Unicode

၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို လာမယ့်မတ်လ၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်ဖို့ ယာယီ ရက်သတ်မှတ်ထားကြောင်းကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုဥက္ကဋ္ဌ ဦးအေးကြူလေးကပြောပါတယ်။ အကယ်ဒမီထူးချွန်ဆုပေးပွဲကို ယာယီရက်သတ်မှတ်ပေးထားပြီး၊ ကျင်းပမယ့်နေရာကိုလည်း ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ Myanmar Event Park တွင် ကျင်းပသွားမယ်လို့သိရပါတယ်။

မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲတွင် အကယ်ဒမီစာရင်းဝင်ရုပ်ရှင်ဇာတ်ကား ၅၃ ကားရှိကာ အနုပညာရှင်များနဲ့ ပရိသတ်များ ရင်အခုန်ရဆုံးနှစ်တစ်နှစ်လည်း ဖြစ်မှာသေချာပါတယ်။၂၀၁၇ မှာ အကယ်ဒမီရွှေစင်ရုပ်တုကိုပိုင်ဆိုင်နိုင်ဖို့ ရေပန်းစားနေတဲ့အနုပညာရှင်တချို့လည်း ပေါ်ထွက်နေပြီဖြစ်ကာ အကယ်ဒမီဘုတ်အဖွဲ့အနေနဲ့လည်း တကယ်ကို ခေါင်းစားရမယ့်နှစ်တစ်နှစ်ဖြစ်မယ်လို့လည်း ဦးအေးကြူလေးကဆိုပါတယ်။

၂ဝ၁၇ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲကို မူလစည်းမျဉ်းစည်းကမ်းများနဲ့သာ ရွေးချယ်ချီးမြှင့်သွားမှာဖြစ်ကြောင်း၊ ရုပ်ရှင်ညီလာခံမှာ အကယ်ဒမီဆုပေးပွဲနဲ့ပတ်သက်ပြီး ရုပ်ရှင်လောကသားများ အကြံပြုဆွေးနွေးမှုများကို ၂ဝ၁၈ ခုနှစ် ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲမှသာ အကောင်အထည်ဖော်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

၂ဝ၁၇ ခုနှစ်အတွက် အကယ်ဒမီဆုရွေးချယ်စိစစ်ရေးအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ဒေါ်ဝါဝါဝင်းရွှေ၊ ဇာတ်ညွှန်းအလွှာ၊ ဒါရိုက်တာအလွှာ၊ သရုပ်ဆောင်အလွှာစတဲ့ ရုပ်ရှင်လောက သက်ဆိုင်ရာအလွှာ ၁၁ လွှာမှ အနုပညာရှင်များနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ယခုနှစ် အကယ်ဒမီထူးချွန်ဆုပေးပွဲတွင် ရုပ်ရှင်ထူးချွန်ဆု ၁၁ ဆုအပြင် တစ်သက်တာရုပ်ရှင်ဂုဏ်ထူးဆောင်ဆုကိုပါ ထည့်သွင်းချီးမြှင့်သွားမှာဖြစ်ပြီး၊ ထူးခြားမှုအနေဖြင့် ရွှေစင်ရွှေသား ကြယ်နှစ်ကျပ်သားမှ ငါးကျပ်သားအထိ တိုးမြှင့်ချီးမြှင့်မှာဖြစ်ကာ၊ တစ်သက်တာရုပ်ရှင်ဂုဏ်ထူးဆောင်ဆုအတွက် ရွှေစင်ရွှေကြယ်ငါးကျပ်သားအပြင် သက်ရှိထင်ရှားရှိစဉ်ကာလတွင် တစ်လလျှင် ငွေကျပ်ငါးသိန်း ထောက်ပံ့ချီးမြှင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Zawgyi

၂၀၁၇ ခုႏွစ္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုေပးပြဲကို လာမယ့္မတ္လ၂၃ ရက္ေန႕တြင္ က်င္းပျပဳလုပ္ဖို႔ ယာယီ ရက္သတ္မွတ္ထားေၾကာင္းကို ျမန္မာနိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံး ဒုဥကၠ႒ ဦးေအးၾကဴေလးကေျပာပါတယ္။ အကယ္ဒမီထူးခြၽန္ဆုေပးပြဲကို ယာယီရက္သတ္မွတ္ေပးထားၿပီး၊ က်င္းပမယ့္ေနရာကိုလည္း ရန္ကုန္ၿမိဳ႕၊ မင္းဓမၼလမ္းရွိ Myanmar Event Park တြင္ က်င္းပသြားမယ္လို႔သိရပါတယ္။

