Unicode

ဧရာဝတီတိုင်းဒေသကြီး လေး မျက်နှာမြို့နယ် ဘိသလွန်ကျေးရွာ အုပ်စု ဗောဓိကျေးရွာတွင် ယခုလ ၄ ရက် (ဖေဖော်ဝါရီ ၄ ရက်) မွန်းတည့် ၁၂ နာရီခန့်က သုံးလောင်းပြိုင်လူသတ်မှု ဖြစ်ပွား ခဲ့ကြောင်း လေးမျက်နှာရဲတပ်ဖွဲ့ စခန်းမှ သိရသည်။
”တရားခံက ဦးနှောက်မ ကောင်းလို့ဖြစ်တာ။ ဖြစ်ဖြစ်ချင်း ၃၂၆ နဲ့ ဖွင့်တယ်။ ချက်ချင်းသေ တာမဟုတ်ဘူး”ဟု လေးမျက်နှာ မြို့နယ်ရဲတပ်ဖွဲ့စခန်းမှူး ဒုရဲမှူး စောလှက ပြောသည်။

ဖြစ်စဉ်မှာလေးမျက်နှာမြို့နယ် ဗောဓိ ကျေးရွာနေ ဦးတင်စိုး (၅ဝနှစ်) သည် ယခုလ ၄ရက် (ဖေဖော်ဝါရီ ၄ ရက်) မွန်းတည့် ၁၂နာရီခန့်က ဇနီးဖြစ် သူဒေါ်ခင်မာကြူ (၄၈နှစ်)နှင့်သမီး များဖြစ်ကြသော မအေးမူခိုင် (၂၂ နှစ်)၊မအေးမို့မို့ခိုင်(၁၈နှစ်)တို့နှင့် အတူယောက်ဖဝမ်းကွဲတော်စပ်သူ ဦးနေလင်း(၃ဝနှစ်)တို့နေအိမ်တွင် ရှိနေစဉ် လူတစ်ယောက်ရောက် လာပြီး ဦးတင်စိုး၏သားဖြစ်သူ ဝင်းကိုနိုင်နှင့်တွေ့လိုကြောင်းပြော ရာ ဦးတင်စိုးက အလုပ်သွားနေ၍ မရှိဘူးဟုပြောခဲ့ရာ ၎င်းက ခဏ ထိုင်ဦးမည်ပြောသဖြင့် ထိုင်ခိုင်း ခဲ့သည်။

ထို့နောက် ခဏအကြာ ဦးတင်စိုးမှာ နေအိမ်ခေါင်းရင်းရှိ ပဲမှော်စင်သို့ သွားရောက်စဉ် သမီး ဖြစ်သူမအေးမူခိုင်က ”ကယ်ကြ ပါဦး”ဟုအော်သံကြား၍ အိမ်ပေါ် တက်ကြည့်ရာ ထိုလူစိမ်းလက် ထဲတွင် အရိုးအသွား၂၂ လက်မ၊ ဗြက်နှစ်လက်မခန့်ရှိ ဓားတစ် ချောင်းကိုင်ထားသည်ကိုတွေ့ရပြီး နေလင်း၏ ဝဲလက်ကောက်တွင် ပြတ်ရှဒဏ်ရာတစ်ချက်(မစိုးရိမ်ရ)၊ ဒေါ်ခင်မာကြည်မှာ ဝမ်းဗိုက်ထိုး သွင်းဒဏ်ရာ တစ်ချက်(စိုးရိမ်ရ)၊ မအေးမို့မို့ခိုင်မှာဦးခေါင်းနောက်စေ့ ပြတ်ရှဒဏ်ရာတစ်ချက်(စိုးရိမ်ရ)နှင့် မအေးမူခိုင်မှာ ဝမ်းဗိုက်ထိုးသွင်း ဒဏ်ရာတစ်ချက်(စိုးရိမ်ရ)တို့ရရှိ လျက် လဲကျနေသည်ကိုတွေ့ရ၍ ရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း၊ လူနာများအား မွန်းတည့် ၁၂ နာရီ မိနစ် ၄ဝတွင် လေးမျက်နှာပြည် သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး မွန်းလွဲ ၁နာရီ၁၅မိနစ်တွင် စိုးရိမ်ရလူနာ သုံးဦးအား ဟင်္သာတဆေးရုံသို့ထပ် မံပို့ဆောင်ပေးခဲ့ရာ ဟင်္သာတ ဆေးရုံ၌ ညနေ ၆ နာရီခန့်တွင် သေဆုံးသွားခဲ့ကြောင်း ရဲမှတ်တမ်း များအရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တရားခံဖြစ်သူခင်မောင်ဝင်း(ခ) ကရင်လေး (၃၇နှစ်) ဒိုက်ပျက် အုပ်စု ကြံတောစုကျေးရွာ ကျုံပျော် မြို့နယ်နေသူအား ဖမ်းဆီးလျက် လေးမျက်နှာမြို့နယ် ရဲတပ်ဖွဲ့စခန်း မှ(ပ)၁၉/၂ဝ၁၈၊ရာဇသတ်ကြီး ပုဒ်မ ၃၂၆/၃ဝ၂တို့ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

မြတ်ဟိန်းကျော်(ကော့မှူး)

