[[Unicode]]

ဖိလစ်ပိုင် တောင်ပိုင်း မာရာဝီမြို့ကို အကြမ်းဖက်သမားများလက်မှ ပြန်လည်သိမ်းပိုက်လိုက်နိုင်ပြီ ဖြစ်သည့်အတွက် စစ်ဆေးရေးများ ပြီးဆုံးသွားပြီဖြစ်ကြောင်း ဖိလစ်ပိုင် စစ်တပ်က ယနေ့ ကြေညာ လိုက် ပါတယ်။

IS လိုလားတဲ့ အကြမ်းဖက် တိုက်ခိုက်ရေးသမားတွေလက်ကနေ နောက်ဆုံးတိုက်ပွဲ ဆင်နွဲရာမှာ နိုင်ငံခြားသား စစ်သွေးကြွ ၅ဦးအပါအဝင် စုစုပေါင်း စစ်သွေးကြွ ၄၂ ဦးကို သတ်ဖြတ်နိုင်ခဲ့ကြောင်း လည်း ပါရှိပါတယ်။

ယခုနှစ် မေလအတွင်းက ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအိုကျွန်းမှ မာရာဝီမြို့ကို အဘူဆေယက်ဖ် အကြမ်းဖက်အဖွဲနှင့် မောက်တီအဖွဲ့တို့က နိုင်ငံခြားသားတိုက်ခိုက်ရေးသမားတွေ အကူအညီနဲ့ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

မာရာဝီမြို့ကို စစ်သွေးကြွတွေ လက်မှပြန်သိမ်းဖို့အတွက် ဖိလစ်ပိုင်စစ်တပ်က မေလ ၂၃ ရက်နေ့မှာ စစ်ဆင်ရေးစတင်ခဲ့ပြီး၊ အောက်တိုဘာလမှ အပြီးသတ် သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။

စစ်ဆင်ရေးကာလအတွင်း အကြမ်းဖက်သမား၊ စစ်သားများနဲ့ အရပ်သား စုစုပေါင်း ၁၁၃၂ ဦးသေဆုံး ခဲ့ပြီး၊ ဒေသခံ ၂သိန်းကျော် အိုးအိမ်စွန့်ကာ ထွက်ပြေးခဲ့ရပါတယ်။

အဘူဆေယက်ဖ် အဖွဲ့ခေါင်းဆောင် အစ္စနီလွန် ဟပီလွန်နဲ့ မောက်တီအဖွဲ့ ခေါင်းဆောင် အိုမာမောက် တီကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ရက်နေ့ မနက်ကဖြစ်တဲ့ တိုက်ပွဲမှာ အသေဖမ်းဆီးရမိခဲ့ပါတယ်။

မာရာဝီမြို့ကို ဝိုင်းရံထားတဲ့ စစ်ဆင်ရေးပြီးဆုံးပြီလို့ ကြေညာချိန်ဟာ မနီလာမြို့မှာ ၂ရက်ကြာ ကျင်းပ မယ့် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးပြုလုပ်နေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။

အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်ဖို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်း မက်တစ်၊ သြစတြေးလျ ကာကွယ်ရေးဝန်ကြီး မာရိုက် ပိန်းတို့အပြင် ရုရှားကာကွယ်ရေး ဝန်ကြီး တို့လည်း ရောက်ရှိနေပါတယ်။

ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဒယ်လ်ဖင် လိုရန်ဇာနာက “ကျနော်တို့ မာရာဝီမြို့သိမ်းတိုက်ပွဲ စစ်ဆင် ရေးတွေ အားလုံး အဆုံးသတ်ခဲ့ပါပြီ၊ စစ်သွေးကြွတွေလည်း မြို့ထဲမှာ မရှိတော့ပါဘူး”လို့ ကြေညာခဲ့ တာဖြစ်ပါတယ်။

ဒါအပြင် အကြမ်းဖက်သမားတွေဟာ အစွန်းရောက် အကြမ်းဖက်ဝါဒနဲ့ အစွန်းရောက်ဝါဒကို ဖိလစ်ပိုင်နဲ့ ဒေသတွင်းကို တင်သွင်းဖို့ ကြိုးစားလာတာကို ဒေသတွင်းလုံခြုံရေးနဲ့ တည်ငြိမ်ရေး အတွက် ကျနော်တို့အနေနဲ့ တားဆီးခဲ့ရတယ်လို့လည်း ဖိလစ်ပိုင်ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။

 

[[Zawgyi]]

 

ဖိလစ္ပိုင္ ေတာင္ပိုင္း မာရာဝီၿမိဳ႕ကို အၾကမ္းဖက္သမားမ်ားလက္မွ ျပန္လည္သိမ္းပိုက္လိုက္နိုင္ၿပီ ျဖစ္သည့္အတြက္ စစ္ေဆးေရးမ်ား ၿပီးဆုံးသြားၿပီျဖစ္ေၾကာင္း ဖိလစ္ပိုင္ စစ္တပ္က ယေန႔ ေၾကညာ လိုက္ ပါတယ္။

