သွေးထွက်မှ အစစ် သွေးထွက်ရင်အစစ်ဆိုတဲ့ငပိန်းလေးတွေ နွားမဖြစ်ကြစေဖို့
မွေးရာပါ အမြှေးပါးပါမလာတဲ့ကလေးတွေ မနစ်နာစေဖို့ မတ်မတ်မြ ဒီစာကို ရှေ့မျက်နှာနောက်ထားပြီး ရေးလိုက်ပါတယ်။ နားနဲ့မနာ ဖဝါးနဲ့နာကြပါ။ မြန်မာတွေလက်ခံထားကြတဲ့ အပျိုမှေးဆိုတာကို hymen လို့ခေါ်ပါတယ်။

အလွန်ပါးလို့ အလွယ်တကူပျက်စီးနိုင်သလို တချို့ မွေးကတည်းက ပါမလာတဲ့ကလေးတချို့ရှိပါတယ်။ ဒါကချွင်းချက် (တစ်ချို့ တကယ်စစ်တဲ့ကလေးမတွေ သွေးမထွက်လို့ တစ်ဘဝလုံး လင်ယောကျ်ားရဲ့ အထင်သေးမှုကိုခံကြရတယ်) အဲ သွေးထွက်မှဆိုတာ စွဲနေတဲ့သူတွေအတွက် အခုပြောပြမယ်။ Artificial hymen ဆိုတာ နွားဖမ်းရလွယ်တဲ့ ပစ္စည်းလို့ပဲ ပြောပါရစေ။ မဆက်ဆံခင်နာရီဝက်အလို လမ်းကြောင်းထဲထည့်ထားရင် ဆက်ဆံတဲ့အခါ သွေးထွက်ပါတယ်။

ကဲ ပြောချင်တာကတော့ တကယ်တန်ဖိုးထား လက်ထပ်ယူမယ့်မိန်းကလေးကို သေချာလေ့လာပါ။ အချိန်ပေးလေ့လာပါ။ အခုအဖြေရ အခုတက်မခွပါနဲ့။ သွေးထွက်လို့ ပျော်ပျော်ကြီး လက်ထပ်လိုက်ပြီးမှ အောက်ကဟာတွေသုံးထားတာဆိုရင်တော့ မောင်မင်းတို့ရေ…

ဘွတ်အဲလို့သာအော်ကြပေတော့… (မိန်းကလေးများလည်း ကိုယ့်ဘဝကိုယ်ထိန်းပါနောင်တဆိုတာနောင်မှရတတ်ကြတာကိုး)
ပုံ #်မတ်မတ်မြ

LEAVE A REPLY

Please enter your comment!
Please enter your name here