Unicode

မြောက်ဦးမြို့နယ် အုပ် ချုပ်ရေးမှူးဟောင်းကို AA လက် နက်ကိုင်အဖွဲ့က ကြိုတင်ကြံစည် လုပ်ကြံခြင်းဖြစ်ကြောင်း ပြည်ထဲ ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၅ ရက်တွင် သတင်းထုတ်ပြန် သည်။

မြောက်ဦးမြို့တွင် ၂၀၁၇ ဧပြီ ၈ ရက်က မြတန်ဆောင်ဘုန်း တော်ကြီးသင် ပညာရေးကျောင်း ၌ ရခိုင်တပ်မတော်ဖလား (AA CUP) ဘောလုံးပြိုင်ပွဲ ပြုလုပ်ရန် စီစဉ်မှုသည် ဥပဒေနှင့်မညီသ ဖြင့် တာဝန်ရှိသူများက အကြိမ် ကြိမ် တားဆီးသည်ကို လိုက်နာ မှုမရှိသောကြောင့် မတရားအ သင်းအက်ဥပဒေပုဒ်မ ၁၇(၁)အရ အရေးယူဆောင်ရွက်ခဲ့သည်။

ထို့အပြင် ၂၀၁၈ ဇန်နဝါရီ ၁၆ ရက်က ရခိုင်ဘုရင့်နိုင်ငံ အချုပ်အခြာအာဏာကျဆုံးခြင်း (၂၃၃)နှစ်ပြည့် ဝမ်းနည်းဖွယ် အခမ်းအနား ကျင်းပခွင့်မရရှိ ခြင်းကို အကြောင်းပြု၍ အကြမ်းဖက် အဖျက်လုပ်ရပ်များကြောင့် ရဲတပ်ဖွဲ့ဝင်များက ဥပဒေနှင့် အညီ ထိန်းသိမ်းတားဆီးမှုကို အခြေခံလျက် မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးတာဝန် ထမ်း ဆောင်ခဲ့ဖူးသူ ဦးဘိုဘိုမင်းသိုက်အား လုပ်ကြံသတ်ဖြတ်ရန် AA (ARAKAN ARMY) တရားမဝင် လက်နက်ကိုင်အဖွဲ့က ကြိုတင်ကြံစည် ဆောင်ရွက်မှုများ စစ်ဆေးတွေ့ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။

ဦးဘိုဘိုမင်းသိုက်သည် ဇန်နဝါရီ ၃၁ ရက်တွင် အသတ် ခံခဲ့ရပြီး သေဆုံးမှုနှင့် ပတ်သက်၍ မသင်္ကာသူ တိမ်ညိုကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော် မြင့်နှင့်ဇနီး၊ သားနှင့် ချွေးမတို့ကို ဖမ်းဆီးထားသည်။

ဦးကျော်မြင့် (ခ) ခိုင်ကျော် နှင့် ၎င်း၏သား ဦးမင်းသန်းထိုက် (ခ) မင်းသန်းဌေးတို့အား ရဲတပ်ဖွဲ့ မှ စစ်ကြောဖော်ထုတ်ခဲ့ရာ ဦး ကျော်မြင့်သည် ဇန်နဝါရီ ၂၅ ရက်တွင် တိမ်ညိုကျေးရွာ၌ AA အဖွဲ့ စည်းရုံးရေးမှူး ကိုလတ်၊ စပိုင်၊ ဇော်မျိုးအောင်တို့နှင့် ဦးဘိုဘိုမင်းသိုက်အား သတ်ဖြတ်ရန် တိုင်ပင်ခဲ့သည်။ ယင်းတို့နှင့်အတူ အိမ်နီးချင်း ဦးမျိုးချစ်အောင်လည်း ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့နောက် ဦးဘိုဘိုမင်း သိုက်ကို စစ်တွေမြို့သို့ ပြောင်းပါက ယာဉ်ဖြင့် လိုက်ပို့မည်ဖြစ် ကြောင်း ဦးကျော်မြင့်က ဖုန်းဆက် အကြောင်းကြားခဲ့သည်။ ဦးကျော် မြင့်သည် မြောက်ဦးမြို့နယ် အုပ် ချုပ်ရေးမှူးနှင့် ပုဂ္ဂိုလ်ရေးခင်မင် ကြောင်း ဒေသခံများက ပြော ကြားထားသည်။

ဦးဘိုဘိုမင်းသိုက်သည် ဇန်နဝါရီ ၂၈ နှင့် ၂၉ ရက်တွင် ပြောင်း မည်ဟု အကြောင်းပြန်ခဲ့ပြီး ယာဉ် မောင်းအဖြစ် ဦးမျိုးချစ်အောင်နှင့် ပစ္စည်းသယ်အဖော်အဖြစ် ဦးဇော် မျိုးအောင် လိုက်ပါရန် ဦးကျော် မြင့်က စီစဉ်ထားသည်။

