Unicode

ဟာသသရုပ်ဆောင် ဒိန်းဒေါင်၏ သမီးဖြစ်သူ မမြတ်နိုးဦး (ဒိန်းပိုပိုဒေါင်) အနေဖြင့် ယနေ့ (ဖေဖော်ဝါရီ ၇ ရက်) တွင် အမှုဖွင့်ခြင်းသည် နာမည်ကြီးချင်သည့်အတွက် အမှုဖွင့်ခြင်းဖြစ်သည်ဟု အမှုဖွင့်ခံရသည် ဗေဒင်ဆရာ အောင်ချစ်ပိုက မီဒီယာများ၏ မေးမြန်းချက်အား ပြန်လည်ဖြေကြားရာတွင် ပြောသည်။

ဗေဒင်ဆရာ အောင်ချစ်ပိုက စွပ်စွဲချက်များနှင့် ပတ်သက်ပြီး ငြင်းဆိုခဲ့ပြီး အဆိုပါစွပ်စွဲချက်များအပေါ် ပြန်လည် အမှုဖွင့်မဖွင့် ဆိုသည့်ကိစ္စအား သတင်းထောက်တစ်ဦးက မေးမြန်းရာတွင် ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အောင်ချစ်ပိုက ”ဒါက ဆရာပြောပြမယ်၊ ဘယ်သူအပေါ်မှ အာဃာတမထားဘူး။ သူသည် လွန်ခဲ့သည့် ၆ နှစ်ဆိုသည့် အတိုင်းအတာ မပြောနဲ့ဦး လွန်ခဲ့တဲ့တစ်နှစ်က ဖြစ်ခဲ့တယ်ဆိုတဲ့ မိန်းကလေးတွေ ပေါ်နေတယ်။ သူတို့တောင်မှ အခြေအမြစ် ခိုင်မာမှုမရှိဘူး။ ဟုတ်တယ်မဟုတ်ဘူးဆိုတာ မရှိဘူး။ လွန်ခဲ့တဲ့ ၆ နှစ်အတိုင်းအတာမှာ အခုမှ သူကစပြီး ဆယ်လီဖြစ်အောင်လို့ သူရဲကောင်းကြီး လုပ်တာလေ။ အရင်တုန်းက ဒိန်းဒေါင်းသမီး ဒိန်းပိုပိုဒေါင်ဆိုတာ ဘယ်သူမှမသိဘူး။ သူဖြစ်ချင်တဲ့ကိစ္စသည် သူသက်သက် အသားဝင်ယူသွားတာ။ ဒါပေမယ့် သူ့အပေါ်လည်း ချစ်ခြင်းမုန်းခြင်း မရှိဘူး။ ဘုရားဟောတရားမှာ ရှိတယ်လေ။ ကံ ကံရဲ့အကျိုး ဝဋ်ကြွေးရှိလို့ ခံရတာပါပဲ။ ကိုယ်ကြောင့် သူနာမည်တက်သွားတယ် ဆိုရင်လည်း ကိုယ်ဝမ်းသာတယ်။ ကိုယ့်ကိုခုတုံးလုပ်ပြီး နာမည်ကြီးသွားမလား၊ ကိုယ်ဝမ်းသာတယ်။ သူ့အပေါ် ဘာမှ အနှောင့်အယှက် မပေးဘူး။ တရားဥပဒေလမ်းကြောင်းက ဆရာနဲ့မဆိုင်ဘူး။ ဆရာရှေ့ကပဲ လုပ်သွားမှာဖြစ်တယ်” ဟု ပြောသည်။

အမှုဖွင့်သည့် မိန်းကလေးများပြောသည့် ဆီလူးပေးခြင်းဆိုခြင်းမှာ မဟုတ်ကြောင်း အရောင်းအဝယ် ကောင်းရန်အတွက် ဆေးစီရင်ထားသည့် ဆီမွှေးပုလင်းများကိုသာ ပေးခြင်းဖြစ်ကြောင်း၊ ဟောခန်းတွင် သုံးသည်အမွှေးရနံ့ ဆိုသည်မှာ ဗေဒင်ဆရာအများစု အသုံးပြုသည့် လော်ဗန်အမွှေးရနံ့ကိုသာ အသုံးပြုခြင်း ဖြစ်ကြောင်း နှင့် ယခုအမှုကိစ္စနှင့် ပတ်သက်ပြီး ရှေ့နေကိုသာ လွှဲအပ်ထားကြောင်း ဆက်လက်ပြောသည်။

