Unicode

မင်္ဂလာဒုံမြို့နယ် ခရေ ပင်လမ်းမကြီးဘေးရှိ လယ်ကွက် ရေမြောင်းအတွင်း အောက်ပိုင်း အဝတ်အစားမဲ့နေသည့် အသက် (၃၀) နှစ်ခန့်အရွယ် ပုပ်ပွအမျိုးသမီး အလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

မင်္ဂလာဒုံမြို့နယ် စမ်းကြီးဝ ရပ်ကွက်အပိုင် ခရေပင်ရိပ်မွန် ရှေ့ ကားမှတ်တိုင်အနောက်ဘက် ရှိ လယ်ကွက်ရေမြောင်းအတွင်း ဇန်နဝါရီ ၂၄ ရက် နံနက် ၁၁ နာရီခွဲ က တွေ့ရှိခဲ့ကြောင်း ၎င်းက ပြောကြားသည်။

‘‘ကျွန်တော်တို့တွေ့တော့ အလောင်းက အောက်ပိုင်းအဝတ် မရှိဘူး။ မျက်နှာကလည်း တစ်ခု ခုနဲ့ ရိုက်မိထားတဲ့ပုံပေါက်နေ တယ်။ နောက်ပြီး အဲဒီအမျိုးသမီးရဲ့ထဘီက ကမ်းပေါ်မှာအပုံလိုက်။ ရေလည်းမစိုဘူး။ အလောင်းကို လမ်းပေါ်တင်ပြီးတော့မှအပေါ်က ထဘီနဲ့ အုပ်ပေးလိုက်တာ။ ပြင်ပဒဏ်ရာတော့ မတွေ့ဘူး။ ရဲကလည်း လောလောဆယ် သေမှုသေခင်းနဲ့ပဲ အလောင်းကို ဆေးရုံအပ်လိုက်တယ်။ ပုံစံကတော့ ဟိုနေ့ဖြစ်တဲ့ FDA က အမျိုးသမီးဖြစ်တဲ့ပုံနဲ့ ခပ်ဆင်ဆင်’’ဟု ၎င်းက ပြောကြားသည်။

သေဆုံးသူအမျိုးသမီးသည် အရပ်ပု၊ မျက်နှာပြဲသည့် သဏ္ဌာန်ရှိပြီး ညာဘက်လက်တွင် ရွှေလက်ကောက်သုံးကွင်း ဝတ်ဆင်ထား ကာ ရွှေအတု၊အစစ် စစ်ဆေးနေ ကြောင်း မြောက်ပိုင်းခရိုင် ရဲ တပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ရေမြောင်းအတွင်း သေဆုံး နေသည့် အမျိုးသမီးသည် မည်သူ မည်ဝါဖြစ်ကြောင်း စုံစမ်းလျက်ရှိပြီး အလောင်းကို မြောက်ဥက္ကလာ ပဆေးရုံသို့ ပို့အပ်ကာ စစ်ဆေး နေကြောင်း အလောင်းကူညီ သယ်ဆောင်ပေးခဲ့သည့် အမျိုး သားတစ်ဦးကပြောသည်။

ဇန်နဝါရီ ၂၁ ရက် နံနက်ကလည်း အဓမ္မပြုကျင့်ကာ အသတ်ခံထားရသည့် အမျိုးသမီးတစ်ဦး ၏ အလောင်းကို မြောက်ဒဂုံမြို့ နယ် (၃၃) တိုးချဲ့ရပ်ကွက် ငမိုးရိပ်ချောင်းကူးတံတားဘေးရှိ ကုလားမန်ကျည်းပင်အောက်တွင် တွေ့ရှိခဲ့ပြီး တရားခံကို ဇန်နဝါရီ ၂၄ ရက်တွင် မင်္ဂလာတောင်ညွန့်မြို့ နယ်အတွင်း ဖမ်းမိခဲ့သည်။

Zawgyi

မဂၤလာဒံုၿမိဳ႕နယ္ ခေရ ပင္လမ္းမႀကီးေဘးရွိ လယ္ကြက္ ေရေျမာင္းအတြင္း ေအာက္ပိုင္း အဝတ္အစားမဲ့ေနသည့္ အသက္ (၃၀) ႏွစ္ခန္႔အရြယ္ ပုပ္ပြအမ်ိဳးသမီး အေလာင္းတစ္ေလာင္း ေတြ႕ရွိခဲ့ေၾကာင္း ပုလဲအရန္မီးသတ္တပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦး က ေျပာၾကားသည္။