ျမန္မာ့႐ုပ္ရွင္အကယ္ဒမီထူးခြၽန္ဆုေပးပြဲတြင္ အကယ္ဒမီစာရင္းဝင္႐ုပ္ရွင္ဇာတ္ကား ၅၃ ကားရွိကာ အႏုပညာရွင္မ်ားနဲ႕ ပရိသတ္မ်ား ရင္အခုန္ရဆုံးႏွစ္တစ္ႏွစ္လည္း ျဖစ္မွာေသခ်ာပါတယ္။၂၀၁၇ မွာ အကယ္ဒမီေ႐ႊစင္႐ုပ္တုကိုပိုင္ဆိုင္နိုင္ဖို႔ ေရပန္းစားေနတဲ့အႏုပညာရွင္တခ်ိဳ႕လည္း ေပၚထြက္ေနၿပီျဖစ္ကာ အကယ္ဒမီဘုတ္အဖြဲ႕အေနနဲ႕လည္း တကယ္ကို ေခါင္းစားရမယ့္ႏွစ္တစ္ႏွစ္ျဖစ္မယ္လို႔လည္း ဦးေအးၾကဴေလးကဆိုပါတယ္။

၂ဝ၁၇ ခုႏွစ္အတြက္ အကယ္ဒမီထူးခြၽန္ဆုေပးပြဲကို မူလစည္းမ်ဥ္းစည္းကမ္းမ်ားနဲ႕သာ ေ႐ြးခ်ယ္ခ်ီးျမႇင့္သြားမွာျဖစ္ေၾကာင္း၊ ႐ုပ္ရွင္ညီလာခံမွာ အကယ္ဒမီဆုေပးပြဲနဲ႕ပတ္သက္ၿပီး ႐ုပ္ရွင္ေလာကသားမ်ား အႀကံျပဳေဆြးေႏြးမႈမ်ားကို ၂ဝ၁၈ ခုႏွစ္ ႐ုပ္ရွင္အကယ္ဒမီထူးခြၽန္ဆုေပးပြဲမွသာ အေကာင္အထည္ေဖာ္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

၂ဝ၁၇ ခုႏွစ္အတြက္ အကယ္ဒမီဆုေ႐ြးခ်ယ္စိစစ္ေရးအဖြဲ႕တြင္ ဥကၠ႒အျဖစ္ ေဒၚဝါဝါဝင္းေ႐ႊ၊ ဇာတ္ၫႊန္းအလႊာ၊ ဒါရိုက္တာအလႊာ၊ သ႐ုပ္ေဆာင္အလႊာစတဲ့ ႐ုပ္ရွင္ေလာက သက္ဆိုင္ရာအလႊာ ၁၁ လႊာမွ အႏုပညာရွင္မ်ားနဲ႕ ဖြဲ႕စည္းထားတဲ့ အဖြဲ႕အစည္းတစ္ခုျဖစ္ပါတယ္။ ယခုႏွစ္ အကယ္ဒမီထူးခြၽန္ဆုေပးပြဲတြင္ ႐ုပ္ရွင္ထူးခြၽန္ဆု ၁၁ ဆုအျပင္ တစ္သက္တာ႐ုပ္ရွင္ဂုဏ္ထူးေဆာင္ဆုကိုပါ ထည့္သြင္းခ်ီးျမႇင့္သြားမွာျဖစ္ၿပီး၊ ထူးျခားမႈအေနျဖင့္ ေ႐ႊစင္ေ႐ႊသား ၾကယ္ႏွစ္က်ပ္သားမွ ငါးက်ပ္သားအထိ တိုးျမႇင့္ခ်ီးျမႇင့္မွာျဖစ္ကာ၊ တစ္သက္တာ႐ုပ္ရွင္ဂုဏ္ထူးေဆာင္ဆုအတြက္ ေ႐ႊစင္ေ႐ႊၾကယ္ငါးက်ပ္သားအျပင္ သက္ရွိထင္ရွားရွိစဥ္ကာလတြင္ တစ္လလွ်င္ ေငြက်ပ္ငါးသိန္း ေထာက္ပံ့ခ်ီးျမႇင့္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here