[[Unicode]]

တွက်ချက်ညှိနှိုင်းနေရဆဲ အနိမ့်ဆုံးလုပ်ခလစာ

 

ရွှေ၊ ဒေါ်လာဈေးမြင့်ခြင်း၊ အခွန်နှုန်းထားများ မြင့်လာခြင်း၊ လမ်းပန်းဆက်သွယ်ရေး စရိတ်စကများ မြင့်သထက် မြင့်လာပြီးနောက် ပြည်တွင်း အခြေခံစားသောက်ကုန်များမှာလည်း ဈေးနှုန်းမြင့်တက်မှုများရှိနေရာ တလလျှင် လစာ ကျပ် ၁ သိန်းဝန်းကျင်သာ ရရှိကြသည့် အလုပ်သမားများ၏ စားဝတ်နေရေး မှာ တနေ့တခြား ကျပ်တည်းလာခဲ့သည်။

သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်က ရေးဆွဲ အတည်ပြုခဲ့သည့် အနိမ့်ဆုံးလုပ်ခ လစာ သတ်မှတ်ချက် တရက် ၃၆၀၀ ကျပ် နှုန်းကြောင့် အလုပ်သမားများ၏ စားဝတ်နေရေး အနည်းငယ် အဆင်ပြေခဲ့ သော်လည်း မြင့်မားလာသည့် ကုန်ဈေးနှုန်း၊ သယ်ယူပို့ဆောင်ရေးစရိတ်ပါအဝင် အထွေထွေကုန်ကျစရိတ်များ က ထိုနှုန်းထားကို ပိုမို တိုးမြင့်စေရန် အကြောင်းအရာများ ဖြစ်လာသည်။

“အနိမ့်ဆုံး လုပ်ခလစာကို တွက်ရင် ကျမတို့အနေနဲ့ ငွေကြေးလဲလှယ်မှုနှုန်းကို မကြည့်လို့ မရဘူးရှင့်။ လက်ရှိဖြစ်နေတဲ့ ကုန်ဈေးနှုန်းကို အဆိုပြုနှုန်းထားသစ် ၆၆၀၀ ကျပ်နဲ့ နှိုင်းယှဉ်ကြည့်ရင်တောင် အလုပ်သမားတယောက်အတွက် လုံလောက်တဲ့ ပမာဏ တရပ်မဟုတ်ဘူး ”ဟု မြန်မာနိုင်ငံ လုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် – CTUM ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ခိုင်ဇာအောင်က ပြောသည်။

အလုပ်သမားပေါင်း ၆၅၀၀၀ ကျော်၊ အလုပ်သမားအဖွဲ့အစည်းပေါင်း ၈၀၀ ကျော်ကို ကိုယ်စားပြုနေသည့် မြန်မာ နိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်က အနည်းဆုံး လုပ်ခလစာ နှုန်းထားကို တရက်လျှင် ၆၆၀၀ ကျပ်နှုန်းအထိ သတ်မှတ်ပေးရန် အစိုးရကို အဆိုပြုမည်ဟုလည်း သိရသည်။ ၎င်းနှုန်းထားသည် လက်ရှိ ဒေါ်လာပေါက်ဈေးဖြင့် တွက်ချက်ကြည့်ပါက ယခင်သတ်မှတ်ခဲ့သည့် ကျပ် ၃၆၀၀ နှုန်းထားထက်ပင် နည်းသည့် အနေအထား ဖြစ်ကြောင်း ထောက်ပြပြောဆိုမှု ရှိသည်။

၂၀၁၀ ခုနှစ်နောက်ပိုင်းမှ စတင်ကာ အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုများ၊ ဆန္ဒပြမှုများ ဖြစ်လာပြီးနောက် အစိုးရသည် အလုပ်ရှင်၊ အလုပ်သမား၊ ပညာရှင်များ ဖြင့် အကြိမ်ကြိမ် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ထို့နောက် အနည်းဆုံး လုပ်ခလစာ နှုန်းထားကို ၂၀၁၅ စက်တင်ဘာ ၁ ရက်တွင် ပထမဦးဆုံး အကြိမ်အဖြစ် သတ်မှတ် နိုင်ခဲ့ပြီး နေရာဒေသနှင့် လုပ်ငန်းအမျိုးအစား မခွဲခြားဘဲ ၁ နာရီလျှင် ၄၅၀ ကျပ်နှုန်း၊ ၁ ရက်လျှင် အလုပ်ချိန် ၈ နာရီအတွက် ကျပ် ၃၆၀၀ နှုန်း သတ်မှတ် ထုတ်ပြန်ခဲ့သည်။

