Unicode

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ ဓါတ်ဆီပုလင်းဗုံး ပစ်သွင်းသူအား ဖမ်းဆီးရမိခဲ့ပြီဖြစ်ကြောင်း ဗဟန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တေ်ာကိုယ်စားလှယ် ဦးသောင်းထွဋ်က မဇ္ဈိမသို့အတည်ပြုပြောဆိုသည်။

“ဖမ်းမိတာတော့ ဟုတ်ပါတယ်။ အသေးစိတ်သိရအောင် စစ်ဆေးနေတုန်းလို့ သိထားတယ်။ မြောက်ဥက္ကလာပ ဘက်မှာမိတာလို့ သိရတယ်” ဟု ဦးသောင်းထွဋ်က ဆိုသည်။

အဆိုပါ ဓါတ်ဆီပုလင်းဗုံး ပစ်သွင်းသူသည် မြကျွန်းသာတွင် လုံခြုံရေးညစောင့်ဝန်ထမ်းလုပ်ကိုင်သူဖြစ်ပြီး ဒဂုံမြို့သစ်မြောက်ပိုင်းတွင် နေထိုင်သူဖြစ်ကာ ယနေ့ ဖေဖော်ဝါရီ နံနက် ၃ နာရီခန့်က ဖမ်းမိခဲ့သည်ဟု သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်ပြောရေးဆိုခွင့်ရှိသူ ရဲမှူးလှဝေအား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေဆိုခဲ့ခြင်း မရှိပေ။

ယမန်နေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်ခန့် ဗဟန်းမြို့နယ်၊ရွှေတောင်ကြား(၁) ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်း ၊ ခြံအမှတ် ၅၄ / ၅၆ ရှိ ခြံဝန်းအတွင်းသို့ တက္ကသိုလ်ရိပ်သာလမ်းပေါ်မှ မီးလောင်စေသည့် ဖန်ပုလင်း ၁ လုံးအား ပစ်သွင်းခဲ့သဖြင့် ခြံဝန်းအတွင်း ခြံစောင့်တဲအနီးရှိ ရေပိုက်တစ်ချောင်းမှာ မီးစွဲလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်ရပ်ဖြစ်ပွားခဲ့ပြီးနောက် ကျူးလွန်သူ၏ ပုံစံကို ရဲတပ်ဖွဲ့မှ ထုတ်ပြန်ကြေညာခဲ့သည်။

Zawgyi

နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၏ ေနအိမ္အတြင္းသို႔ ဓါတ္ဆီပုလင္းဗုံး ပစ္သြင္းသူအား ဖမ္းဆီးရမိခဲ့ၿပီျဖစ္ေၾကာင္း ဗဟန္းၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတ္ာကိုယ္စားလွယ္ ဦးေသာင္းထြဋ္က မဇၩိမသို႔အတည္ျပဳေျပာဆိုသည္။

“ဖမ္းမိတာေတာ့ ဟုတ္ပါတယ္။ အေသးစိတ္သိရေအာင္ စစ္ေဆးေနတုန္းလို႔ သိထားတယ္။ ေျမာက္ဥကၠလာပ ဘက္မွာမိတာလို႔ သိရတယ္” ဟု ဦးေသာင္းထြဋ္က ဆိုသည္။

အဆိုပါ ဓါတ္ဆီပုလင္းဗုံး ပစ္သြင္းသူသည္ ျမကြၽန္းသာတြင္ လုံၿခဳံေရးညေစာင့္ဝန္ထမ္းလုပ္ကိုင္သူျဖစ္ၿပီး ဒဂုံၿမိဳ႕သစ္ေျမာက္ပိုင္းတြင္ ေနထိုင္သူျဖစ္ကာ ယေန႕ ေဖေဖာ္ဝါရီ နံနက္ ၃ နာရီခန႔္က ဖမ္းမိခဲ့သည္ဟု သိရသည္။

ယင္းကိစၥႏွင့္ ပတ္သက္ၿပီး ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕ဝင္ေျပာေရးဆိုခြင့္ရွိသူ ရဲမႉးလွေဝအား ဖုန္းျဖင့္ ဆက္သြယ္ေမးျမန္းေသာ္လည္း ျပန္လည္ေျဖဆိုခဲ့ျခင္း မရွိေပ။

ယမန္ေန႕ ေဖေဖာ္ဝါရီလ ၁ ရက္ေန႕ နံနက္ ၆ နာရီခြဲအခ်ိန္ခန႔္ ဗဟန္းၿမိဳ႕နယ္၊ေ႐ႊေတာင္ၾကား(၁) ရပ္ကြက္၊ တကၠသိုလ္ရိပ္သာလမ္း ၊ ၿခံအမွတ္ ၅၄ / ၅၆ ရွိ ၿခံဝန္းအတြင္းသို႔ တကၠသိုလ္ရိပ္သာလမ္းေပၚမွ မီးေလာင္ေစသည့္ ဖန္ပုလင္း ၁ လုံးအား ပစ္သြင္းခဲ့သျဖင့္ ၿခံဝန္းအတြင္း ၿခံေစာင့္တဲအနီးရွိ ေရပိုက္တစ္ေခ်ာင္းမွာ မီးစြဲေလာင္ကြၽမ္းခဲ့ျခင္း ျဖစ္သည္။

အဆိုပါ ျဖစ္ရပ္ျဖစ္ပြားခဲ့ၿပီးေနာက္ က်ဴးလြန္သူ၏ ပုံစံကို ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ေၾကညာခဲ့သည္။

LEAVE A REPLY

Please enter your comment!
Please enter your name here