Unicode

မွန်နှစ်ပါတီ ပေါင်း စည်းရေးအခြေအနေကို (၇၁) ကြိမ်မြောက် မွန်အမျိုးသားနေ့ ကျင်းပပြီးစီးပါက ပြည်နယ်တွင်း ရှိ မြို့နယ်များ၌ လူထုရှင်းလင်းပွဲ များ ပြုလုပ်မည်ဖြစ်ကြောင်း မွန်နှစ်ပါတီမှ တာဝန်ရှိသူများက ပြောသည်။
ဖေဖော်ဝါရီ ၁ ရက် (တပို့ တွဲလပြည့်ကျော် ၁ ရက်)တွင် ကျရောက်မည့် မွန်အမျိုးသားနေ့ပြီး နောက် မွန်ပြည်နယ်အခြေစိုက် ပါတီများဖြစ်သော မွန်အမျိုးသား ပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ ပေါင်းစည်းရေး အခြေအနေကို မွန်လူထုအား ရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်သည်။

မွန်နှစ်ပါတီသည် ကြားခံ အဖွဲ့အစည်းများ ပါဝင်ခြင်းမရှိ ဘဲ ပါတီအချင်းချင်း တွေ့ဆုံဆွေးနွေးခြင်းဖြင့် ပါတီပေါင်းစည်းရေး ကြိုးပမ်းမည်ဟု ၂၀၁၇ ဇွန်လက ပြည်သူအား ထုတ်ဖော်ပြောကြားခဲ့ကာ နိုဝင်ဘာ ၈ ရက်တွင်ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပြီးယနေ့ထိ လေးကြိမ်တွေ့ဆုံခဲ့ကြောင်း နှစ်ပါတီခေါင်းဆောင် များကဆိုသည်။

‘‘ပါတီပေါင်းနိုင်ဖို့ နီးလာပြီ။ ပါတီပေါင်းစည်းရေးကို လိုလား နေတဲ့ သံဃာတော်တွေနဲ့ မွန်လူ ထုတွေသိရှိဖို့ အတိအလင်းထုတ် ဖော်ပြောမယ်။ မွန်အမျိုးသားနေ့ ပြီးလို့ရှိရင် နှစ်ပါတီပူးပေါင်းပြီး တော့ မြို့နယ်တွေမှာ လူထုတွေ့ ဆုံရှင်းလင်းပွဲတွေ လုပ်သွားမယ်’’ ဟု မွန်အမျိုးသားပါတီ အတွင်း ရေးမှူး(၁) နိုင်စိုးမြင့်ကပြောကြား သည်။

မွန်အမျိုးသားနေ့ကို ဂုဏ် ပြုကြောင်းနှင့် နှစ်ပါတီပေါင်း စည်းရေး အထမြောက်စေရန် အမြန်ဆုံး အကောင်အထည်ဖော် မည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၂ ရက်တွင် မွန်နှစ်ပါတီပူးတွဲ၍ ကြေ ညာချက် ပထမအကြိမ် ထုတ်ပြန်ခဲ့သည်။

မွန်အမျိုးသားနေ့ကို အခြေ ပြု၍ ညီညီညွတ်ညွတ် အင်အား စုစည်းနိုင်မှုသည် ဂုဏ်ယူစရာ ကောင်းသည့် လုပ်ရပ်တစ်ခုဖြစ် ကြောင်းနှင့် ညီညွတ်ရေးလမ်း ကြောင်းကိုလည်း မလွဲဧကန် ဆက်လက် အကောင်အထည် ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။

မွန်အမျိုးသားပါတီသည် ၂၀၁၀ ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိဘဲ ၂၀၁၅ ရွေး ကောက်ပွဲတွင် ကိုယ်စားလှယ် ၅၃ နေရာ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် နှစ်နေရာနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်နေရာ အနိုင်ရရှိသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုက ရေစီပါတီသည် ၂၀၁၀ ရွေး ကောက်ပွဲတွင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ မဲဆန္ဒ နယ် ၃၄ နေရာ၌ ဝင်ရောက်ယှဉ်ပြိုင်ရာ ပြည်သူ့လွှတ်တော်သုံးနေ ရာ၊ အမျိုးသားလွှတ်တော်လေး နေရာနှင့် ပြည်နယ်လွှတ်တော် ကိုးနေရာ အနိုင်ရရှိခဲ့ပြီး ၂၀၁၅ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၃၅ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ပြည်နယ်လွှတ် တော် ကိုယ်စားလှယ် တစ်နေရာ သာ အနိုင်ရရှိသည်။

Zawgyi

မြန္ႏွစ္ပါတီ ေပါင္း စည္းေရးအေျခအေနကို (၇၁) ႀကိမ္ေျမာက္ မြန္အမ်ိဳးသားေန႕ က်င္းပၿပီးစီးပါက ျပည္နယ္တြင္း ရွိ ၿမိဳ႕နယ္မ်ား၌ လူထုရွင္းလင္းပြဲ မ်ား ျပဳလုပ္မည္ျဖစ္ေၾကာင္း မြန္ႏွစ္ပါတီမွ တာဝန္ရွိသူမ်ားက ေျပာသည္။
ေဖေဖာ္ဝါရီ ၁ ရက္ (တပို႔ တြဲလျပည့္ေက်ာ္ ၁ ရက္)တြင္ က်ေရာက္မည့္ မြန္အမ်ိဳးသားေန႕ၿပီး ေနာက္ မြန္ျပည္နယ္အေျခစိုက္ ပါတီမ်ားျဖစ္ေသာ မြန္အမ်ိဳးသား ပါတီႏွင့္ မြန္ေဒသလုံးဆိုင္ရာ ဒီမိုကေရစီပါတီတို႔ ေပါင္းစည္းေရး အေျခအေနကို မြန္လူထုအား ရွင္းလင္းပြဲ ျပဳလုပ္မည္ျဖစ္သည္။