IS လိုလားတဲ့ အၾကမ္းဖက္ တိုက္ခိုက္ေရးသမားေတြလက္ကေန ေနာက္ဆုံးတိုက္ပြဲ ဆင္ႏြဲရာမွာ နိုင္ငံျခားသား စစ္ေသြးႂကြ ၅ဦးအပါအဝင္ စုစုေပါင္း စစ္ေသြးႂကြ ၄၂ ဦးကို သတ္ျဖတ္နိုင္ခဲ့ေၾကာင္း လည္း ပါရွိပါတယ္။

ယခုႏွစ္ ေမလအတြင္းက ဖိလစ္ပိုင္ေတာင္ပိုင္း မင္ဒါနာအိုကၽြန္းမွ မာရာဝီၿမိဳ႕ကို အဘူေဆယက္ဖ္ အၾကမ္းဖက္အဖြဲႏွင့္ ေမာက္တီအဖြဲ႕တို႔က နိုင္ငံျခားသားတိုက္ခိုက္ေရးသမားေတြ အကူအညီနဲ႔ သိမ္းပိုက္ခဲ့တာျဖစ္ပါတယ္။

မာရာဝီၿမိဳ႕ကို စစ္ေသြးႂကြေတြ လက္မွျပန္သိမ္းဖို႔အတြက္ ဖိလစ္ပိုင္စစ္တပ္က ေမလ ၂၃ ရက္ေန႔မွာ စစ္ဆင္ေရးစတင္ခဲ့ၿပီး၊ ေအာက္တိုဘာလမွ အၿပီးသတ္ သိမ္းပိုက္လိုက္တာျဖစ္ပါတယ္။

စစ္ဆင္ေရးကာလအတြင္း အၾကမ္းဖက္သမား၊ စစ္သားမ်ားနဲ႔ အရပ္သား စုစုေပါင္း ၁၁၃၂ ဦးေသဆုံး ခဲ့ၿပီး၊ ေဒသခံ ၂သိန္းေက်ာ္ အိုးအိမ္စြန႔္ကာ ထြက္ေျပးခဲ့ရပါတယ္။

အဘူေဆယက္ဖ္ အဖြဲ႕ေခါင္းေဆာင္ အစၥနီလြန္ ဟပီလြန္နဲ႔ ေမာက္တီအဖြဲ႕ ေခါင္းေဆာင္ အိုမာေမာက္ တီကို ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၁၆ရက္ေန႔ မနက္ကျဖစ္တဲ့ တိုက္ပြဲမွာ အေသဖမ္းဆီးရမိခဲ့ပါတယ္။

မာရာဝီၿမိဳ႕ကို ဝိုင္းရံထားတဲ့ စစ္ဆင္ေရးၿပီးဆုံးၿပီလို႔ ေၾကညာခ်ိန္ဟာ မနီလာၿမိဳ႕မွာ ၂ရက္ၾကာ က်င္းပ မယ့္ အာဆီယံ ကာကြယ္ေရးဝန္ႀကီးမ်ား အစည္းအေဝးျပဳလုပ္ေနခ်ိန္နဲ႔ တိုက္ဆိုင္ေနပါတယ္။

အာဆီယံကာကြယ္ေရးဝန္ႀကီးမ်ား အစည္းအေဝးကို တက္ေရာက္ဖို႔ အေမရိကန္ ကာကြယ္ေရးဝန္ႀကီး ဂ်ိမ္း မက္တစ္၊ ၾသစေၾတးလ် ကာကြယ္ေရးဝန္ႀကီး မာရိုက္ ပိန္းတို႔အျပင္ ႐ုရွားကာကြယ္ေရး ဝန္ႀကီး တို႔လည္း ေရာက္ရွိေနပါတယ္။

ဖိလစ္ပိုင္ ကာကြယ္ေရးဝန္ႀကီး ဒယ္လ္ဖင္ လိုရန္ဇာနာက “က်ေနာ္တို႔ မာရာဝီၿမိဳ႕သိမ္းတိုက္ပြဲ စစ္ဆင္ ေရးေတြ အားလုံး အဆုံးသတ္ခဲ့ပါၿပီ၊ စစ္ေသြးႂကြေတြလည္း ၿမိဳ႕ထဲမွာ မရွိေတာ့ပါဘူး”လို႔ ေၾကညာခဲ့ တာျဖစ္ပါတယ္။

ဒါအျပင္ အၾကမ္းဖက္သမားေတြဟာ အစြန္းေရာက္ အၾကမ္းဖက္ဝါဒနဲ႔ အစြန္းေရာက္ဝါဒကို ဖိလစ္ပိုင္နဲ႔ ေဒသတြင္းကို တင္သြင္းဖို႔ ႀကိဳးစားလာတာကို ေဒသတြင္းလုံျခဳံေရးနဲ႔ တည္ၿငိမ္ေရး အတြက္ က်ေနာ္တို႔အေနနဲ႔ တားဆီးခဲ့ရတယ္လို႔လည္း ဖိလစ္ပိုင္ကာကြယ္ေရး ဝန္ႀကီးက ေျပာပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here