ထီဖွင့်ဖို့လည်းနီးလာခဲ့ပါပြီ….ဒါကြောင့် အစွမ်းထက်မြက်တဲ့ ထီပေါက်ဂါထာမင်္ဂလာပါ သူဌေး မင်းထီဆိုင်ကြီးမှ ကူးယူဖော်ပြအပ်ပါသည်
အစွမ်းထက်မြက်တဲ့ ထီပေါက်ဂါထာရှေးကျမ်းရင်းတစ်စောင်မှာ ဖော်ပြထားပြီး အစွမ်းထက်မြက်တဲ့ ထီပေါက်ဂါထာ ဖြစ်ပါတယ်။ ဂါထာရဲ့အဓိပ္ပါယ်အတိုချုပ်က…“ဗုဒ္ဓမြတ်စွာဘုရားရှိစဉ်ကကောဏ္ဍဝေန မထေရ်ကြီးသည်ပထမစာရေးတံမဲကိုအမြဲတမ်း ပေါက်ခဲ့၏။
ထို့အတူ ကျွနု်ပ်သည်လည်းဤသို့ ဖြစ်ရပါစေသတည်း” ဟု ဆိုထားပါတယ်။

ရှေးဟောင်းပေစာတစ်ခုထဲမှာလည်း ဒီဂါထာရဲ့ အစွမ်းကို အထူးအစွမ်းထက်မြက်ကြောင်း ဖော်ပြထားတာကို တွေ့ရပါတယ်။ အခုဂါထာကို ဆဋ္ဌမအာရုံ ပရိသတ်တွေအတွက် စေတနာရှေ့ထားလို့ ဖော်ပြပေးလိုက်ရပါတယ်။

ဂါထာကို မဖော်ပြမီမှာ အရင်ဆုံး ထီပေါက်ချင်တယ်ဆိုရင် သင်ဟာ ကိုးကွယ်ရာ ဘာသာရဲ့သီလကို ဆောက်တည်ရပါလိမ့်မယ်။ ဂါထာမန္တန်တွေရဲ့ အစွမ်းဆိုတာ ရွတ်ဖတ်နိုင်မှုအစွမ်း၊ ကို်ယ့်ရဲ့ ကိုယ်ကျင့်တရား စိတ်စွမ်းအားတို့အပေါ်မှာ မူတည်ပြီး အစွမ်းထက်မြက်မှုက တစ်ယောက်နဲ့ တစ်ယောက်မတူဘဲ ပိုနိုင်၊ လျှော့နိုင်တာ ရှိပါတယ်။

ဒီဂါထာကို သင်ဟာ ရွတ်ဖတ်ပြီး ထီပေါက်ချင်တယ်ဆိုရင် လိုက်နာရမယ့် အချက်တွေတော့ ရှိပါတယ်။ လွယ်လွယ်တော့ မရနိုင်ပါဘူး။

လိုက်နာရမယ့် ၃ ချက်က-

၁။ ဒီဂါထာကို တစ်နေ့ အနည်းဆုံး ၁၀၈ လုံးပုတီး တစ်ပတ်ရအောင် စိပ်ရပါလိမ့်မယ်။ နေ့စဉ် မပျက်မကွက် စိတ်ရမှာဖြစ်ပါတယ်။

၂။ ပုတီးမစိပ်မှီမှာ ကိုးကွယ်ရာဘာသာရဲ့ ဘုရားသခင်ရှေ့မှာ သီလကို ဦးဆုံး ဆောက်တည်ပါ။

၃။ နောက်ဆုံးအချက်ကတော့ ဒီဂါထာကို နေ့စဉ်မှန်မှန် စိပ်သွားပြီး လစဉ် ထီထိုးပေးပါက ၆ လအတွင်း ထီပေါက်နိုင်ပါတယ်။

အဖိုးထိုုက်တန်သော ထီပေါက်ဂါထာဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံဘိက္ခူနံ ပထမံ သလာကံဂဏုန္တာနံ ယဒိဒံ ကောဏ္ဍဓာနောဧတေန သစ္စ ဝဇ္ဆေ ဧဝံမေဟောတု”

ရှားပါးပြီ အဖိုးမဖြတ်နို်င်တဲ့ ဗုဒ္ဓဘာသာ ဂါထာတစ်ပုဒ်ပါ။
အာလုံးပဲ ထီပေါက်ကံကို ဆွတ်ခူးနိုင်ကြပါစေ။ သိန်းဆုတွေပေါက်ကြပါစေ။ အမျိုးတစ်ယောက်ကတော့ ဒီဂါထာရွတ်ပြီး သိန်းဆုအမှန် တကယ် ပေါက်သွားတာကြောင့် ဒီဂါထာကို ဖော်ပြရခြင်း ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here