Unicode

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ စုအသက်မွေးဝမ်း ကျောင်းသိပ္ပံကို ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာမြို့နယ် (၇) ရပ်ကွက်၌ ဇန်နဝါရီ ၃၀ ရက် တွင် စတင်ဖွင့်လှစ်သည်။
စုအသက်မွေးဝမ်းကျောင်း သိပ္ပံဖွင့်ပွဲအခမ်းအနားကို ဇန်န ဝါရီ ၃၀ ရက်က ကျင်းပရာ ရန် ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တက်ရောက် ဖွင့်လှစ်ခဲ့သည်။

‘‘နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုး တက်ဖို့အတွက် အတတ်ပညာရှင်တွေ၊ ကျွမ်းကျင်တဲ့ပညာရှင် တွေကို မွေးထုတ်ပေးနိုင်ဖို့ သက်မွေးဝမ်းကျောင်းပညာရပ်တွေက တော့ လိုအပ်နေဆဲဖြစ်ပါတယ်။ ဒီအချိန် ဒီကာလဟာ ပညာရေး စနစ် ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ အ ချိန်အခါကောင်း ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အ နေနဲ့ ပညာရေးစနစ်ပြုပြင်ပြောင်း လဲရေး အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်နေသလို လူထုကြား မှာ အသက်မွေးဝမ်းကျောင်းပညာ ရပ်တွေကို သင်ကြားပေးနိုင်ဖို့ တစ်ဖက်က ကြိုးပမ်းပေးတာဖြစ် ပါတယ်’’ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပညာရေးကွန်ရက် (ဗဟို) က ဦးစီးဖွင့်လှစ်သည့် စုအသက် မွေးဝမ်းကျောင်းသိပ္ပံတွင် ကွန်ပျူ တာ၊ ဘာသာစကား၊ စက်ချုပ်သင်တန်း၊ မိုဘိုင်းဖုန်းပြုပြင်နည်း၊ ဝိုင်ယာရိန်း၊ လျှပ်စစ်ပြုပြင်နည်း စသည့်ပညာရပ်များကို အခမဲ့ဖွင့် လှစ်သင်ကြားပေးမည်ဖြစ်သည်။ သင်တန်းပြီးဆုံးပါက အသိအမှတ်ပြုလက်မှတ်ထုတ်ပေးပြီး လုပ် ငန်းခွင်သို့ ဝင်ရောက်နိုင်အောင် စီစဉ်ပေးမည်ဖြစ်သည်။

စုအသက်မွေးဝမ်းကျောင်း သိပ္ပံကို လှိုင်သာယာမြို့နယ်တွင် ရွေးချယ်ဖွင့်လှစ်ရခြင်းသည် မြေ အလှူရှင်ရှိခြင်း၊ စက်ရုံ၊ အလုပ်ရုံ အများဆုံးတည်ရှိနေပြီး အသက် မွေးဝမ်းကျောင်းပညာရပ် ကျွမ်း ကျင်သူများစွာ လိုအပ်နေခြင်း၊ လှိုင်သာယာမြို့နယ်အတွင်း နေ ထိုင်သူ လူငယ်များ အသက်မွေး ဝမ်းကျောင်းသင်တန်းပြီးဆုံးသည် နှင့် စက်ရုံ၊ အလုပ်ရုံများတွင် အ လုပ်အကိုင်အခွင့်အလမ်း ရရှိနိုင် ခြင်းများကြောင့်ဖြစ်ကြောင်း ရန် ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမောင်က ပြောကြားသည်။

သင်တန်းများသို့ အသက် (၁၇)နှစ်နှင့်အထက် မည်သူမဆို တက်ရောက်နိုင်ပြီး သင်တန်းတစ် ခုလျှင် ၃၀ ဦး လက်ခံမည်ဖြစ် သည်။ သင်တန်းမြေနေရာကို (ဦးအောင်သိန်း)၊ ဒေါ်လဲ့လဲ့ မိသားစုက လှူဒါန်းပြီး ဂျပန်နိုင်ငံTokai ကုမ္ပဏီ၏ ငွေကြေးလှူ ဒါန်းမှုဖြင့် ကျောင်းအဆောက်အုံ ကို ၂၀၁၇ က စတင်ဆောက်လုပ် ခဲ့သည်။ ကျောင်းအတွက် လိုအပ်သည့် သင်ထောက်ကူနှင့် ကွန်ပျူတာပစ္စည်းများကို MPT က လှူဒါန်းသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်၏ လမ်းညွှန်မှုဖြင့် စုအ သက်မွေးဝမ်းကျောင်းသိပ္ပံကို ဖွင့် လှစ်ခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက လည်း ၂၀၁၄ က ရန်ကုန်တိုင်း ဒေသကြီး ကော့မှူးမြို့နယ်တွင် ဟိုတယ်ဘာသာရပ်သင်တန်း ကျောင်း ဖွင့်လှစ်ထားသည်။

Zawgyi

အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္၏ စုအသက္ေမြးဝမ္း ေက်ာင္းသိပၸံကို ရန္ကုန္တုိင္း ေဒသႀကီး လိႈင္သာယာၿမိဳ႕နယ္ (၇) ရပ္ကြက္၌ ဇန္နဝါရီ ၃၀ ရက္ တြင္ စတင္ဖြင့္လွစ္သည္။
စုအသက္ေမြးဝမ္းေက်ာင္း သိပၸံဖြင့္ပြဲအခမ္းအနားကို ဇန္န ဝါရီ ၃၀ ရက္က က်င္းပရာ ရန္ ကုန္တုိင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက တက္ေရာက္ ဖြင့္လွစ္ခဲ့သည္။