လက်ရှိ NLD အစိုးရလက်ထက် တွင်လည်း အနည်းဆုံးအခကြေးငွေ ပြင်ဆင် သတ်မှတ်ရေးအတွက် ဆွေးနွေးမှုများ ရှိရာ အစိုးရ၊ အလုပ်သမားနှင့် လုပ်ငန်းရှင်တို့၏ ရှူထောင့် အသီးသီးမှ ကိန်းဂဏန်း နှစ်ခုထွက်ပေါ်လာကြောင်း သိရသည်။

အလုပ်ရှင်များဘက်က ၄၀၀၀ ကျပ်နှုန်းထား အဆိုပြုမှုများရှိပြီး အလုပ်သမားများက ၆၆၀၀ ကျပ် သတ်မှတ်ပေးရန် တောင်းဆိုကြသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်နေ့တွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၌ ပြုလုပ်သည့် တတိယအကြိမ် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီ အစည်းအဝေးတွင်မူ အနည်းဆုံး လုပ်ခလစာ နှုန်းထားသစ်ကို တရက်လျှင် ကျပ် ၄၀၀၀ နှင့် ၄၈၀၀ ကြားတွင် လျာထားအဆိုပြုခဲ့သည်။

သို့သော် ၎င်းသတ်မှတ် နှုန်းထားကိုလည်း လက်မခံနိုင်ဟု အဆိုပါ အစည်းအဝေးတွင် အလုပ်သမား ကိုယ်စားလှယ်များဘက်မှ ကန့်ကွက်ခဲ့ကြောင်း သိရသည်။

အစိုးရသည် ၎င်းနှုန်းထားသစ်ကို သတ်မှတ်နိုင်ရန် တိုင်းနှင့် ပြည်နယ် အသီးသီးတွင် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ ကော်မတီများကို ဖွဲ့စည်းခဲ့ပြီး ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ် နှင့် ကရင်ပြည်နယ်တို့တွင် စစ်တမ်းများ ကောက်ယူခဲ့သည်။

ရန်ကုန်မြို့တွင် စစ်တမ်းကောက်ယူရာတွင် စက်မှုဇုန်မြို့နယ်များဖြစ်သည့် မှော်ဘီ၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ ဒဂုံ အစရှိသည့် မြို့နယ်များရှိ စက်ရုံများတွင် ကောက်ယူခဲ့ကြောင်း သိရသည်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း အလုပ်သမားမျာကို စစ်တမ်းကောက်ယူမှုအရ အလုပ်သမားတဦး၏ တရက်တာ ပျမ်းမျှ အနည်းဆုံး အသုံးစရိတ်မှာ ကျပ် ၄၈၀၀ ကျော်မှ ၅၉၀၀ ခန့်အထိ ရှိနေပြီး မြို့နယ်အလိုက် ကုန်ဈေးနှုန်းနှင့် နေထိုင်မှု စရိတ်အရ ကွဲပြားမှုရှိနေကြောင်း သိရသည်။

“အခုကုန်ဈေးနှုန်းနဲ့ဆိုရင် ရနေတဲ့ ၃၆၀၀ ကျပ် က ထမင်းတောင်နပ်မှန်အောင် စားဖို့ မနည်းလုပ်နေရတယ် အဝတ်အစားလေး ဝယ်ဖို့ ခြမ်းဖို့ထက် စားဖို့တောင် မလောက်ပါဘူး။ ” ဟု လှိုင်သာယာမြို့နယ်ရှိ အထည်ချုပ် စက်ရုံမှ အလုပ်သမတဦးက ပြောသည်။

ကုန်ဈေးနှုန်းနှင့် အိမ်ခန်းငှားခများ မြင့်တက်လာသော်လည်း လုပ်ခလစာများက မြင့်တက်လာခြင်းမရှိသဖြင့် စားသောက်စရိတ်ကို ယခင်ထက်များစွာ ခြိုးခြံနေရကြောင်းလည်း ၎င်းက ပြောသည်။

စစ်တမ်းရလဒ်များအရ အနိမ့်ဆုံးအဆင့်ကို အခြေခံထားတွက်ချက်ခြင်း ဖြစ်သည့် ကျပ် ၆၆၀၀ သည်ပင်လျှင် အလုပ်သမားများအတွက် မလုံလောက်သေးဘဲ လူတဦး စားလောက်ရုံမျှသာ ဖြစ်ကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် CTUM ထံ မှ သိရသည်။

“ကျမတို့က ဒီနှုန်းထားတရပ်ကို စဉ်းစားတဲ့အခါမှာ အနိမ့်ဆုံး အဆင့် အာဟာရ ပြည့်ဝဖို့၊ အနိမ့်ဆုံး အဆင့် ကျန်းမာရေး၊ တနေ့တာ အင်အားပြည့်ဖို့ကို စဉ်းစားတာပါ။ ပညာရေးဆိုလည်း သတင်းစာတစောင် ဝယ်တာ လောက်ကို စဉ်းစားတာပါ။ အနိမ့်ဆုံး အဆင့်ကို ထားပြီး ဒီနှုန်းထားဆိုတာ ဖြစ်လာတာပါ”ဟု CTUM မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ခိုင်ဇာအောင် က ဆိုသည်။

