Unicode

ဘရာဇီးလ်နိုင်ငံက အမျိုးသားတစ်ဦးဟာ ကိုယ်ခံပညာ တတ်ကျွမ်းတဲ့ အမျိုးသမီးတစ်ဦးထံကနေ ပစ္စည်းလုယူဖို့ ကြိုးစားခဲ့တာကြောင့် အဖြစ်ဆိုးနဲ့ ကြုံတွေ့သွားခဲ့ကြောင်း သိရပါတယ်။ ဘရာဇီးလ်နိုင်ငံ အနောက်ပိုင်း၊ အကိုင်လာ ဒိုင်ယာမြို့မှာ အေအာဂျို အမည်ရ အမျိုးသားတစ်ဦးဟာ အဖော်ဖြစ်သူနဲ့ အမျိုးသမီးတစ်ဦးထံကနေ ပစ္စည်းလုဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ အမျိုးသမီးဖြစ်သူဟာ ကိုယ်ခံပညာ တတ်ကျွမ်းပြီး အသတ်အပုတ် ပြိုင်ပွဲတွေမှာ ချန်ပီယံဆုတွေ ရရှိခဲ့ဖူးတာကြောင့် ပစ္စည်းလုယူဖို့ ကြိုးစားတဲ့ အမျိုးသားဟာ အဖြစ်ဆိုးနဲ့ ကြုံခဲ့ရတာ ဖြစ်ပါတယ်။ အမျိုးသမီးဖြစ်သူဟာ ဘက်စ်တ့ိုစ်လို့ အမည်ရပြီး ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲဖြစ်တဲ့ MMA ပြိုင်ပွဲမှာ ချန်ပီယံ ခြောက်ကြိမ် ရရှိထားသူ ဖြစ်ပါတယ်။

ပစ္စည်းလုယက်သူဟာ ဘက်စ်တို့စ်ထံမှ ဖုန်းကို လုယူဖို့ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ဘက်စ်တ့ိုစ်ဟာ ပစ္စည်းလုယူသူကို ထိန်းချုပ် ကိုင်ပေါက်ခဲ့ပြီး လည်ပင်းကို ခြေထောက်နဲ့ မိနစ် (၂၀) လောက် ညှပ်ထားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာမှသာ ပြန်လည် လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ ပစ္စည်းလုယူသူဟာ အလွန်ထိတ်လန့်ခဲ့ပြီး ကိုင်ချုပ်ခံထားရစဉ် ကယ်တင်ဖို့ အကူအညီ တောင်းခံခဲ့ပါတယ်။

ပါးစပ်ထဲကနေ အကုန်လုံးကို တိုင်တည်ပြီး အကူအညီ တောင်းခံခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေသာ အချိန်မီ ရောက်မလာရင် လည်ပင်းကျိုးသွားနိုင်ဖွယ် ရှိနေပါတယ်။ အသက် (၂၃) နှစ် အရွယ်သာရှိသေးတဲ့ ဘက်စ်တ့ိုစ်က မိမိ၏ဖုန်းကို လုယူသွားခြင်းကြောင့် ပြန်လည် ရယူခြင်းဖြစ်ကြောင်း ၊ ပစ္စည်းလုယူသူကို မြေကြီးပေါ်မှာ လဲကျပြီး ထိန်းချုပ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ပစ္စည်းလုယူသူကတော့ ပြစ်မူကျူးလွန်ခဲ့ခြင်း မရှိကြောင်း ထွက်ဆိုထားပါတယ်။ ကိုယ်ခံပညာ တတ်ကျွမ်းတဲ့သူကိုမှ ပစ်မှတ်ထားပြီး ပစ္စည်းလုခဲ့တဲ့ အေအာချိုကတော့ မှတ်လောက်သားလောက် ရှိသွားပြီး မိန်းကလေးဆိုပြီး အထင်သေးတာကြောင့် ပြန်လည် တိုက်ခိုက်ခြင်း ခံလိုက်ရတာ ဖြစ်ပါတယ်။