‘‘ႏုိင္ငံေတာ္ႀကီး ဖြံ႕ၿဖိဳးတုိး တက္ဖို႔အတြက္ အတတ္ပညာရွင္ေတြ၊ ကြၽမ္းက်င္တဲ့ပညာရွင္ ေတြကို ေမြးထုတ္ေပးႏုိင္ဖို႔ သက္ေမြးဝမ္းေက်ာင္းပညာရပ္ေတြက ေတာ့ လိုအပ္ေနဆဲျဖစ္ပါတယ္။ ဒီအခ်ိန္ ဒီကာလဟာ ပညာေရး စနစ္ ျပဳျပင္ေျပာင္းလဲမႈေတြလုပ္ဖို႔ အ ခ်ိန္အခါေကာင္း ျဖစ္ပါတယ္။ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အ ေနနဲ႔ ပညာေရးစနစ္ျပဳျပင္ေျပာင္း လဲေရး အစြမ္းကုန္ ႀကိဳးပမ္း ေဆာင္ရြက္ေနသလို လူထုၾကား မွာ အသက္ေမြးဝမ္းေက်ာင္းပညာ ရပ္ေတြကို သင္ၾကားေပးႏုိင္ဖို႔ တစ္ဖက္က ႀကိဳးပမ္းေပးတာျဖစ္ ပါတယ္’’ဟု ဦးၿဖိဳးမင္းသိန္းက ေျပာသည္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ ခ်ဳပ္ ပညာေရးကြန္ရက္ (ဗဟို) က ဦးစီးဖြင့္လွစ္သည့္ စုအသက္ ေမြးဝမ္းေက်ာင္းသိပၸံတြင္ ကြန္ပ်ဴ တာ၊ ဘာသာစကား၊ စက္ခ်ဳပ္သင္တန္း၊ မိုဘုိင္းဖုန္းျပဳျပင္နည္း၊ ဝိုင္ယာရိန္း၊ လွ်ပ္စစ္ျပဳျပင္နည္း စသည့္ပညာရပ္မ်ားကို အခမဲ့ဖြင့္ လွစ္သင္ၾကားေပးမည္ျဖစ္သည္။ သင္တန္းၿပီးဆံုးပါက အသိအမွတ္ျပဳလက္မွတ္ထုတ္ေပးၿပီး လုပ္ ငန္းခြင္သုိ႔ ဝင္ေရာက္ႏုိင္ေအာင္ စီစဥ္ေပးမည္ျဖစ္သည္။

စုအသက္ေမြးဝမ္းေက်ာင္း သိပၸံကို လိႈင္သာယာၿမိဳ႕နယ္တြင္ ေရြးခ်ယ္ဖြင့္လွစ္ရျခင္းသည္ ေျမ အလွဴရွင္ရွိျခင္း၊ စက္႐ံု၊ အလုပ္႐ံု အမ်ားဆံုးတည္ရွိေနၿပီး အသက္ ေမြးဝမ္းေက်ာင္းပညာရပ္ ကြၽမ္း က်င္သူမ်ားစြာ လိုအပ္ေနျခင္း၊ လိႈင္သာယာၿမိဳ႕နယ္အတြင္း ေန ထိုင္သူ လူငယ္မ်ား အသက္ေမြး ဝမ္းေက်ာင္းသင္တန္းၿပီးဆံုးသည္ ႏွင့္ စက္႐ံု၊ အလုပ္႐ံုမ်ားတြင္ အ လုပ္အကိုင္အခြင့္အလမ္း ရရွိႏုိင္ ျခင္းမ်ားေၾကာင့္ျဖစ္ေၾကာင္း ရန္ ကုန္တုိင္းေဒသႀကီး လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးဝင္းေမာင္က ေျပာၾကားသည္။

သင္တန္းမ်ားသို႔ အသက္ (၁၇)ႏွစ္ႏွင့္အထက္ မည္သူမဆို တက္ေရာက္ႏုိင္ၿပီး သင္တန္းတစ္ ခုလွ်င္ ၃၀ ဦး လက္ခံမည္ျဖစ္ သည္။ သင္တန္းေျမေနရာကို (ဦးေအာင္သိန္း)၊ ေဒၚလဲ့လဲ့ မိသားစုက လွဴဒါန္းၿပီး ဂ်ပန္ႏုိင္ငံTokai ကုမၸဏီ၏ ေငြေၾကးလွဴ ဒါန္းမႈျဖင့္ ေက်ာင္းအေဆာက္အံု ကို ၂၀၁၇ က စတင္ေဆာက္လုပ္ ခဲ့သည္။ ေက်ာင္းအတြက္ လိုအပ္သည့္ သင္ေထာက္ကူႏွင့္ ကြန္ပ်ဴတာပစၥည္းမ်ားကို MPT က လွဴဒါန္းသည္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ ခ်ဳပ္ဥကၠ႒ ႏိုင္ငံေတာ္၏ အတုိင္ ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစု ၾကည္၏ လမ္းၫႊန္မႈျဖင့္ စုအ သက္ေမြးဝမ္းေက်ာင္းသိပၸံကို ဖြင့္ လွစ္ခဲ့ျခင္းျဖစ္သည္။

ေဒၚေအာင္ဆန္းစုၾကည္ ဥကၠ႒အျဖစ္ ေဆာင္ရြက္သည့္ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းက လည္း ၂၀၁၄ က ရန္ကုန္တုိင္း ေဒသႀကီး ေကာ့မွဴးၿမိဳ႕နယ္တြင္ ဟိုတယ္ဘာသာရပ္သင္တန္း ေက်ာင္း ဖြင့္လွစ္ထားသည္။

===========

7Day News Journal

LEAVE A REPLY

Please enter your comment!
Please enter your name here