ ဒါ့ကြောင့်မို့လို့ ဖခင်ဖြစ်သူက သမီးအတွက် ဂုဏ်ပြုတဲ့အနေနဲ့ မိုင်ပေါင်း ၁၄၀၀ ကျော်ဝေးလံ တဲ့ ဖလော်ရီဒါပြည်နယ်သို့သွားရောက်ပြီး နှလုံးအစားထိုး ခွဲစိပ်မှုခံယူ ထားတဲ့ အမျိုးသားထံ သမီးဖြစ်သူ နှလုံးခုန်သံကို သွားရောက်နားထောင်ခဲ့တာဖြစ်ပါတယ်။သမီးဖြစ်သူမရှိတော့ပေမယ့် နှလုံးခုန်သံဟာ ဆက်လက်ကြားနိုင်သေးတာကြောင့် သမီးဖြစ်သူ သေသွားတယ်လို့ မခံစားရဘူးလို့ ဖခင်ဖြစ်သူက ဆိုပါတယ်။ အသက်တစ်ချောင်းကိုဆက်လက်ရှင် သန်ခွင့်ပေးတဲ့အတွက် ကျေးဇူးတင်မိကြောင်း နှလုံးအစားထိုးခွဲစိပ် ကုသခဲ့တဲ့ အမျိုးသားက ပြောကြားခဲ့ပါတယ်။

Zawgyi

တကယ့္ကုိ ေၾကကြဲဝမ္းနည္းစရာေကာင္းတဲ့ အခ်ိန္တစ္ခုပါ။ သမီးျဖစ္သူရဲ႕ ႏွလံုးခုန္သံကုိ ၾကားရဖုိ႔အ တြက္ ဖခင္ျဖစ္သူမွာ မုိင္ေပါင္း ေထာင္ေက်ာ္ကုိ ခရီးႏွင္ၿပီး သြားေရာက္ခဲ့ရတာပါ။ လူစီးယားနားမ်ာ က်င္းပျပဳလုပ္တဲ့ ဖခင္မ်ားေနမွာဆုိရင္ ဘက္တြန္ေရာ့ဂ်္ဆုိသူ အမ်ိဳးသားက ေသဆံုးသြားခဲ့တဲ့ သမီး ျဖစ္သူအတြက္ အမွတ္ရေနဖုိ႔ ေနရပ္ ဝင္ကြန္စင္ကေန မုိင္ေပါင္း ၁၄၀၀ ေက်ာ္ေဝးလံတဲ့ ေနရာဆီသုိ႔ စက္ဘီးစီးခရီးႏွင္ အေရာက္သြားခဲ့ပါတယ္။

လြန္ခဲ့တဲ့ လပုိင္အနည္းငယ္က မကၠဆီကုိသုိ႔ အားလပ္ရက္ခရီးထြက္ရင္းနဲ႔ မေတာ္တဆမႈတစ္ ခုေၾကာင့္ ဦးေႏွာက္ေသဆံုးသြားခဲ့တဲ့ အသက္ ၂၀ အရြယ္သမီးျဖစ္သူ အာေဘးရဲ႕ ႏွလံုးခုန္သံကုိ ၾကားရဖုိ႔ ဖခင္ျဖစ္သူက ႀကိဳးစားခဲ့တာ ျဖစ္ပါတယ္။ မေသခင္မွာ သမီးျဖစ္သူ က ခႏၶာကုိယ္အစိတ္ အပုိင္း လွဴဒါန္းထားသူတစ္ဦးျဖစ္တာမုိ႔လုိ႔ ဦးေႏွာက္ေသဆံုးေရာဂါေၾကာင့္ ေမွ်ာ္လင့္ခ်က္မရွိေတာ့တဲ့ မိန္းကေလး ငယ္ရဲ႕ ႏွလံုးကုိ အျခားအမ်ိဳးသားတစ္ဦးထံ လွဴဒါန္းေပးခဲ့တယ္လုိ႔ သိရပါတယ္။

သမီးငယ္ အာေဘးရဲ႕ ႏွလံုးကုိ အလွဴခံထားတဲ့ ႏွလံုးေရာဂါသည္ အမ်ိဳးသား လူမန္႔ဂ်က္ဂ်ာဆုိသူကဆုိရင္ ေနေကာင္း က်န္းမာလွ်က္ ရွိေနၿပီျဖစ္တာေၾကာင့္ အလွဴရွင္ရဲ႕ ဖခင္ျဖစ္သူကုိလည္း ေတြ႕ဖုိ႔ဆႏၵ ေတြရွိေနတာျဖစ္ ပါတယ္။ ဒါ့ေၾကာင့္မုိ႔လုိ႔ ဖခင္ျဖစ္သူက သမီးအတြက္ ဂုဏ္ျပဳတဲ့အေနနဲ႔ မုိင္ေပါင္း ၁၄၀၀ ေက်ာ္ေဝးလံ တဲ့ ဖေလာ္ရီဒါျပည္နယ္သုိ႔သြားေရာက္ၿပီး ႏွလံုးအစားထုိး ခြဲစိပ္မႈခံယူ ထားတဲ့ အမ်ိဳးသားထံ သမီးျဖစ္သူ ႏွလံုးခုန္သံကုိ သြားေရာက္နားေထာင္ခဲ့တာျဖစ္ပါတယ္။သမီးျဖစ္သူမရွိေတာ့ေပမယ့္ ႏွလံုးခုန္သံဟာ ဆက္လက္ၾကားႏုိင္ေသးတာေၾကာင့္ သမီးျဖစ္သူ ေသသြားတယ္လုိ႔ မခံစားရဘူးလုိ႔ ဖခင္ျဖစ္သူက ဆုိပါတယ္။ အသက္တစ္ေခ်ာင္းကုိဆက္လက္ရွင္ သန္ခြင့္ေပးတဲ့အတြက္ ေက်းဇူးတင္မိေၾကာင္း ႏွလံုးအစားထိုးခြဲစိပ္ ကုသခဲ့တဲ့ အမ်ိဳးသားက ေျပာၾကားခဲ့ပါတယ္။

Credit to သဒၵါခ်ိဳ(ေရႊအင္းေလး)

LEAVE A REPLY

Please enter your comment!
Please enter your name here