Unicode

တရုတ်နိုင်ငံမှာ ထူးထူးခြားခြား မြေအောက်ကမ္ဘာမှာနေထိုင်ကြတဲ့ ရှေးဟောင်းမြို့တမြို့ကို ဒရုန်းရိုက်ချက်တခုမှတဆင့် ရှာဖွေတွေ့ရှိခဲ့တယ်လို့ မေရာသတင်းမှာ ဇန်နဝါရီ ၂၄ ရက်နေ့က ဖော်ပြပါတယ်။

ဒီမြို့ဟောင်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄ ထောင်လောက်က မြေအောက်ကမ္ဘာမှာ နေထိုင်ခဲ့ကြတဲ့ လူ့အဖွဲ့အစည်းတရပ်ကို ပြသနေတာဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံအလယ်ပိုင်း ဟီနန်ခရိုင်တွင်းမှာ တွေ့ခဲ့ရတဲ့ မြေအောက်မြို့ဟောင်းထဲမှာ အိမ်ခြေအဆောက်အအုံ ၁ သောင်းလောက်ရှိနေပြီး လူဦးရေ ၃ ထောင်လောက် နေထိုင်ခဲ့တာ ဖြစ်နိုင်တယ်လို့ တရုတ်သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

လက်ရှိမှာတော့ ဒီနေအိမ်တွေကို ထိန်းသိမ်းကာကွယ်ထားပြီး ယဉ်ကျေးမှု အမွေအနှစ်ပုံစံနဲ့ တရုတ်အစိုးရ အာဏာပိုင်တွေက ထားရှိထားတာပါ။

အဲဒီဒေသတွင်းမှာ အပူချိန်ဟာ ဆောင်းရာသီမှာ ၁၀ ဒီဂရီစင်တီဂရိတ်ကျော်နဲ့ နွေရာသီမှာတော့ ၂၀ ဒီဂရီစင်တီဂရိတ်ရှိနေပြီး ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်း အစီအစဉ်တွေနဲ့အတူ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှုကို တိုးတက်စေမယ်လို့ ဒေသတွင်း အာဏာပိုင်တွေက ဆိုပါတယ်။

လက်ရှိမှာတော့ ဒီမြေအောက်ကမ္ဘာမြို့ဟောင်းဟာ ထူးဆန်းတဲ့ ကျေးရွာဆိုပြီး ကမ္ဘာလှည့်ခရီးသွားတွေကြားမှာ နာမည်ကြီးနေခဲ့တာပါ။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဒီမြေအောက်ရှေးဟောင်းမြို့တော်ဆီ မြေအောက်ဥမင်တွေကတဆင့် ဘယ်လိုသွားရောက်လည်ပတ်နိုင်မလဲ ဆိုတာကို ပြသထားတာ တွေ့ရပါတယ်။

===========

DVB TV NEWS

Zawgyi

LEAVE A REPLY

Please enter your comment!
Please enter your name here