Unicode

ဖိလစ်ပိုင်မှာ မှောင်ခိုတင်သွင်းလာတဲ့ တန်ဖိုးကြီး ဇိမ်ခံကား စီးရေပေါင်း ဒါဇင်နဲ့ချီကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်က အစိုးရအမိန့်နဲ့အတူ ဘူဒိုဇာတွေနဲ့ ထိုးခြေ ဖျက်စီးပစ်ခဲ့ပါတယ်။ ဒါဟာ နိုင်ငံမှာ အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်တဲ့ တစ်စိတ်တစ်ဒေသအနေနဲ့ လုပ်ဆောင်တာဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၆ ရက် က ပြုလုပ်တဲ့ တန်ဖိုးကြီး အကောင်းစား ဇိမ်ခံကားတွေကို ဖျက်စီးပစ်တဲ့ ပွဲအခမ်းအနားကိုတော့ ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးကိုယ်တိုင် တက်ရောက်အားပေးခဲ့ပါတယ်။

မြို့တော် မနီလာမှာ ရှိတဲ့ အကောက်ခွန်ရုံးဌာနဝင်းတစ်ခုမှာ ပြုလုပ်တဲ့ ယင်းအခမ်းအနားအတွင်း ဖျက်စီးခံရတဲ့ ဇိမ်ခံကားတွေထဲမှာ Jaguar ၊ Lexus ၊ Corvette Stingray နဲ့ အခြား အကောင်းစားကားတွေဖြစ်ကြတဲ့ ဂျာမန် Sedans နဲ့ ဂျပန် SUVs ကားတွေ ပါဝင်ခဲ့ကြပါတယ်။

ယင်း ကားတွေကတော့ ဖိလစ်ပိုင်နိုင်ငံထဲကို တရားမဝင်တဲ့ နည်းလမ်းနဲ့ မှောင်ခို ဝင်လာလို့ သိမ်းဆည်းရမိထားတဲ့ ကားတွေဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဒူတာတေး အမိန့်နဲ့အတူ ယခုတစ်ကြိမ် ဘူဒိုဇာနဲ့ ထိုးပစ်ဖျက်စီးခံရတဲ့ ဇိမ်ခံကားစီးရေပေါင်း ၃၀ ထိ ရှိခဲ့ပြီး တန်ဖိုးအားဖြင့်တော့ ကန်ဒေါ်လာ ၁ ဒသမ ၂ သန်း ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

ဖိလစ်ပိုင် သမ္မတ ဒူတာတေးကတော့ ၎င်းရဲ့ ရာထူးသက်တမ်းအတွင်း အကျင့်ပျက်ခြစားမှုကိုရော မူးယစ်ဆေးဝါးတွေအပေါ်မှာပါ ထိထိရောက်ရောက် တိုက်ဖျက်ချေမှုန်းနေလျက်ရှိသူဖြစ်ပါတယ်။

” ဒီ အကောင်းစား ကားတွေကို သတ္ထုတွေပဲ ပြန်လုပ်ပစ်စမ်းပါဗျာ၊ ဘာမှ မဖြစ်ပါဘူး၊ ကျုပ်တာဝန်ယူတယ်” ဆိုပြီး ယင်းအခမ်းအနားမှာ ဒူတာတေးက ပြောဆိုသွားပါတယ်။

Zawgyi

ဖိလစ္ပိုင္မွာ ေမွာင္ခိုတင္သြင္းလာတဲ့ တန္ဖိုးႀကီး ဇိမ္ခံကား စီးေရေပါင္း ဒါဇင္နဲ႕ခ်ီကို ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၆ ရက္က အစိုးရအမိန႔္နဲ႕အတူ ဘူဒိုဇာေတြနဲ႕ ထိုးေျခ ဖ်က္စီးပစ္ခဲ့ပါတယ္။ ဒါဟာ နိုင္ငံမွာ အက်င့္ပ်က္ျခစားမႈကို တိုက္ဖ်က္တဲ့ တစ္စိတ္တစ္ေဒသအေနနဲ႕ လုပ္ေဆာင္တာျဖစ္ပါတယ္။

ေဖေဖာ္ဝါရီ ၆ ရက္ က ျပဳလုပ္တဲ့ တန္ဖိုးႀကီး အေကာင္းစား ဇိမ္ခံကားေတြကို ဖ်က္စီးပစ္တဲ့ ပြဲအခမ္းအနားကိုေတာ့ ဖိလစ္ပိုင္ သမၼတ ရိုဒရီဂို ဒူတာေတးကိုယ္တိုင္ တက္ေရာက္အားေပးခဲ့ပါတယ္။

ၿမိဳ႕ေတာ္ မနီလာမွာ ရွိတဲ့ အေကာက္ခြန္႐ုံးဌာနဝင္းတစ္ခုမွာ ျပဳလုပ္တဲ့ ယင္းအခမ္းအနားအတြင္း ဖ်က္စီးခံရတဲ့ ဇိမ္ခံကားေတြထဲမွာ Jaguar ၊ Lexus ၊ Corvette Stingray နဲ႕ အျခား အေကာင္းစားကားေတြျဖစ္ၾကတဲ့ ဂ်ာမန္ Sedans နဲ႕ ဂ်ပန္ SUVs ကားေတြ ပါဝင္ခဲ့ၾကပါတယ္။

ယင္း ကားေတြကေတာ့ ဖိလစ္ပိုင္နိုင္ငံထဲကို တရားမဝင္တဲ့ နည္းလမ္းနဲ႕ ေမွာင္ခို ဝင္လာလို႔ သိမ္းဆည္းရမိထားတဲ့ ကားေတြျဖစ္တယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။

ဒူတာေတး အမိန႔္နဲ႕အတူ ယခုတစ္ႀကိမ္ ဘူဒိုဇာနဲ႕ ထိုးပစ္ဖ်က္စီးခံရတဲ့ ဇိမ္ခံကားစီးေရေပါင္း ၃၀ ထိ ရွိခဲ့ၿပီး တန္ဖိုးအားျဖင့္ေတာ့ ကန္ေဒၚလာ ၁ ဒသမ ၂ သန္း ဝန္းက်င္ရွိတယ္လို႔ သိရပါတယ္။

ဖိလစ္ပိုင္ သမၼတ ဒူတာေတးကေတာ့ ၎ရဲ႕ ရာထူးသက္တမ္းအတြင္း အက်င့္ပ်က္ျခစားမႈကိုေရာ မူးယစ္ေဆးဝါးေတြအေပၚမွာပါ ထိထိေရာက္ေရာက္ တိုက္ဖ်က္ေခ်မႈန္းေနလ်က္ရွိသူျဖစ္ပါတယ္။

” ဒီ အေကာင္းစား ကားေတြကို သတၳဳေတြပဲ ျပန္လုပ္ပစ္စမ္းပါဗ်ာ၊ ဘာမွ မျဖစ္ပါဘူး၊ က်ဳပ္တာဝန္ယူတယ္” ဆိုၿပီး ယင္းအခမ္းအနားမွာ ဒူတာေတးကေျပာဆိုသြားပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here