အငြင်းပွားမှုများ ရှိနေဆဲဖြစ်သည့် လက်ရှိ လျာထား နှုန်းထားကို လာမည့် ဒီဇင်ဘာလတွင် ထပ်မံ ဆွေးနွေးကြမည်ဖြစ်ပြီး သင့်လျော်သည့် နှုန်းထား တရပ် သတ်မှတ်နိုင်မည် ဖြစ်ကြောင်း အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက ပြောသည်။

ဦးညွန့်ဝင်းက “၄၀၀၀ နဲ့ ၄၈၀၀ ကျပ် က အားလုံး ဆွေးနွေးပြီး လျာထားတာပါ။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဒီကိစ္စကို ဆွေးနွေးမယ်။ ဒီဇင်ဘာလလောက်မှာတော့ ဘယ်နှုန်း ဖြစ်သင့်တယ်ဆိုတာ ပြန်ပြီးတော့ အစည်းအဝေး လုပ်ပြီး ချမှတ်နိုင်မယ်လို့ ယူဆတယ်” ဟု ပြောဆိုသည်။

အနည်းဆုံး လုပ်ခလစာ သတ်မှတ်နိုင်ရန်အတွက် တိုင်းနှင့် ပြည်နယ် အသီးသီးရှိ အနည်းဆုံး လုပ်ခလစာငွေ သတ်မှတ်ရေး ဆိုင်ရာ ကော်မတီများက စစ်တမ်းများ အပေါ်တွင် အခြေခံ၍ ဆွေးနွေးခဲ့ကြခြင်း ဖြစ်ပြီး အများ သဘောတူသည့် နှုန်းထား တရပ်ကို လျာထားခြင်း ဖြစ်ကြောင်း အမျိုးသားအဆင့် ကော်မတီဝင် စီးပွားရေး ပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) က ပြောသည်။

ဦးခင်မောင်ညို (ဘောဂဗေဒ) က “ပြည်နယ်တိုင်းတွေ ဒေသတွေက တင်ကြတယ်။ အဲဒါတွေစုလိုက်တော့ အများစုက ၄၀၀၀ နဲ့ ၄၈၀၀ ကြားရတယ်။ အခုကတော့ အဆိုပြုနှုန်းထားပေါ့”ဟု ပြောပြသည်။

၂၀၁၃ ခုနစ်၊ အနည်းဆုံး အခကြေးငွေ ဥပဒေ ကို ပြည်ထောင်စုလွှတ်တော်က ၂၀၁၃ ခုနစ်၊ မတ်လ ၂၂ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး အဆိုပါဥပဒေအရ အနည်းဆုံးအခကြေးငွေနှုန်းထားများကို နှစ်နှစ်လျှင် တကြိမ်နှုန်းဖြင့် ပြောင်းလဲသတ်မှတ်ရမည်ဖြစ်သည်။

ဥပဒေ အရ ကူးသန်းရောင်းဝယ်ရေး လုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း နှင့် ဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေး နှင့် မွေးမြူရေးလုပ်ငန်း တို့တွင် လုပ်ကိုင်နေသည့် အလုပ်သမားများနှင့် ၎င်းတို့ မိသားစုများ၏ အခြေခံ လိုအပ်ချက်များ ပြည့်မီစေရေး၊ အလုပ်သမားများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး နှင့် ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်ရေးတို့အတွက် ရည်ရွယ် ပြဋ္ဌာန်းထားခြင်းဖြစ်သည်။

“ကျနော်တို့ကတော့ များရင်အဆင်မပြေဘူးဗျာ။ အကြမ်းဖျင်းအားဖြင့် ကျနော်တို့ ဆွေးနွေးထားတာကတော့ ၄၀၀၀ လောက်ဆိုရင်တော့ အဆင်ပြေမယ်။ အဲဒီထက် ကျော်ရင်တော့ ကျနော်တို့ အခက်အခဲတွေ ရှိတယ်။ ဘာကြောင့်လဲဆိုရင် ကျနော်တို့ ဝင်ငွေနဲ့ ထွက်ငွေ မမျှဘူး။ ရတဲ့ ငွေကို ခွဲဝေပေးရတာ ဖြစ်တဲ့အတွက်ကြောင့် လက်ရှိငွေဈေး အနေအထားနဲ့ ဆိုရင် လက်ရှိ ချုပ်ခရနေတဲ့ အနေအထားတွေ အလုပ်သမားတွေရဲ့ ကုန်ထုတ်လုပ်အားနဲ့ ဆိုရင် ၄၀၀၀ လောက်ပဲ ပေးနိုင်မယ်” ဟု လှိုင်သာယာ အခြေခံအထည်ချုပ် လုပ်ငန်းရှင် အသင်း ဥက္ကဋ္ဌ ဒေါက်တာခင်မောင်အေး က ပြောသည်။