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ကိုးထပ်ကြီးဘုရားတွင် ဟောခန်းဖွင့်၍ ဗေဒင်ဟောနေသော ဗေဒင်ဆရာ အောင်ချစ်ပိုကို သရုပ်ဆောင်ဒိန်းဒေါင်၏ သမီးဖြစ်သူ မမြတ်နိုးဦး (ဒိန်းပိုပိုဒေါင်) စမ်းချောင်းမြို့နယ် ရဲစခန်းတွင် ပုဒ်မ ၂ ခုဖြင့် အမှုဖွင့်ခဲ့သည်။ ဗေဒင်ဆရာ အောင်ချစ်ပိုကို ကာအိနြေ္ဒပျက်စီးရန် ကိုယ်ထိ လက်ရောက်ကျူးလွန်ခြင်း နှင့် နှုတ်ဖြင့် ကျူးလွန်ခြင်းကြောင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၅၄ နှင့် ပုဒ်မ ၅၀၉ တို့ဖြင့် ဖေဖော်ဝါရီ ၇ ရက်နေ့တွင် အမှုဖွင့်ခဲ့ကြောင်း သိရသည်။

အဆိုပါအမှုနှင့်ပတ်သက်ပြီး စမ်းချောင်းမြို့နယ်ရဲစခန်းက ပြစ်မှုအမှတ် (ပ) ၅၄/၂၀၁၈ ၊ ရာဇသတ်ကြီး ပုဒ်မ ၃၅၄ / ၅၀၆ ဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။

Zawgyi

ဟာသသ႐ုပ္ေဆာင္ ဒိန္းေဒါင္၏ သမီးျဖစ္သူ မျမတ္နိုးဦး (ဒိန္းပိုပိုေဒါင္) အေနျဖင့္ ယေန႕ (ေဖေဖာ္ဝါရီ ၇ ရက္) တြင္ အမႈဖြင့္ျခင္းသည္ နာမည္ႀကီးခ်င္သည့္အတြက္ အမႈဖြင့္ျခင္းျဖစ္သည္ဟု အမႈဖြင့္ခံရသည္ ေဗဒင္ဆရာ ေအာင္ခ်စ္ပိုက မီဒီယာမ်ား၏ ေမးျမန္းခ်က္အား ျပန္လည္ေျဖၾကားရာတြင္ ေျပာသည္။


ေဗဒင္ဆရာ ေအာင္ခ်စ္ပိုက စြပ္စြဲခ်က္မ်ားႏွင့္ ပတ္သက္ၿပီး ျငင္းဆိုခဲ့ၿပီး အဆိုပါစြပ္စြဲခ်က္မ်ားအေပၚ ျပန္လည္ အမႈဖြင့္မဖြင့္ ဆိုသည့္ကိစၥအား သတင္းေထာက္တစ္ဦးက ေမးျမန္းရာတြင္ ျပန္လည္ေျဖၾကားခဲ့ျခင္း ျဖစ္သည္။