မြန္ႏွစ္ပါတီသည္ ၾကားခံ အဖြဲ႕အစည္းမ်ား ပါဝင္ျခင္းမရွိ ဘဲ ပါတီအခ်င္းခ်င္း ေတြ႕ဆုံေဆြးေႏြးျခင္းျဖင့္ ပါတီေပါင္းစည္းေရး ႀကိဳးပမ္းမည္ဟု ၂၀၁၇ ဇြန္လက ျပည္သူအား ထုတ္ေဖာ္ေျပာၾကားခဲ့ကာ နိုဝင္ဘာ ၈ ရက္တြင္ပထမဆုံးအႀကိမ္ ေတြ႕ဆုံခဲ့ၿပီးယေန႕ထိ ေလးႀကိမ္ေတြ႕ဆုံခဲ့ေၾကာင္း ႏွစ္ပါတီေခါင္းေဆာင္ မ်ားကဆိုသည္။

‘‘ပါတီေပါင္းနိုင္ဖို႔ နီးလာၿပီ။ ပါတီေပါင္းစည္းေရးကို လိုလား ေနတဲ့ သံဃာေတာ္ေတြနဲ႕ မြန္လူ ထုေတြသိရွိဖို႔ အတိအလင္းထုတ္ ေဖာ္ေျပာမယ္။ မြန္အမ်ိဳးသားေန႕ ၿပီးလို႔ရွိရင္ ႏွစ္ပါတီပူးေပါင္းၿပီး ေတာ့ ၿမိဳ႕နယ္ေတြမွာ လူထုေတြ႕ ဆုံရွင္းလင္းပြဲေတြ လုပ္သြားမယ္’’ ဟု မြန္အမ်ိဳးသားပါတီ အတြင္း ေရးမႉး(၁) နိုင္စိုးျမင့္ကေျပာၾကား သည္။

မြန္အမ်ိဳးသားေန႕ကို ဂုဏ္ ျပဳေၾကာင္းႏွင့္ ႏွစ္ပါတီေပါင္း စည္းေရး အထေျမာက္ေစရန္ အျမန္ဆုံး အေကာင္အထည္ေဖာ္ မည္ျဖစ္ေၾကာင္း ဇန္နဝါရီ ၂၂ ရက္တြင္ မြန္ႏွစ္ပါတီပူးတြဲ၍ ေၾက ညာခ်က္ ပထမအႀကိမ္ ထုတ္ျပန္ခဲ့သည္။

မြန္အမ်ိဳးသားေန႕ကို အေျခ ျပဳ၍ ညီညီၫြတ္ၫြတ္ အင္အား စုစည္းနိုင္မႈသည္ ဂုဏ္ယူစရာ ေကာင္းသည့္ လုပ္ရပ္တစ္ခုျဖစ္ ေၾကာင္းႏွင့္ ညီၫြတ္ေရးလမ္း ေၾကာင္းကိုလည္း မလြဲဧကန္ ဆက္လက္ အေကာင္အထည္ ေဖာ္ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ေၾကညာခ်က္တြင္ ပါရွိသည္။

မြန္အမ်ိဳးသားပါတီသည္ ၂၀၁၀ ေ႐ြးေကာက္ပြဲ၌ ဝင္ေရာက္ယွဥ္ၿပိဳင္ျခင္းမရွိဘဲ ၂၀၁၅ ေ႐ြး ေကာက္ပြဲတြင္ ကိုယ္စားလွယ္ ၅၃ ေနရာ ဝင္ေရာက္ယွဥ္ၿပိဳင္ၿပီး ျပည္နယ္လႊတ္ေတာ္ ကိုယ္စား လွယ္ ႏွစ္ေနရာႏွင့္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ တစ္ေနရာ အနိုင္ရရွိသည္။

မြန္ေဒသလုံးဆိုင္ရာ ဒီမိုက ေရစီပါတီသည္ ၂၀၁၀ ေ႐ြး ေကာက္ပြဲတြင္ မြန္ျပည္နယ္ႏွင့္ ကရင္ျပည္နယ္အတြင္းရွိ မဲဆႏၵ နယ္ ၃၄ ေနရာ၌ ဝင္ေရာက္ယွဥ္ၿပိဳင္ရာ ျပည္သူ႕လႊတ္ေတာ္သုံးေန ရာ၊ အမ်ိဳးသားလႊတ္ေတာ္ေလး ေနရာႏွင့္ ျပည္နယ္လႊတ္ေတာ္ ကိုးေနရာ အနိုင္ရရွိခဲ့ၿပီး ၂၀၁၅ေ႐ြးေကာက္ပြဲတြင္ ကိုယ္စားလွယ္ ၃၅ ေနရာ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ေသာ္လည္း ျပည္နယ္လႊတ္ ေတာ္ ကိုယ္စားလွယ္ တစ္ေနရာ သာ အနိုင္ရရွိသည္။

LEAVE A REPLY

Please enter your comment!
Please enter your name here