လက်ရှိတွင် အလုပ်သမားများဘက်ကမှ တောင်းဆိုနေသည့် နှုန်းထားသည် လုပ်ငန်းရှင်များအနေဖြင့်မူ ထုတ်လုပ်နိုင်စွမ်းနည်းပါးနေသည့် စီးပွားရေး အခြေအနေမျိုးတွင် လုပ်ခလစာကို တိုးမြှင့်ပေးရန် အခက်အခဲရှိနိုင်ကြောင်း သုံးသပ်မှုများလည်းရှိသည်။

“လုပ်ငန်းရှင်တွေထဲမှာ အမျိုးမျိုးရှိတယ်။ ပေးနိုင်တဲ့ လုပ်ငန်းရှင်လည်းရှိသလို၊ မပေးနိုင်တဲ့ လုပ်ငန်းရှင်တွေ လည်း ရှိမယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ထုတ်လုပ်နိုင်စွမ်းနည်းတော့ ရတဲ့လခကလည်း နည်းနိုင်ပါတယ်။ လုပ်ငန်းရှင် တွေက ပေးချင်ပါတယ်။ ဒါပေမယ့် ထုတ်လုပ်နိုင်စွမ်းနည်းတော့ ရတဲ့ လက်ခစားတွေက နည်းချင်နည်းနိုင်ပါတယ်”ဟု UMFCCI ဒုတိယဥက္ကဌ ဒေါက်တာ မောင်မောင်လေးက သုံးသပ်သည်။

ယခင်အစိုးရဟောင်းလက်ထက်ကလည်း အနည်းဆုံးလုပ်ခလစာ အပါအဝင် အလုပ်ရှင်၊ အလုပ်သမားများ နှင့် ပတ်သက်သည့် အငြင်းပွားမှုများ ဆက်တိုက်ရှိခဲ့ရာ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားများနှင့် သက်ဆိုင်ရာ ပညာရှင်များ အကြား အကြိမ်ကြိမ် ညှိနှိုင်း ဆွေးနွေးပြီးမှသာ ကျပ် ၃၆၀၀ နှုန်းဖြင့် နှုန်းထားသစ် ထုတ်ပြန်နိုင်ခဲ့သည်။ ထိုကာလကပင် ယင်းနှုန်းထားသည် အလုပ်သမားများအတွက် အဆင်ပြေနိုင်မည့် အနေအထား မဟုတ်ကြောင်း ပြောဆိုထောက်ပြမှုများရှိခဲ့ဖူးသည်။

ပြောင်းလဲနေသည့် ငွေကြေးလဲလှယ်မှုနှုန်းထား နှင့် တရိပ်ရိပ်တက်နေသော ကုန်ဈေးနှုန်းတို့ကြောင့် အနည်းဆုံး လုပ်ခလစာ နှုန်းထားသစ်ကို ယခုနှစ်ကုန်ပိုင်းတွင် ပြောင်းလဲ ပြင်ဆင်ရန်လိုအပ်ကြောင်းကို အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီဝင် ကိုဝင်းဇော်ကလည်း သုံးသပ်သည်။

“ဒီဇင်ဘာလမှာ မဖြစ်မနေကို ဆုံးဖြတ်ချက်ချရမှာ ဖြစ်တယ်။ ဒီလို ဆုံးဖြတ်ချက်ချရမှာသာလျှင် ၂၀၁၈ ဧပြီလမှာ နှုန်းထားတရပ်က ထွက်လာမှာ ဖြစ်တယ်။ အဲဒီလိုမှ မလုပ်ပေးနိုင်ဘူးဆိုရင် အခြေအနေက အများကြီး ပြောင်းလဲသွားနိုင်တယ်။ စက်တင်ဘာလ ၂ ရက်နေ့မှာ အနည်းဆုံး အခကြေးငွေ ၂ နှစ်ပြည့်ရင် ပြင်ဆင်ပေးရမယ့် အနေအထားကနေပြီးတော့ အနည်းဆုံး ၆ လလောက် နောက်ကို ရွှေ့လာတဲ့ အခါမှာ တက်လာတဲ့ ကုန်ဈေးနှုန်းတွေ၊ ဒေါ်လာဈေးတွေရဲ့ နှုန်းထားတွေ၊ နောက်ပြီး လူမှုအနေအထားတွေကပါ အခက်အခဲတွေ ဖြစ်လာတယ်။ စားဝတ်နေရေး ခက်ခဲလာတာတွေ ဒါကိုတော့ မဖြစ်မနေထည့်တွက်ပြီး ဆောင်ရွက်ပေးရမှာပဲ” ဟု ၎င်းက ပြောသည်။