ေအာင္ခ်စ္ပိုက ”ဒါက ဆရာေျပာျပမယ္၊ ဘယ္သူအေပၚမွ အာဃာတမထားဘူး။ သူသည္ လြန္ခဲ့သည့္ ၆ ႏွစ္ဆိုသည့္ အတိုင္းအတာ မေျပာနဲ႕ဦး လြန္ခဲ့တဲ့တစ္ႏွစ္က ျဖစ္ခဲ့တယ္ဆိုတဲ့ မိန္းကေလးေတြ ေပၚေနတယ္။ သူတို႔ေတာင္မွ အေျခအျမစ္ ခိုင္မာမႈမရွိဘူး။ ဟုတ္တယ္မဟုတ္ဘူးဆိုတာ မရွိဘူး။ လြန္ခဲ့တဲ့ ၆ ႏွစ္အတိုင္းအတာမွာ အခုမွ သူကစၿပီး ဆယ္လီျဖစ္ေအာင္လို႔ သူရဲေကာင္းႀကီး လုပ္တာေလ။ အရင္တုန္းက ဒိန္းေဒါင္းသမီး ဒိန္းပိုပိုေဒါင္ဆိုတာ ဘယ္သူမွမသိဘူး။ သူျဖစ္ခ်င္တဲ့ကိစၥသည္ သူသက္သက္ အသားဝင္ယူသြားတာ။ ဒါေပမယ့္ သူ႕အေပၚလည္း ခ်စ္ျခင္းမုန္းျခင္း မရွိဘူး။ ဘုရားေဟာတရားမွာ ရွိတယ္ေလ။ ကံ ကံရဲ႕အက်ိဳး ဝဋ္ေႂကြးရွိလို႔ ခံရတာပါပဲ။ ကိုယ္ေၾကာင့္ သူနာမည္တက္သြားတယ္ ဆိုရင္လည္း ကိုယ္ဝမ္းသာတယ္။ ကိုယ့္ကိုခုတုံးလုပ္ၿပီး နာမည္ႀကီးသြားမလား၊ ကိုယ္ဝမ္းသာတယ္။ သူ႕အေပၚ ဘာမွ အေႏွာင့္အယွက္ မေပးဘူး။ တရားဥပေဒလမ္းေၾကာင္းက ဆရာနဲ႕မဆိုင္ဘူး။ ဆရာေရွ႕ကပဲ လုပ္သြားမွာျဖစ္တယ္” ဟု ေျပာသည္။

အမႈဖြင့္သည့္ မိန္းကေလးမ်ားေျပာသည့္ ဆီလူးေပးျခင္းဆိုျခင္းမွာ မဟုတ္ေၾကာင္း အေရာင္းအဝယ္ ေကာင္းရန္အတြက္ ေဆးစီရင္ထားသည့္ ဆီေမႊးပုလင္းမ်ားကိုသာ ေပးျခင္းျဖစ္ေၾကာင္း၊ ေဟာခန္းတြင္ သုံးသည္အေမႊးရနံ႕ ဆိုသည္မွာ ေဗဒင္ဆရာအမ်ားစု အသုံးျပဳသည့္ ေလာ္ဗန္အေမႊးရနံ႕ကိုသာ အသုံးျပဳျခင္း ျဖစ္ေၾကာင္း ႏွင့္ ယခုအမႈကိစၥႏွင့္ ပတ္သက္ၿပီး ေရွ႕ေနကိုသာ လႊဲအပ္ထားေၾကာင္း ဆက္လက္ေျပာသည္။

ရန္ကုန္ၿမိဳ႕ စမ္းေခ်ာင္းၿမိဳ႕နယ္ ကိုးထပ္ႀကီးဘုရားတြင္ ေဟာခန္းဖြင့္၍ ေဗဒင္ေဟာေနေသာ ေဗဒင္ဆရာ ေအာင္ခ်စ္ပိုကို သ႐ုပ္ေဆာင္ဒိန္းေဒါင္၏ သမီးျဖစ္သူ မျမတ္နိုးဦး (ဒိန္းပိုပိုေဒါင္) စမ္းေခ်ာင္းၿမိဳ႕နယ္ ရဲစခန္းတြင္ ပုဒ္မ ၂ ခုျဖင့္ အမႈဖြင့္ခဲ့သည္။ ေဗဒင္ဆရာ ေအာင္ခ်စ္ပိုကို ကာအိေျနၵပ်က္စီးရန္ ကိုယ္ထိ လက္ေရာက္က်ဴးလြန္ျခင္း ႏွင့္ ႏႈတ္ျဖင့္ က်ဴးလြန္ျခင္းေၾကာင့္ ျပစ္မႈဆိုင္ရာ ဥပေဒပုဒ္မ ၃၅၄ ႏွင့္ ပုဒ္မ ၅၀၉ တို႔ျဖင့္ ေဖေဖာ္ဝါရီ ၇ ရက္ေန႕တြင္ အမႈဖြင့္ခဲ့ေၾကာင္း သိရသည္။

အဆိုပါအမႈႏွင့္ပတ္သက္ၿပီး စမ္းေခ်ာင္းၿမိဳ႕နယ္ရဲစခန္းက ျပစ္မႈအမွတ္ (ပ) ၅၄/၂၀၁၈ ၊ ရာဇသတ္ႀကီး ပုဒ္မ ၃၅၄ / ၅၀၆ ျဖင့္ အမႈဖြင့္ခဲ့ေၾကာင္း သိရသည္။

LEAVE A REPLY

Please enter your comment!
Please enter your name here