ThitHtooLwin

Zawgyi

ဧရာဝတီတိုင္းေဒသႀကီး ေလး မ်က္ႏွာၿမိဳ႕နယ္ ဘိသလြန္ေက်း႐ြာ အုပ္စု ေဗာဓိေက်း႐ြာတြင္ ယခုလ ၄ ရက္ (ေဖေဖာ္ဝါရီ ၄ ရက္) မြန္းတည့္ ၁၂ နာရီခန႔္က သုံးေလာင္းၿပိဳင္လူသတ္မႈ ျဖစ္ပြား ခဲ့ေၾကာင္း ေလးမ်က္ႏွာရဲတပ္ဖြဲ႕ စခန္းမွ သိရသည္။
”တရားခံက ဦးေႏွာက္မ ေကာင္းလို႔ျဖစ္တာ။ ျဖစ္ျဖစ္ခ်င္း ၃၂၆ နဲ႕ ဖြင့္တယ္။ ခ်က္ခ်င္းေသ တာမဟုတ္ဘူး”ဟု ေလးမ်က္ႏွာ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕စခန္းမႉး ဒုရဲမႉး ေစာလွက ေျပာသည္။

ျဖစ္စဥ္မွာေလးမ်က္ႏွာၿမိဳ႕နယ္ ေဗာဓိ ေက်း႐ြာေန ဦးတင္စိုး (၅ဝႏွစ္) သည္ ယခုလ ၄ရက္ (ေဖေဖာ္ဝါရီ ၄ ရက္) မြန္းတည့္ ၁၂နာရီခန႔္က ဇနီးျဖစ္ သူေဒၚခင္မာၾကဴ (၄၈ႏွစ္)ႏွင့္သမီး မ်ားျဖစ္ၾကေသာ မေအးမူခိုင္ (၂၂ ႏွစ္)၊မေအးမို႔မို႔ခိုင္(၁၈ႏွစ္)တို႔ႏွင့္ အတူေယာက္ဖဝမ္းကြဲေတာ္စပ္သူ ဦးေနလင္း(၃ဝႏွစ္)တို႔ေနအိမ္တြင္ ရွိေနစဥ္ လူတစ္ေယာက္ေရာက္ လာၿပီး ဦးတင္စိုး၏သားျဖစ္သူ ဝင္းကိုနိုင္ႏွင့္ေတြ႕လိုေၾကာင္းေျပာ ရာ ဦးတင္စိုးက အလုပ္သြားေန၍ မရွိဘူးဟုေျပာခဲ့ရာ ၎က ခဏ ထိုင္ဦးမည္ေျပာသျဖင့္ ထိုင္ခိုင္း ခဲ့သည္။

ထို႔ေနာက္ ခဏအၾကာ ဦးတင္စိုးမွာ ေနအိမ္ေခါင္းရင္းရွိ ပဲေမွာ္စင္သို႔ သြားေရာက္စဥ္ သမီး ျဖစ္သူမေအးမူခိုင္က ”ကယ္ၾက ပါဦး”ဟုေအာ္သံၾကား၍ အိမ္ေပၚ တက္ၾကည့္ရာ ထိုလူစိမ္းလက္ ထဲတြင္ အရိုးအသြား၂၂ လက္မ၊ ျဗက္ႏွစ္လက္မခန႔္ရွိ ဓားတစ္ ေခ်ာင္းကိုင္ထားသည္ကိုေတြ႕ရၿပီး ေနလင္း၏ ဝဲလက္ေကာက္တြင္ ျပတ္ရွဒဏ္ရာတစ္ခ်က္(မစိုးရိမ္ရ)၊ ေဒၚခင္မာၾကည္မွာ ဝမ္းဗိုက္ထိုး သြင္းဒဏ္ရာ တစ္ခ်က္(စိုးရိမ္ရ)၊ မေအးမို႔မို႔ခိုင္မွာဦးေခါင္းေနာက္ေစ့ ျပတ္ရွဒဏ္ရာတစ္ခ်က္(စိုးရိမ္ရ)ႏွင့္ မေအးမူခိုင္မွာ ဝမ္းဗိုက္ထိုးသြင္း ဒဏ္ရာတစ္ခ်က္(စိုးရိမ္ရ)တို႔ရရွိ လ်က္ လဲက်ေနသည္ကိုေတြ႕ရ၍ ရဲစခန္းသို႔ တိုင္ၾကားခဲ့ေၾကာင္း၊ လူနာမ်ားအား မြန္းတည့္ ၁၂ နာရီ မိနစ္ ၄ဝတြင္ ေလးမ်က္ႏွာျပည္ သူ႕ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ၿပီး မြန္းလြဲ ၁နာရီ၁၅မိနစ္တြင္ စိုးရိမ္ရလူနာ သုံးဦးအား ဟသၤာတေဆး႐ုံသို႔ထပ္ မံပို႔ေဆာင္ေပးခဲ့ရာ ဟသၤာတ ေဆး႐ုံ၌ ညေန ၆ နာရီခန႔္တြင္ ေသဆုံးသြားခဲ့ေၾကာင္း ရဲမွတ္တမ္း မ်ားအရ သိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ တရားခံျဖစ္သူခင္ေမာင္ဝင္း(ခ) ကရင္ေလး (၃၇ႏွစ္) ဒိုက္ပ်က္ အုပ္စု ႀကံေတာစုေက်း႐ြာ က်ဳံေပ်ာ္ ၿမိဳ႕နယ္ေနသူအား ဖမ္းဆီးလ်က္ ေလးမ်က္ႏွာၿမိဳ႕နယ္ ရဲတပ္ဖြဲ႕စခန္း မွ(ပ)၁၉/၂ဝ၁၈၊ရာဇသတ္ႀကီး ပုဒ္မ ၃၂၆/၃ဝ၂တို႔ျဖင့္ အမႈဖြင့္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရ သည္။

ျမတ္ဟိန္းေက်ာ္(ေကာ့မႉး)

ThitHtooLwin

LEAVE A REPLY

Please enter your comment!
Please enter your name here