NLD အစိုးရသစ်လက်ထက်တွင် ပြန်လည် ပြင်ဆင်ရမည့် အနိမ့်ဆုံးလုပ်ခလစာ နှုန်းထားသည် အလုပ်သမားနှင့် အလုပ်ရှင်ကြား သင့်တင့်မျှတသည့် နှုန်းထားတရပ် ဖြစ်လာနိုင်မည်လား ဆိုသည့် အဖြေတရပ်ကို စောင့်ကြည့်ရမည် ဖြစ်သည်။

 

[[Zawgyi]]

တြက္ခ်က္ညႇိႏွိုင္းေနရဆဲ အနိမ့္ဆုံးလုပ္ခလစာ

 

ေရႊ၊ ေဒၚလာေဈးျမင့္ျခင္း၊ အခြန္ႏႈန္းထားမ်ား ျမင့္လာျခင္း၊ လမ္းပန္းဆက္သြယ္ေရး စရိတ္စကမ်ား ျမင့္သထက္ ျမင့္လာၿပီးေနာက္ ျပည္တြင္း အေျခခံစားေသာက္ကုန္မ်ားမွာလည္း ေဈးႏႈန္းျမင့္တက္မႈမ်ားရွိေနရာ တလလၽွင္ လစာ က်ပ္ ၁ သိန္းဝန္းက်င္သာ ရရွိၾကသည့္ အလုပ္သမားမ်ား၏ စားဝတ္ေနေရး မွာ တေန႔တျခား က်ပ္တည္းလာခဲ့သည္။

သမၼတေဟာင္း ဦးသိန္းစိန္ အစိုးရလက္ထက္က ေရးဆြဲ အတည္ျပဳခဲ့သည့္ အနိမ့္ဆုံးလုပ္ခ လစာ သတ္မွတ္ခ်က္ တရက္ ၃၆၀၀ က်ပ္ ႏႈန္းေၾကာင့္ အလုပ္သမားမ်ား၏ စားဝတ္ေနေရး အနည္းငယ္ အဆင္ေျပခဲ့ ေသာ္လည္း ျမင့္မားလာသည့္ ကုန္ေဈးႏႈန္း၊ သယ္ယူပို႔ေဆာင္ေရးစရိတ္ပါအဝင္ အေထြေထြကုန္က်စရိတ္မ်ား က ထိုႏႈန္းထားကို ပိုမို တိုးျမင့္ေစရန္ အေၾကာင္းအရာမ်ား ျဖစ္လာသည္။

“အနိမ့္ဆုံး လုပ္ခလစာကို တြက္ရင္ က်မတို႔အေနနဲ႔ ေငြေၾကးလဲလွယ္မႈႏႈန္းကို မၾကည့္လို႔ မရဘူးရွင့္။ လက္ရွိျဖစ္ေနတဲ့ ကုန္ေဈးႏႈန္းကို အဆိုျပဳႏႈန္းထားသစ္ ၆၆၀၀ က်ပ္နဲ႔ ႏွိုင္းယွဥ္ၾကည့္ရင္ေတာင္ အလုပ္သမားတေယာက္အတြက္ လုံေလာက္တဲ့ ပမာဏ တရပ္မဟုတ္ဘူး ”ဟု ျမန္မာနိုင္ငံ လုံးဆိုင္ရာ အလုပ္သမားသမဂၢမ်ား အဖြဲ႕ခ်ဳပ္ – CTUM ၏ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ဝင္ ေဒၚခိုင္ဇာေအာင္က ေျပာသည္။

အလုပ္သမားေပါင္း ၆၅၀၀၀ ေက်ာ္၊ အလုပ္သမားအဖြဲ႕အစည္းေပါင္း ၈၀၀ ေက်ာ္ကို ကိုယ္စားျပဳေနသည့္ ျမန္မာ နိုင္ငံလုံးဆိုင္ရာ အလုပ္သမား သမဂၢမ်ားအဖြဲ႕ခ်ဳပ္က အနည္းဆုံး လုပ္ခလစာ ႏႈန္းထားကို တရက္လၽွင္ ၆၆၀၀ က်ပ္ႏႈန္းအထိ သတ္မွတ္ေပးရန္ အစိုးရကို အဆိုျပဳမည္ဟုလည္း သိရသည္။ ၎ႏႈန္းထားသည္ လက္ရွိ ေဒၚလာေပါက္ေဈးျဖင့္ တြက္ခ်က္ၾကည့္ပါက ယခင္သတ္မွတ္ခဲ့သည့္ က်ပ္ ၃၆၀၀ ႏႈန္းထားထက္ပင္ နည္းသည့္ အေနအထား ျဖစ္ေၾကာင္း ေထာက္ျပေျပာဆိုမႈ ရွိသည္။