မဂၤလာဒံုၿမိဳ႕နယ္ စမ္းႀကီးဝ ရပ္ကြက္အပိုင္ ခေရပင္ရိပ္မြန္ ေရွ႕ ကားမွတ္တိုင္အေနာက္ဘက္ ရွိ လယ္ကြက္ေရေျမာင္းအတြင္း ဇန္နဝါရီ ၂၄ ရက္ နံနက္ ၁၁ နာရီခြဲ က ေတြ႕ရွိခဲ့ေၾကာင္း ၎က ေျပာၾကားသည္။

‘‘ကြၽန္ေတာ္တုိ႔ေတြ႕ေတာ့ အေလာင္းက ေအာက္ပိုင္းအဝတ္ မရွိဘူး။ မ်က္ႏွာကလည္း တစ္ခု ခုနဲ႔ ႐ိုက္မိထားတဲ့ပံုေပါက္ေန တယ္။ ေနာက္ၿပီး အဲဒီအမ်ိဳးသမီးရဲ႕ထဘီက ကမ္းေပၚမွာအပံုလိုက္။ ေရလည္းမစိုဘူး။ အေလာင္းကို လမ္းေပၚတင္ၿပီးေတာ့မွအေပၚက ထဘီနဲ႔ အုပ္ေပးလိုက္တာ။ ျပင္ပဒဏ္ရာေတာ့ မေတြ႕ဘူး။ ရဲကလည္း ေလာေလာဆယ္ ေသမႈေသခင္းနဲ႔ပဲ အေလာင္းကို ေဆး႐ံုအပ္လိုက္တယ္။ ပံုစံကေတာ့ ဟိုေန႔ျဖစ္တဲ့ FDA က အမ်ိဳးသမီးျဖစ္တဲ့ပံုနဲ႔ ခပ္ဆင္ဆင္’’ဟု ၎ကေျပာၾကားသည္။

ေသဆံုးသူအမ်ိဳးသမီးသည္ အရပ္ပု၊ မ်က္ႏွာၿပဲသည့္ သဏၭာန္ရွိၿပီး ညာဘက္လက္တြင္ ေရႊလက္ေကာက္သံုးကြင္း ဝတ္ဆင္ထား ကာ ေရႊအတု၊အစစ္ စစ္ေဆးေန ေၾကာင္း ေျမာက္ပိုင္းခ႐ိုင္ ရဲ တပ္ဖြဲ႕မွဴး႐ံုးမွ ရဲအရာရွိတစ္ဦးက ေျပာၾကားသည္။

ေရေျမာင္းအတြင္း ေသဆံုး ေနသည့္ အမ်ိဳးသမီးသည္ မည္သူ မည္ဝါျဖစ္ေၾကာင္း စံုစမ္းလ်က္ရွိၿပီး အေလာင္းကို ေျမာက္ဥကၠလာ ပေဆး႐ံုသို႔ ပို႔အပ္ကာ စစ္ေဆး ေနေၾကာင္း အေလာင္းကူညီ သယ္ေဆာင္ေပးခဲ့သည့္ အမ်ိဳး သားတစ္ဦးကေျပာသည္။

ဇန္နဝါရီ ၂၁ ရက္ နံနက္ကလည္း အဓမၼျပဳက်င့္ကာ အသတ္ခံထားရသည့္ အမ်ိဳးသမီးတစ္ဦး ၏ အေလာင္းကို ေျမာက္ဒဂံုၿမိဳ႕ နယ္ (၃၃) တိုးခ်ဲ႕ရပ္ကြက္ ငမိုးရိပ္ေခ်ာင္းကူးတံတားေဘးရွိ ကုလားမန္က်ည္းပင္ေအာက္တြင္ ေတြ႕ရွိခဲ့ၿပီး တရားခံကို ဇန္နဝါရီ ၂၄ ရက္တြင္ မဂၤလာေတာင္ၫြန္႔ၿမိဳ႕ နယ္အတြင္း ဖမ္းမိခဲ့သည္။

7Day News Journal

LEAVE A REPLY

Please enter your comment!
Please enter your name here