Zawgyi

ခုလတ္တေလာ ဆိုရွယ္မီဒီယာေတြေပၚမွာ လူေျပာမ်ားေနတဲ့ ထူးဆန္းလူသတ္မႈ ျဖစ္စဥ္တစ္ရပ္ပါပဲ။ ဒါေပမယ့္ လြန္ခဲ့တဲ့ ဇန္နဝါရီလ ၁၉ရက္ေန႔က အင္ဒိုနီးရွားႏုိင္မွာပါ ျဖစ္ပြားခဲ့တဲ့ လူသတ္မႈတစ္ခုပါ။ လူသတ္ရတဲ့ အေၾကာင္းအရင္းက လူအမ်ားကိုတုန္လႈပ္သြားေစၿပီး ၾကားရသူအဖုိ႔ ငိုရမလို၊ ရယ္ရမလိုျဖစ္ေစခဲ့ပါတယ္။

ျဖစ္စဥ္ကေတာ့ အသက္ ၂၈ႏွစ္အရြယ္ အင္ဒိုနီးရွားႏုိင္ငံသားတစ္ဦးျဖစ္တဲ့ ဖာအစ္ အမည္ရ လူပ်ိဳႀကီးတစ္ဦးကို သူရဲ႕ အိမ္နီးခ်င္း ကိုယ္ဝန္ေဆာင္မိခင္တစ္ဦး ကေနၿပီး မိန္းမမယူေသးဘူးလားလို႔ ေမးလို႔ လူသတ္မႈ က်ဴးလြန္ခဲ့တယ္လုိ႔ သိရပါတယ္။ အသတ္ခံခဲ့ရတဲ့ အီရွာအမည္ရ ကိုယ္ဝန္ေဆာင္မိခင္က သူ႔ကို ေတြ႔တုိင္း မၾကာခဏ ဆိုသလို၊ မိန္းမယူေသးဘူးလားဆိုၿပီး ခဏခဏေမးေနလို႔ စိတ္အေႏွာင့္အယွက္ ျဖစ္ရတယ္လို႔ ဆိုပါတယ္။ ဒါ့ေၾကာင့္ သူနဲ႔အိမ္နီးခ်င္းအျဖစ္ ႏွစ္ေပါင္း အေတာ္ၾကာ ေနထိုင္ခဲ့တဲ့ အီရွာကို သတ္လိုက္တာလို႔ ဖာအစ္က ဝန္ခံခဲ့ပါတယ္။

လူသတ္မႈက်ဴးလြန္တဲ့ေန႔က ဖာအစ္တစ္ေယာက္ စိတ္မၾကည္ဘူးထင္ပါရဲ႕။ “ခုထိမိန္းမမယူ ေသးဘူးလား၊ သူမ်ားေတြေတာင္ယူကုန္ၾကၿပီ” လို႔ေျပာလိုက္တဲ့ ကိုယ္ဝန္ေဆာင္မိခင္ အီရွာရဲ႕ စကားကို မခံမရပ္ႏုိင္ျဖစ္ခဲ့ပါတယ္။ ဒီလိုနဲ႔ပဲ သူမအိမ္ကို လိုက္လည္မယ္လို႔ ေျပာၿပီး သူမရဲ႕ အိမ္ထဲမွာပဲ လူသတ္မႈ က်ဴးလြန္ခဲ့တာပါ။ သူ႔ရဲ႕ အားျပင္းတ့ဲလက္နဲ႔ အီရွာရဲ႕လည္ပင္းကို ညွစ္သတ္ခဲ့တာလို႔ ဖာအစ္က ထြက္ဆိုခဲ့ပါတယ္။

Unicode

ခုလတ်တလော ဆိုရှယ်မီဒီယာတွေပေါ်မှာ လူပြောများနေတဲ့ ထူးဆန်းလူသတ်မှု ဖြစ်စဉ်တစ်ရပ်ပါပဲ။ ဒါပေမယ့် လွန်ခဲ့တဲ့ ဇန်နဝါရီလ ၁၉ရက်နေ့က အင်ဒိုနီးရှားနိုင်မှာပါ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုတစ်ခုပါ။ လူသတ်ရတဲ့ အကြောင်းအရင်းက လူအများကိုတုန်လှုပ်သွားစေပြီး ကြားရသူအဖို့ ငိုရမလို၊ ရယ်ရမလို ဖြစ်စေခဲ့ပါတယ်။

ဖြစ်စဉ်ကတော့ အသက် ၂၈နှစ်အရွယ် အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးဖြစ်တဲ့ ဖာအစ် အမည်ရ လူပျိုကြီးတစ်ဦးကို သူရဲ့ အိမ်နီးချင်း ကိုယ်ဝန်ဆောင်မိခင်တစ်ဦး ကနေပြီး မိန်းမမယူသေးဘူးလားလို့ မေးလို့ လူသတ်မှု ကျူးလွန်ခဲ့တယ်လို့ သိရပါတယ်။ အသတ်ခံခဲ့ရတဲ့ အီရှာအမည်ရ ကိုယ်ဝန်ဆောင်မိခင်က သူ့ကို တွေ့တိုင်း မကြာခဏ ဆိုသလို၊ မိန်းမယူသေးဘူးလားဆိုပြီး ခဏခဏမေးနေလို့ စိတ်အနှောင့်အယှက် ဖြစ်ရတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် သူနဲ့အိမ်နီးချင်းအဖြစ် နှစ်ပေါင်း အတော်ကြာ နေထိုင်ခဲ့တဲ့ အီရှာကို သတ်လိုက်တာလို့ ဖာအစ်က ဝန်ခံခဲ့ပါတယ်။

လူသတ်မှုကျူးလွန်တဲ့နေ့က ဖာအစ်တစ်ယောက် စိတ်မကြည်ဘူးထင်ပါရဲ့။ “ခုထိမိန်းမမယူ သေးဘူးလား၊ သူများတွေတောင်ယူကုန်ကြပြီ” လို့ပြောလိုက်တဲ့ ကိုယ်ဝန်ဆောင်မိခင် အီရှာရဲ့ စကားကို မခံမရပ်နိုင်ဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ သူမအိမ်ကို လိုက်လည်မယ်လို့ ပြောပြီး သူမရဲ့ အိမ်ထဲမှာပဲ လူသတ်မှု ကျူးလွန်ခဲ့တာပါ။ သူ့ရဲ့ အားပြင်းတဲ့လက်နဲ့ အီရှာရဲ့လည်ပင်းကို ညှစ်သတ်ခဲ့တာလို့ ဖာအစ်က ထွက်ဆိုခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here