၂၀၁၀ ခုႏွစ္ေနာက္ပိုင္းမွ စတင္ကာ အလုပ္ရွင္အလုပ္သမား အျငင္းပြားမႈမ်ား၊ ဆႏၵျပမႈမ်ား ျဖစ္လာၿပီးေနာက္ အစိုးရသည္ အလုပ္ရွင္၊ အလုပ္သမား၊ ပညာရွင္မ်ား ျဖင့္ အႀကိမ္ႀကိမ္ ညႇိႏွိုင္းေဆြးေႏြးမႈမ်ား ျပဳလုပ္ခဲ့သည္။ ထို႔ေနာက္ အနည္းဆုံး လုပ္ခလစာ ႏႈန္းထားကို ၂၀၁၅ စက္တင္ဘာ ၁ ရက္တြင္ ပထမဦးဆုံး အႀကိမ္အျဖစ္ သတ္မွတ္ နိုင္ခဲ့ၿပီး ေနရာေဒသႏွင့္ လုပ္ငန္းအမ်ိဳးအစား မခြဲျခားဘဲ ၁ နာရီလၽွင္ ၄၅၀ က်ပ္ႏႈန္း၊ ၁ ရက္လၽွင္ အလုပ္ခ်ိန္ ၈ နာရီအတြက္ က်ပ္ ၃၆၀၀ ႏႈန္း သတ္မွတ္ ထုတ္ျပန္ခဲ့သည္။

လက္ရွိ NLD အစိုးရလက္ထက္ တြင္လည္း အနည္းဆုံးအခေၾကးေငြ ျပင္ဆင္ သတ္မွတ္ေရးအတြက္ ေဆြးေႏြးမႈမ်ား ရွိရာ အစိုးရ၊ အလုပ္သမားႏွင့္ လုပ္ငန္းရွင္တို႔၏ ရႉေထာင့္ အသီးသီးမွ ကိန္းဂဏန္း ႏွစ္ခုထြက္ေပၚလာေၾကာင္း သိရသည္။

အလုပ္ရွင္မ်ားဘက္က ၄၀၀၀ က်ပ္ႏႈန္းထား အဆိုျပဳမႈမ်ားရွိၿပီး အလုပ္သမားမ်ားက ၆၆၀၀ က်ပ္ သတ္မွတ္ေပးရန္ ေတာင္းဆိုၾကသည္။

ၿပီးခဲ့သည့္ ေအာက္တိုဘာလ ၂ ရက္ေန႔တြင္ ေနျပည္ေတာ္ရွိ အလုပ္သမား၊ လူဝင္မႈ ႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီးဌာန၌ ျပဳလုပ္သည့္ တတိယအႀကိမ္ အနည္းဆုံး အခေၾကးေငြ သတ္မွတ္ေရးဆိုင္ရာ အမ်ိဳးသား ေကာ္မတီ အစည္းအေဝးတြင္မူ အနည္းဆုံး လုပ္ခလစာ ႏႈန္းထားသစ္ကို တရက္လၽွင္ က်ပ္ ၄၀၀၀ ႏွင့္ ၄၈၀၀ ၾကားတြင္ လ်ာထားအဆိုျပဳခဲ့သည္။

သို႔ေသာ္ ၎သတ္မွတ္ ႏႈန္းထားကိုလည္း လက္မခံနိုင္ဟု အဆိုပါ အစည္းအေဝးတြင္ အလုပ္သမား ကိုယ္စားလွယ္မ်ားဘက္မွ ကန႔္ကြက္ခဲ့ေၾကာင္း သိရသည္။

အစိုးရသည္ ၎ႏႈန္းထားသစ္ကို သတ္မွတ္နိုင္ရန္ တိုင္းႏွင့္ ျပည္နယ္ အသီးသီးတြင္ အနည္းဆုံး အခေၾကးေငြ သတ္မွတ္ေရးဆိုင္ရာ ေကာ္မတီမ်ားကို ဖြဲ႕စည္းခဲ့ၿပီး ရန္ကုန္တိုင္း၊ ပဲခူးတိုင္း၊ မႏၲေလးတိုင္း၊ စစ္ကိုင္းတိုင္း၊ ရွမ္းျပည္နယ္ ႏွင့္ ကရင္ျပည္နယ္တို႔တြင္ စစ္တမ္းမ်ား ေကာက္ယူခဲ့သည္။