သို့သော် ဦးဘိုဘိုမင်းသိုက် က ယင်းနေ့တွင်မသွားဖြစ်သဖြင့် ဦးကျော်မြင့်သည် ဦးမျိုးချစ် အောင်ကို ယာဉ်မောင်းအဖြစ် တာဝန်ပေးကာ ဇနီးနှင့်အတူ ရန်ကုန်မြို့သို့ ထွက်လာခဲ့သည်။

ထို့နောက် ဦးဘိုဘိုမင်းသိုက် သည် ဇန်နဝါရီ ၃၁ ရက် နေ့လယ် ၂ နာရီတွင် စစ်တွေမြို့သို့ ထွက်ခွာ မည်ဟု ဆက်သွယ်ခဲ့ရာ ပုဏ္ဏား ကျွန်းမြို့အဝင်၌ ဦးဘိုဘိုမင်း သိုက်၏ ဖုန်းများကို သိမ်းဆည်း ပြီး ဖမ်းဆီးခေါ်ဆောင်ရန် တိုင်ပင် ခဲ့သည်။

ဦးဘိုဘိုမင်းသိုက်နှင့်အတူ ယာဉ်ပေါ်တွင် မျိုးချစ်အောင်၊ စပိုင်နှင့် ဇော်မျိုးအောင်တို့ ပါလာခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ယင်းနေ့ ညနေ ၆ နာရီခွဲခန့် တွင် ပုဏ္ဏားကျွန်း မရောက်မီ ဦးဘိုဘိုမင်းသိုက်ထံမှ ဖုန်းများ သိမ်းဆည်းစဉ် ပြန်လည်ခုခံသ ဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်ကာ စပိုင်နှင့် ဇော်မျိုးအောင်တို့က ဓားဖြင့် ထိုးသတ်ပြီး ယာဉ်လည်း လမ်း ဘေးကျ တိမ်းမှောက်ခဲ့ကြောင်း ပြည်ထဲရေးက ထုတ်ပြန်သည်။

ထို့အပြင် ကျူးလွန်သူများ ဖြစ်သည့် ဦးကျော်မြင့်နှင့် ဦးမင်း သန်းဌေးတို့သည် မူးယစ်ဆေးဝါး များကို ရှမ်းပြည်နယ်မှ ဘူးသီး တောင်၊ မောင်တောဒေသသို့ ကော်မရှင်စားဖြင့် ဆက်သွယ်ရောင်းဝယ်ခြင်းနှင့် ကိုယ်တိုင်ဝယ်ယူရောင်းချခြင်းတို့ ဆောင်ရွက်ခဲ့ပြီး ရရှိသည့်ငွေကြေးများ ဖြင့် AA အဖွဲ့အတွက် လက်နက်ခဲယမ်းများ ဝယ်ယူစုဆောင်း သယ်ဆောင်ပေးခဲ့ကြောင်း ဖော်ပြသည်။

အမှုနှင့်ပတ်သက်၍ ဆက် လက်စုံစမ်းစစ်ဆေး ဆောင် ရွက်နေပြီး ပေါ်ပေါက်ချက်များ နှင့်အညီ ကွင်းဆက်တရားခံများ ကို ဖမ်းဆီး၍ သက်ဆိုင်ရာဥပဒေ များအရ အမှုဖွင့် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။

AA အဖွဲ့သည် ကေအိုင်အို ထိန်းချုပ်နယ်မြေ လိုင်ဇာတွင် အ ခြေစိုက်ပြီး အစိုးရနှင့် အပစ်အ ခတ်ရပ်စဲထားခြင်း မရှိသကဲ့သို့ တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA)တွင်လည်း ပါဝင်ခြင်းမရှိ ပေ။

7Day News Journal

Zawgyi

ေျမာက္ဦးၿမိဳ႕နယ္ အုပ္ ခ်ဳပ္ေရးမႉးေဟာင္းကို AA လက္ နက္ကိုင္အဖြဲ႕က ႀကိဳတင္ႀကံစည္ လုပ္ႀကံျခင္းျဖစ္ေၾကာင္း ျပည္ထဲ ေရးဝန္ႀကီးဌာနက ေဖေဖာ္ဝါရီ ၅ ရက္တြင္ သတင္းထုတ္ျပန္ သည္။

