Unicode

အိနိ္ဒယနိုင်ငံမှာ ရည်းစားဟောင်းက ငွေညှစ်လို့ သတို့သမီးလောင်းတဦး လက်မထပ်ခင် အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့ ရုပ်သံရိုက်ကာ ရည်းစားဟောင်းထံ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

အိနိ္ဒယနိုင်ငံအနောက်ပိုင်း မဟာရာဂျာပြည်နယ်က ရိုဟီနီရွာမှာ နီရှာဒီဗီဒါစ်ဆိုတဲ့ အမျိုးသမီးငယ်က လက်မထပ်ခင် ၁၀ ရက်အလို အဆိပ်သောက်ပြီး သတ်သေခဲ့တာပါ။

နီရှာဟာ ရိုဟီနီရွာရှိ သူမရဲ့အိမ်မှာ ဇန်နဝါရီ ၂၅ ရက်နေ့က သေဆုံးခဲ့တာဖြစ်ပြီး သူမရဲ့ ရည်းစားဟောင်းဖြစ်သူ နစ်က်ဟီလ်ဘိုကာက ငွေညှစ်ခဲ့တယ်လို့ နီရှာရဲ့အစ်ကို ရာဗီက ပြောပါတယ်။

နီရှာ အမည်းရောင်အရည်တွေ သောက်နေတဲ့ ရုပ်သံဖိုင်ကို ရည်းစားဟောင်းဖြစ်သူ ဘိုကာထံ ပို့ခဲ့တယ်လို့ သိရပြီး သတိလစ်သွားတဲ့ နီရှာကို ဘဟန်ဒါရာက ခရိုင်ဆေးရုံကို အမြန် ပို့ခဲ့ပေမယ့် ဆေးရုံရောက်ရောက်ချင်းမှာပဲ နီရှာ သေဆုံးသွားပါတယ်။

နီရှာရဲ့အစ်ကိုဖြစ်သူ ရာဗီက “ကျနော့်ညီမ မင်္ဂလာဆောင်က ဖေဖော်ရီ ၄ ရက်နေ့မှာပါ။ ဒါပေမယ့် သူမ လက်မထပ်ခင် ၁၀ ရက်အလိုမှာ သေသွားပြီ။ ကျနော့်ညီမ သေသွားတာ နစ်က်ဟီလ်ဘိုကာမှာ တာဝန်ရှိပါတယ်။ သူ ကျနော့်ညီမကို လက်ထပ်မယ် ယိုးမယ်ဖွဲ့ပြီး ဆွဲဆောင်ခဲ့တယ်။ သူမကို အသုံးချတယ်။ ပြီးတော့ သူမကို ငွေစညှစ်တော့တာပဲ” လို့ ဒေသခံသတင်းဌာနတွေကို ပြောခဲ့ပါတယ်။

ဆက်လက်ပြီး သူက “တကယ့်ကို စိတ်ပျက်စရာပါပဲ။ ကျနော့်ညီမ ပိုးသတ်ဆေးတွေ သောက်ခဲ့တာ၊ ကျနော် နစ်က်ဟီလ်ကို ချက်ချင်းဖမ်းစေချင်တယ်” လို့ ဆိုပါတယ်။

ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ ရဲတွေက စုံစမ်းစစ်ဆေးနေတယ်လို့ ပြောပြီး ဘိုကာကို မေးမြန်းခြင်း ရှိ မရှိတော့ မသိရသေးဘူးလို့ မေရာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

Zawgyi

အိႏိၵယႏုိင္ငံမွာ ရည္းစားေဟာင္းက ေငြညႇစ္လုိ႔ သတုိ႔သမီးေလာင္းတဦး လက္မထပ္ခင္ အဆိပ္ေသာက္ၿပီး ကိုယ့္ကိုယ္ကုိယ္သတ္ေသတဲ့ ႐ုပ္သံ႐ိုက္ကာ ရည္းစားေဟာင္းထံ ေပးပုိ႔ခဲ့တယ္လုိ႔ သိရပါတယ္။

အိႏိၵယႏုိင္ငံအေနာက္ပိုင္း မဟာရာဂ်ာျပည္နယ္က ႐ိုဟီနီရြာမွာ နီရွာဒီဗီဒါစ္ဆုိတဲ့ အမ်ိဳးသမီးငယ္က လက္မထပ္ခင္ ၁၀ ရက္အလုိ အဆိပ္ေသာက္ၿပီး သတ္ေသခဲ့တာပါ။

နီရွာဟာ ႐ုိဟီနီရြာရွိ သူမရဲ႕အိမ္မွာ ဇန္နဝါရီ ၂၅ ရက္ေန႔က ေသဆံုးခဲ့တာျဖစ္ၿပီး သူမရဲ႕ ရည္းစားေဟာင္းျဖစ္သူ နစ္က္ဟီလ္ဘုိကာက ေငြညႇစ္ခဲ့တယ္လုိ႔ နီရွာရဲ႕အစ္ကုိ ရာဗီက ေျပာပါတယ္။

နီရွာ အမည္းေရာင္အရည္ေတြ ေသာက္ေနတဲ့ ႐ုပ္သံဖုိင္ကုိ ရည္းစားေဟာင္းျဖစ္သူ ဘုိကာထံ ပုိ႔ခဲ့တယ္လုိ႔ သိရၿပီး သတိလစ္သြားတဲ့ နီရွာကုိ ဘဟန္ဒါရာက ခ႐ိုင္ေဆး႐ံုကုိ အျမန္ ပုိ႔ခဲ့ေပမယ့္ ေဆး႐ုံေရာက္ေရာက္ခ်င္းမွာပဲ နီရွာ ေသဆုံးသြားပါတယ္။

နီရွာရဲ႕အစ္ကုိျဖစ္သူ ရာဗီက “က်ေနာ့္ညီမ မဂၤလာေဆာင္က ေဖေဖာ္ရီ ၄ ရက္ေန႔မွာပါ။ ဒါေပမယ့္ သူမ လက္မထပ္ခင္ ၁၀ ရက္အလုိမွာ ေသသြားၿပီ။ က်ေနာ့္ညီမ ေသသြားတာ နစ္က္ဟီလ္ဘုိကာမွာ တာဝန္ရွိပါတယ္။ သူ က်ေနာ့္ညီမကို လက္ထပ္မယ္ ယုိးမယ္ဖြဲ႔ၿပီး ဆြဲေဆာင္ခဲ့တယ္။ သူမကုိ အသံုးခ်တယ္။ ၿပီးေတာ့ သူမကို ေငြစညႇစ္ေတာ့တာပဲ” လုိ႔ ေဒသခံသတင္းဌာနေတြကို ေျပာခဲ့ပါတယ္။

ဆက္လက္ၿပီး သူက “တကယ့္ကို စိတ္ပ်က္စရာပါပဲ။ က်ေနာ့္ညီမ ပုိးသတ္ေဆးေတြ ေသာက္ခဲ့တာ၊ က်ေနာ္ နစ္က္ဟီလ္ကုိ ခ်က္ခ်င္းဖမ္းေစခ်င္တယ္” လုိ႔ ဆုိပါတယ္။

ဒီအျဖစ္အပ်က္နဲ႔ ပတ္သက္လို႔ ရဲေတြက စံုစမ္းစစ္ေဆးေနတယ္လုိ႔ ေျပာၿပီး ဘုိကာကုိ ေမးျမန္းျခင္း ရွိ မရွိေတာ့ မသိရေသးဘူးလို႔ ေမရာသတင္းတပုုဒ္မွာေဖာ္ျပထားပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here