ရန္ကုန္ၿမိဳ႕တြင္ စစ္တမ္းေကာက္ယူရာတြင္ စက္မႈဇုန္ၿမိဳ႕နယ္မ်ားျဖစ္သည့္ ေမွာ္ဘီ၊ မဂၤလာဒုံ၊ လွိုင္သာယာ၊ ေရႊျပည္သာ၊ အင္းစိန္၊ ဒဂုံ အစရွိသည့္ ၿမိဳ႕နယ္မ်ားရွိ စက္႐ုံမ်ားတြင္ ေကာက္ယူခဲ့ေၾကာင္း သိရသည္။

အနည္းဆုံး အခေၾကးေငြ သတ္မွတ္နိုင္ရန္အတြက္ ရန္ကုန္တိုင္းေဒသႀကီးအတြင္း အလုပ္သမားမ်ာကို စစ္တမ္းေကာက္ယူမႈအရ အလုပ္သမားတဦး၏ တရက္တာ ပ်မ္းမၽွ အနည္းဆုံး အသုံးစရိတ္မွာ က်ပ္ ၄၈၀၀ ေက်ာ္မွ ၅၉၀၀ ခန႔္အထိ ရွိေနၿပီး ၿမိဳ႕နယ္အလိုက္ ကုန္ေဈးႏႈန္းႏွင့္ ေနထိုင္မႈ စရိတ္အရ ကြဲျပားမႈရွိေနေၾကာင္း သိရသည္။

“အခုကုန္ေဈးႏႈန္းနဲ႔ဆိုရင္ ရေနတဲ့ ၃၆၀၀ က်ပ္ က ထမင္းေတာင္နပ္မွန္ေအာင္ စားဖို႔ မနည္းလုပ္ေနရတယ္ အဝတ္အစားေလး ဝယ္ဖို႔ ျခမ္းဖို႔ထက္ စားဖို႔ေတာင္ မေလာက္ပါဘူး။ ” ဟု လွိုင္သာယာၿမိဳ႕နယ္ရွိ အထည္ခ်ဳပ္ စက္႐ုံမွ အလုပ္သမတဦးက ေျပာသည္။

ကုန္ေဈးႏႈန္းႏွင့္ အိမ္ခန္းငွားခမ်ား ျမင့္တက္လာေသာ္လည္း လုပ္ခလစာမ်ားက ျမင့္တက္လာျခင္းမရွိသျဖင့္ စားေသာက္စရိတ္ကို ယခင္ထက္မ်ားစြာ ၿခိဳးၿခံေနရေၾကာင္းလည္း ၎က ေျပာသည္။

စစ္တမ္းရလဒ္မ်ားအရ အနိမ့္ဆုံးအဆင့္ကို အေျခခံထားတြက္ခ်က္ျခင္း ျဖစ္သည့္ က်ပ္ ၆၆၀၀ သည္ပင္လၽွင္ အလုပ္သမားမ်ားအတြက္ မလုံေလာက္ေသးဘဲ လူတဦး စားေလာက္႐ုံမၽွသာ ျဖစ္ေၾကာင္း ျမန္မာနိုင္ငံလုံး ဆိုင္ရာ အလုပ္သမားသမဂၢမ်ား အဖြဲ႕ခ်ဳပ္ CTUM ထံ မွ သိရသည္။

“က်မတို႔က ဒီႏႈန္းထားတရပ္ကို စဥ္းစားတဲ့အခါမွာ အနိမ့္ဆုံး အဆင့္ အာဟာရ ျပည့္ဝဖို႔၊ အနိမ့္ဆုံး အဆင့္ က်န္းမာေရး၊ တေန႔တာ အင္အားျပည့္ဖို႔ကို စဥ္းစားတာပါ။ ပညာေရးဆိုလည္း သတင္းစာတေစာင္ ဝယ္တာ ေလာက္ကို စဥ္းစားတာပါ။ အနိမ့္ဆုံး အဆင့္ကို ထားၿပီး ဒီႏႈန္းထားဆိုတာ ျဖစ္လာတာပါ”ဟု CTUM မွ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ဝင္ ေဒၚခိုင္ဇာေအာင္ က ဆိုသည္။

အျငင္းပြားမႈမ်ား ရွိေနဆဲျဖစ္သည့္ လက္ရွိ လ်ာထား ႏႈန္းထားကို လာမည့္ ဒီဇင္ဘာလတြင္ ထပ္မံ ေဆြးေႏြးၾကမည္ျဖစ္ၿပီး သင့္ေလ်ာ္သည့္ ႏႈန္းထား တရပ္ သတ္မွတ္နိုင္မည္ ျဖစ္ေၾကာင္း အလုပ္႐ုံႏွင့္ အလုပ္သမား ဥပေဒစစ္ေဆးေရး ဦးစီးဌာနက ဒုတိယ ညႊန္ၾကားေရးမႉးခ်ဳပ္ ဦးညြန႔္ဝင္းက ေျပာသည္။

