Unicode

အမျိုးသမီး ၂ ဦးအား ဓားနဲ့ခုတ်သူကို ရဲတပ်ဖွဲ့ဝင်တွေနဲ့ တာဝန်ရှိသူတွေ သွားရောက်တားမြစ်စဉ် ပြန်လည်ရန်ပြုတဲ့အတွက် Pump Action သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။

ဒီနေ့ မနက် ၇ နာရီခွဲက ကွမ်းခြံကုန်းမြို့နယ်၊ ကန်လျားရှည်ရွာနေ ဦးဖိုးချိုနေအိမ်ကို အလည်ရောက်နေတဲ့ ငရဲ (ခ) ရန်ကွိုင်း(၃၀ နှစ်)က ဦးဖိုးချိုနဲ့ ဇနီးဖြစ်သူဒေါ်ခင်သိန်းတို့ စကားပြောနေတုန်းမှာ တုတ်နဲ့ရိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ပြီးတော့ တူမဖြစ်သူ မလဲ့လဲ့ဝင်း ကိုလည်း ဓားမနဲ့ ခုတ်လို့ အသီးသီးဒဏ်ရာ ရရှိခဲ့ပါတယ်။ ကျေးရွာတာဝန်ရှိသူတွေက ထိန်းသိမ်းဖို့ သွားတဲ့အခါ ငရဲက ပြန်လည်ရန်ပြုတာကြောင့် ရဲတပ်ဖွဲ့ဝင်တွေက Pump Action သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ရတာပါ။

ငရဲဆိုသူဟာ ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်၊ မန်ဘူးရွာမှာ နေထိုင်ပြီး လွန်ခဲ့တဲ့ ၂ ရက်လောက်က ဦးဖိုးချိုအိမ်ကို အလည်လိုက်လာတာလို့ သိရပါတယ်။

ငရဲ(ခ)ရန်ကွိုင်းဟာ နေအိမ်အပေါ်ထပ်မှာ ဓားကိုင် ပုန်းအောင်းနေတာကြောင့် အိမ်အောက်ကို ဓားချ အဖမ်းခံဖို့ အကြိမ်ကြိမ်ပြောပေမယ့် အောက်ကို မဆင်းခဲ့ဘူးလို့ ထုတ်ပြန်ဖော်ပြထားပါတယ်။ ဒါကြောင့် ရဲတပ်ဖွဲ့ဝင်တွေက နေအိမ်အပေါ်ကိုတက်ပြီး ဖမ်းတဲ့အခါ ဓားနဲ့ခုတ်၊ ရန်ပြုခဲ့တာကြောင့် Pump Action သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့ ထုတ်ပြန်ပါတယ်။

ဒေါ်သိန်းမှာ ငရဲဓားနဲ့ ခုတ်တဲ့ ဒဏ်ရာကြောင့် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ ရရှိခဲ့ပြီး ဒေါ်ခင်သိန်းရဲ့ တူမဖြစ်သူ မလဲ့လဲ့ဝင်းမှာ ဦးခေါင်း နောက်စေ့ပြတ်ရှဒဏ်ရာ၊ အုတ်နီခဲနဲ့ ထုတာကြောင့် ငယ်ထိပ်ပေါက်ပြဲဒဏ်ရာ ရရှိခဲ့ပါတယ်။

ငရဲ(ခ)ရန်ကွိုင်းတွင် နဖူး၊ဝဲ/ယာလည်ပင်း၊ ဝဲနံစောင်းပွန်းပဲ့၊ ဝဲလက်ဖျံ၊ ဝဲပေါင်၊ ဝဲဒူး၊ ခြေထောက်၊ လက်၊ ပခုံးတို့တွင်ဒဏ်ရာရရှိခဲ့တဲ့အတွက် လက်ခုတ်ကုန်းပြည်သူ့ဆေးရုံကို ရဲတပ်ဖွဲ့ဝင်တွေက ပို့ဆောင်ကာ ဆေးကုသမှုခံယူနေပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေနဲ့ တာဝန်ရှိသူတွေကို ပြန်လည်ခုခံရန်ပြုသူ ငရဲ(ခ)ရန်ကွိုင်းကို ဥပဒေအရ ဆက်လက် အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

Zawgyi

အမ်ဳိးသမီး ၂ ဦးအား ဓားနဲ႔ခုတ္သူကို ရဲတပ္ဖြဲ႔၀င္ေတြန႔ဲ တာ၀န္ရွိသူေတြ သြားေရာက္တားျမစ္စဥ္ ျပန္လည္ရန္ျပဳတဲ့အတြက္ Pump Action ေသနတ္နဲ႔ ပစ္ခတ္ဖမ္းဆီးခဲ့တယ္လို႔ ျပည္ထဲေရးက သတင္းထုတ္ျပန္ပါတယ္။