ေျမာက္ဦးၿမိဳ႕တြင္ ၂၀၁၇ ဧၿပီ ၈ ရက္က ျမတန္ေဆာင္ဘုန္း ေတာ္ႀကီးသင္ ပညာေရးေက်ာင္း ၌ ရခိုင္တပ္မေတာ္ဖလား (AA CUP) ေဘာလုံးၿပိဳင္ပြဲ ျပဳလုပ္ရန္ စီစဥ္မႈသည္ ဥပေဒႏွင့္မညီသ ျဖင့္ တာဝန္ရွိသူမ်ားက အႀကိမ္ ႀကိမ္ တားဆီးသည္ကို လိုက္နာ မႈမရွိေသာေၾကာင့္ မတရားအ သင္းအက္ဥပေဒပုဒ္မ ၁၇(၁)အရ အေရးယူေဆာင္႐ြက္ခဲ့သည္။

ထို႔အျပင္ ၂၀၁၈ ဇန္နဝါရီ ၁၆ ရက္က ရခိုင္ဘုရင့္နိုင္ငံ အခ်ဳပ္အျခာအာဏာက်ဆဳံးျခင္း (၂၃၃)ႏွစ္ျပည့္ ဝမ္းနည္းဖြယ္ အခမ္းအနား က်င္းပခြင့္မရရွိ ျခင္းကို အေၾကာင္းျပဳ၍ အၾကမ္းဖက္ အဖ်က္လုပ္ရပ္မ်ားေၾကာင့္ ရဲတပ္ဖြဲ႕ဝင္မ်ားက ဥပေဒႏွင့္ အညီ ထိန္းသိမ္းတားဆီးမႈကို အေျခခံလ်က္ ေျမာက္ဦးၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉးတာဝန္ ထမ္း ေဆာင္ခဲ့ဖူးသူ ဦးဘိုဘိုမင္းသိုက္အား လုပ္ႀကံသတ္ျဖတ္ရန္ AA (ARAKAN ARMY) တရားမဝင္ လက္နက္ကိုင္အဖြဲ႕က ႀကိဳတင္ႀကံစည္ ေဆာင္႐ြက္မႈမ်ား စစ္ေဆးေတြ႕ရွိခဲ့ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနက ထုတ္ျပန္ သည္။

ဦးဘိုဘိုမင္းသိုက္သည္ ဇန္နဝါရီ ၃၁ ရက္တြင္ အသတ္ ခံခဲ့ရၿပီး ေသဆုံးမႈႏွင့္ ပတ္သက္၍ မသကၤာသူ တိမ္ညိုေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးေဟာင္း ဦးေက်ာ္ ျမင့္ႏွင့္ဇနီး၊ သားႏွင့္ ေခြၽးမတို႔ကို ဖမ္းဆီးထားသည္။

ဦးေက်ာ္ျမင့္ (ခ) ခိုင္ေက်ာ္ ႏွင့္ ၎၏သား ဦးမင္းသန္းထိုက္ (ခ) မင္းသန္းေဌးတို႔အား ရဲတပ္ဖြဲ႕ မွ စစ္ေၾကာေဖာ္ထုတ္ခဲ့ရာ ဦး ေက်ာ္ျမင့္သည္ ဇန္နဝါရီ ၂၅ ရက္တြင္ တိမ္ညိုေက်း႐ြာ၌ AA အဖြဲ႕ စည္း႐ုံးေရးမႉး ကိုလတ္၊ စပိုင္၊ ေဇာ္မ်ိဳးေအာင္တို႔ႏွင့္ ဦးဘိုဘိုမင္းသိုက္အား သတ္ျဖတ္ရန္ တိုင္ပင္ခဲ့သည္။ ယင္းတို႔ႏွင့္အတူ အိမ္နီးခ်င္း ဦးမ်ိဳးခ်စ္ေအာင္လည္း ပါဝင္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

ထို႔ေနာက္ ဦးဘိုဘိုမင္း သိုက္ကို စစ္ေတြၿမိဳ႕သို႔ ေျပာင္းပါက ယာဥ္ျဖင့္ လိုက္ပို႔မည္ျဖစ္ ေၾကာင္း ဦးေက်ာ္ျမင့္က ဖုန္းဆက္ အေၾကာင္းၾကားခဲ့သည္။ ဦးေက်ာ္ ျမင့္သည္ ေျမာက္ဦးၿမိဳ႕နယ္ အုပ္ ခ်ဳပ္ေရးမႉးႏွင့္ ပုဂၢိဳလ္ေရးခင္မင္ ေၾကာင္း ေဒသခံမ်ားက ေျပာ ၾကားထားသည္။

ဦးဘိုဘိုမင္းသိုက္သည္ ဇန္နဝါရီ ၂၈ ႏွင့္ ၂၉ ရက္တြင္ ေျပာင္း မည္ဟု အေၾကာင္းျပန္ခဲ့ၿပီး ယာဥ္ ေမာင္းအျဖစ္ ဦးမ်ိဳးခ်စ္ေအာင္ႏွင့္ ပစၥည္းသယ္အေဖာ္အျဖစ္ ဦးေဇာ္ မ်ိဳးေအာင္ လိုက္ပါရန္ ဦးေက်ာ္ ျမင့္က စီစဥ္ထားသည္။