Zawgyi

ဘရာဇီးလ္နိုင္ငံက အမ်ိဳးသားတစ္ဦးဟာ ကိုယ္ခံပညာ တတ္ကြၽမ္းတဲ့ အမ်ိဳးသမီးတစ္ဦးထံကေန ပစၥည္းလုယူဖို႔ ႀကိဳးစားခဲ့တာေၾကာင့္ အျဖစ္ဆိုးနဲ႕ ႀကဳံေတြ႕သြားခဲ့ေၾကာင္း သိရပါတယ္။ ဘရာဇီးလ္နိုင္ငံ အေနာက္ပိုင္း၊ အကိုင္လာ ဒိုင္ယာၿမိဳ႕မွာ ေအအာဂ်ိဳ အမည္ရ အမ်ိဳးသားတစ္ဦးဟာ အေဖာ္ျဖစ္သူနဲ႕ အမ်ိဳးသမီးတစ္ဦးထံကေန ပစၥည္းလုဖို႔ ႀကိဳးစားခဲ့တာျဖစ္ပါတယ္။

ဒါေပမဲ့ အမ်ိဳးသမီးျဖစ္သူဟာ ကိုယ္ခံပညာ တတ္ကြၽမ္းၿပီး အသတ္အပုတ္ ၿပိဳင္ပြဲေတြမွာ ခ်န္ပီယံဆုေတြ ရရွိခဲ့ဖူးတာေၾကာင့္ ပစၥည္းလုယူဖို႔ ႀကိဳးစားတဲ့ အမ်ိဳးသားဟာ အျဖစ္ဆိုးနဲ႕ ႀကဳံခဲ့ရတာ ျဖစ္ပါတယ္။ အမ်ိဳးသမီးျဖစ္သူဟာ ဘက္စ္တ့ိုစ္လို႔ အမည္ရၿပီး ကိုယ္ခံပညာ သိုင္းေပါင္းစုံ ၿပိဳင္ပြဲျဖစ္တဲ့ MMA ၿပိဳင္ပြဲမွာ ခ်န္ပီယံ ေျခာက္ႀကိမ္ ရရွိထားသူ ျဖစ္ပါတယ္။

ပစၥည္းလုယက္သူဟာ ဘက္စ္တို႔စ္ထံမွ ဖုန္းကို လုယူဖို႔ႀကိဳးစားခဲ့တာ ျဖစ္ပါတယ္။ ဘက္စ္တ့ိုစ္ဟာ ပစၥည္းလုယူသူကို ထိန္းခ်ဳပ္ ကိုင္ေပါက္ခဲ့ၿပီး လည္ပင္းကို ေျခေထာက္နဲ႕ မိနစ္ (၂၀) ေလာက္ ညွပ္ထားခဲ့ပါတယ္။ ရဲတပ္ဖြဲ႕ဝင္ေတြ ေရာက္လာမွသာ ျပန္လည္ လႊတ္ေပးလိုက္တာ ျဖစ္ပါတယ္။ ပစၥည္းလုယူသူဟာ အလြန္ထိတ္လန႔္ခဲ့ၿပီး ကိုင္ခ်ဳပ္ခံထားရစဥ္ ကယ္တင္ဖို႔ အကူအညီ ေတာင္းခံခဲ့ပါတယ္။

ပါးစပ္ထဲကေန အကုန္လုံးကို တိုင္တည္ၿပီး အကူအညီ ေတာင္းခံခဲ့တာျဖစ္ၿပီး ရဲတပ္ဖြဲ႕ဝင္ေတြသာ အခ်ိန္မီ ေရာက္မလာရင္ လည္ပင္းက်ိဳးသြားနိုင္ဖြယ္ ရွိေနပါတယ္။ အသက္ (၂၃) ႏွစ္ အ႐ြယ္သာရွိေသးတဲ့ ဘက္စ္တ့ိုစ္က မိမိ၏ဖုန္းကို လုယူသြားျခင္းေၾကာင့္ ျပန္လည္ ရယူျခင္းျဖစ္ေၾကာင္း ၊ ပစၥည္းလုယူသူကို ေျမႀကီးေပၚမွာ လဲက်ၿပီး ထိန္းခ်ဳပ္ခဲ့ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ပစၥည္းလုယူသူကေတာ့ ျပစ္မူက်ဴးလြန္ခဲ့ျခင္း မရွိေၾကာင္း ထြက္ဆိုထားပါတယ္။ ကိုယ္ခံပညာ တတ္ကြၽမ္းတဲ့သူကိုမွ ပစ္မွတ္ထားၿပီး ပစၥည္းလုခဲ့တဲ့ ေအအာခ်ိဳကေတာ့ မွတ္ေလာက္သားေလာက္ ရွိသြားၿပီး မိန္းကေလးဆိုၿပီး အထင္ေသးတာေၾကာင့္ ျပန္လည္ တိုက္ခိုက္ျခင္း ခံလိုက္ရတာျဖစ္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here