ဒီေန႔ မနက္ ၇ နာရီခြဲက ကြမ္းၿခံကုန္းၿမိဳ႕နယ္၊ ကန္လ်ားရွည္ရြာေန ဦးဖိုးခ်ဳိေနအိမ္ကို အလည္ေရာက္ေနတ့ဲ ငရဲ (ခ) ရန္ကိြဳင္း(၃၀ ႏွစ္)က ဦးဖိုးခ်ိဳနဲ႔ ဇနီးျဖစ္သူေဒၚခင္သိန္းတို႔ စကားေျပာေနတုန္းမွာ တုတ္နဲ႔႐ိုက္ခဲ့တယ္လို႔ ဆိုပါတယ္။ ၿပီးေတာ့ တူမျဖစ္သူ မလဲ့လဲ့၀င္း ကိုလည္း ဓားမနဲ႔ ခုတ္လို႔ အသီးသီးဒဏ္ရာ ရရွိခဲ့ပါတယ္။ ေက်းရြာတာ၀န္ရွိသူေတြက ထိန္းသိမ္းဖို႔ သြားတဲ့အခါ ငရဲက ျပန္လည္ရန္ျပဳတာေၾကာင့္ ရဲတပ္ဖြဲ႔၀င္ေတြက Pump Action ေသနတ္နဲ႔ ပစ္ခတ္ဖမ္းဆီးခ့ဲရတာပါ။

ငရဲဆိုသူဟာ ရွမ္းျပည္နယ္ နမ့္ခမ္းၿမိဳ႕နယ္၊ မန္ဘူးရြာမွာ ေနထိုင္ၿပီး လြန္ခ့ဲတဲ့ ၂ ရက္ေလာက္က ဦးဖိုးခ်ိဳအိမ္ကို အလည္လိုက္လာတာလို႔ သိရပါတယ္။

ငရဲ(ခ)ရန္ကိြဳင္းဟာ ေနအိမ္အေပၚထပ္မွာ ဓားကိုင္ ပုန္းေအာင္းေနတာေၾကာင့္ အိမ္ေအာက္ကို ဓားခ် အဖမ္းခံဖို႔ အႀကိမ္ႀကိမ္ေျပာေပမယ့္ ေအာက္ကို မဆင္းခဲ့ဘူးလို႔ ထုတ္ျပန္ေဖာ္ျပထားပါတယ္။ ဒါေၾကာင့္ ရဲတပ္ဖြဲ႔ဝင္ေတြက ေနအိမ္အေပၚကိုတက္ၿပီး ဖမ္းတဲ့အခါ ဓားနဲ႔ခုတ္၊ ရန္ျပဳခဲ့တာေၾကာင့္ Pump Action ေသနတ္နဲ႔ ပစ္ခတ္ဖမ္းဆီးခဲ့ရတယ္လို႔ ထုတ္ျပန္ပါတယ္။

ေဒၚသိန္းမွာ ငရဲဓားနဲ႔ ခုတ္တဲ့ ဒဏ္ရာေၾကာင့္ ဦးေခါင္းေနာက္ေစ့ ေပါက္ၿပဲဒဏ္ရာ ရရွိခ့ဲၿပီး ေဒၚခင္သိန္းရဲ႕ တူမျဖစ္သူ မလ့ဲလ့ဲ၀င္းမွာ ဦးေခါင္း ေနာက္ေစ့ျပတ္ရွဒဏ္ရာ၊ အုတ္နီခဲနဲ႔ ထုတာေၾကာင့္ ငယ္ထိပ္ေပါက္ၿပဲဒဏ္ရာ ရရွိခဲ့ပါတယ္။

ငရဲ(ခ)ရန္ကိြဳင္းတြင္ နဖူး၊၀ဲ/ယာလည္ပင္း၊ ၀ဲနံေစာင္းပြန္းပဲ့၊ ၀ဲလက္ဖ်ံ၊ ၀ဲေပါင္၊ ၀ဲဒူး၊ ေျခေထာက္၊ လက္၊ ပခုံးတို႔တြင္ဒဏ္ရာရရွိခဲ့တဲ့အတြက္ လက္ခုတ္ကုန္းျပည္သူ႔ေဆး႐ုံကုိ ရဲတပ္ဖြဲ႔၀င္ေတြက ပို႔ေဆာင္ကာ ေဆးကုသမႈခံယူေနပါတယ္။

ရဲတပ္ဖြဲ႔၀င္ေတြနဲ႔ တာ၀န္ရွိသူေတြကို ျပန္လည္ခုခံရန္ျပဳသူ ငရဲ(ခ)ရန္ကိြဳင္းကို ဥပေဒအရ ဆက္လက္ အေရးယူေဆာင္ရြက္သြားမယ္လို႔ သိရပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here