သို႔ေသာ္ ဦးဘိုဘိုမင္းသိုက္ က ယင္းေန႕တြင္မသြားျဖစ္သျဖင့္ ဦးေက်ာ္ျမင့္သည္ ဦးမ်ိဳးခ်စ္ ေအာင္ကို ယာဥ္ေမာင္းအျဖစ္ တာဝန္ေပးကာ ဇနီးႏွင့္အတူ ရန္ကုန္ၿမိဳ႕သို႔ ထြက္လာခဲ့သည္။

ထို႔ေနာက္ ဦးဘိုဘိုမင္းသိုက္ သည္ ဇန္နဝါရီ ၃၁ ရက္ ေန႕လယ္ ၂ နာရီတြင္ စစ္ေတြၿမိဳ႕သို႔ ထြက္ခြာ မည္ဟု ဆက္သြယ္ခဲ့ရာ ပုဏၰား ကြၽန္းၿမိဳ႕အဝင္၌ ဦးဘိုဘိုမင္း သိုက္၏ ဖုန္းမ်ားကို သိမ္းဆည္း ၿပီး ဖမ္းဆီးေခၚေဆာင္ရန္ တိုင္ပင္ ခဲ့သည္။

ဦးဘိုဘိုမင္းသိုက္ႏွင့္အတူ ယာဥ္ေပၚတြင္ မ်ိဳးခ်စ္ေအာင္၊ စပိုင္ႏွင့္ ေဇာ္မ်ိဳးေအာင္တို႔ ပါလာခဲ့ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာန ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပ ထားသည္။

ယင္းေန႕ ညေန ၆ နာရီခြဲခန႔္ တြင္ ပုဏၰားကြၽန္း မေရာက္မီ ဦးဘိုဘိုမင္းသိုက္ထံမွ ဖုန္းမ်ား သိမ္းဆည္းစဥ္ ျပန္လည္ခုခံသ ျဖင့္ ႐ုန္းရင္းဆန္ခတ္ျဖစ္ကာ စပိုင္ႏွင့္ ေဇာ္မ်ိဳးေအာင္တို႔က ဓားျဖင့္ ထိုးသတ္ၿပီး ယာဥ္လည္း လမ္း ေဘးက် တိမ္းေမွာက္ခဲ့ေၾကာင္း ျပည္ထဲေရးက ထုတ္ျပန္သည္။

ထို႔အျပင္ က်ဴးလြန္သူမ်ား ျဖစ္သည့္ ဦးေက်ာ္ျမင့္ႏွင့္ ဦးမင္း သန္းေဌးတို႔သည္ မူးယစ္ေဆးဝါး မ်ားကို ရွမ္းျပည္နယ္မွ ဘူးသီး ေတာင္၊ ေမာင္ေတာေဒသသို႔ ေကာ္မရွင္စားျဖင့္ ဆက္သြယ္ေရာင္းဝယ္ျခင္းႏွင့္ ကိုယ္တိုင္ဝယ္ယူေရာင္းခ်ျခင္းတို႔ ေဆာင္႐ြက္ခဲ့ၿပီး ရရွိသည့္ေငြေၾကးမ်ား ျဖင့္ AA အဖြဲ႕အတြက္ လက္နက္ခဲယမ္းမ်ား ဝယ္ယူစုေဆာင္း သယ္ေဆာင္ေပးခဲ့ေၾကာင္း ေဖာ္ျပသည္။

အမႈႏွင့္ပတ္သက္၍ ဆက္ လက္စုံစမ္းစစ္ေဆး ေဆာင္ ႐ြက္ေနၿပီး ေပၚေပါက္ခ်က္မ်ား ႏွင့္အညီ ကြင္းဆက္တရားခံမ်ား ကို ဖမ္းဆီး၍ သက္ဆိုင္ရာဥပေဒ မ်ားအရ အမႈဖြင့္ အေရးယူေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနက ထုတ္ျပန္ သည္။

AA အဖြဲ႕သည္ ေကအိုင္အို ထိန္းခ်ဳပ္နယ္ေျမ လိုင္ဇာတြင္ အ ေျခစိုက္ၿပီး အစိုးရႏွင့္ အပစ္အ ခတ္ရပ္စဲထားျခင္း မရွိသကဲ့သို႔ တစ္နိုင္ငံလုံး အပစ္ရပ္စာခ်ဳပ္ (NCA)တြင္လည္း ပါဝင္ျခင္းမရွိ ေပ။

7Day News Journal

LEAVE A REPLY

Please enter your comment!
Please enter your name here