ဦးညြန႔္ဝင္းက “၄၀၀၀ နဲ႔ ၄၈၀၀ က်ပ္ က အားလုံး ေဆြးေႏြးၿပီး လ်ာထားတာပါ။ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြမွာ ဒီကိစၥကို ေဆြးေႏြးမယ္။ ဒီဇင္ဘာလေလာက္မွာေတာ့ ဘယ္ႏႈန္း ျဖစ္သင့္တယ္ဆိုတာ ျပန္ၿပီးေတာ့ အစည္းအေဝး လုပ္ၿပီး ခ်မွတ္နိုင္မယ္လို႔ ယူဆတယ္” ဟု ေျပာဆိုသည္။

အနည္းဆုံး လုပ္ခလစာ သတ္မွတ္နိုင္ရန္အတြက္ တိုင္းႏွင့္ ျပည္နယ္ အသီးသီးရွိ အနည္းဆုံး လုပ္ခလစာေငြ သတ္မွတ္ေရး ဆိုင္ရာ ေကာ္မတီမ်ားက စစ္တမ္းမ်ား အေပၚတြင္ အေျခခံ၍ ေဆြးေႏြးခဲ့ၾကျခင္း ျဖစ္ၿပီး အမ်ား သေဘာတူသည့္ ႏႈန္းထား တရပ္ကို လ်ာထားျခင္း ျဖစ္ေၾကာင္း အမ်ိဳးသားအဆင့္ ေကာ္မတီဝင္ စီးပြားေရး ပညာရွင္ ဦးခင္ေမာင္ညိဳ (ေဘာဂေဗဒ) က ေျပာသည္။

ဦးခင္ေမာင္ညိဳ (ေဘာဂေဗဒ) က “ျပည္နယ္တိုင္းေတြ ေဒသေတြက တင္ၾကတယ္။ အဲဒါေတြစုလိုက္ေတာ့ အမ်ားစုက ၄၀၀၀ နဲ႔ ၄၈၀၀ ၾကားရတယ္။ အခုကေတာ့ အဆိုျပဳႏႈန္းထားေပါ့”ဟု ေျပာျပသည္။

၂၀၁၃ ခုနစ္၊ အနည္းဆုံး အခေၾကးေငြ ဥပေဒ ကို ျပည္ေထာင္စုလႊတ္ေတာ္က ၂၀၁၃ ခုနစ္၊ မတ္လ ၂၂ ရက္ေန႔တြင္ ျပ႒ာန္းခဲ့ၿပီး အဆိုပါဥပေဒအရ အနည္းဆုံးအခေၾကးေငြႏႈန္းထားမ်ားကို ႏွစ္ႏွစ္လၽွင္ တႀကိမ္ႏႈန္းျဖင့္ ေျပာင္းလဲသတ္မွတ္ရမည္ျဖစ္သည္။

ဥပေဒ အရ ကူးသန္းေရာင္းဝယ္ေရး လုပ္ငန္း၊ ကုန္ထုတ္လုပ္ငန္း ႏွင့္ ဝန္ေဆာင္မႈလုပ္ငန္း၊ စိုက္ပ်ိဳးေရး ႏွင့္ ေမြးျမဴေရးလုပ္ငန္း တို႔တြင္ လုပ္ကိုင္ေနသည့္ အလုပ္သမားမ်ားႏွင့္ ၎တို႔ မိသားစုမ်ား၏ အေျခခံ လိုအပ္ခ်က္မ်ား ျပည့္မီေစေရး၊ အလုပ္သမားမ်ား၏ လုပ္ငန္းစြမ္းေဆာင္ရည္ ျမႇင့္တင္ေရး ႏွင့္ ယွဥ္ၿပိဳင္နိုင္စြမ္း တိုးတက္ေရးတို႔အတြက္ ရည္ရြယ္ ျပ႒ာန္းထားျခင္းျဖစ္သည္။

“က်ေနာ္တို႔ကေတာ့ မ်ားရင္အဆင္မေျပဘူးဗ်ာ။ အၾကမ္းဖ်င္းအားျဖင့္ က်ေနာ္တို႔ ေဆြးေႏြးထားတာကေတာ့ ၄၀၀၀ ေလာက္ဆိုရင္ေတာ့ အဆင္ေျပမယ္။ အဲဒီထက္ ေက်ာ္ရင္ေတာ့ က်ေနာ္တို႔ အခက္အခဲေတြ ရွိတယ္။ ဘာေၾကာင့္လဲဆိုရင္ က်ေနာ္တို႔ ဝင္ေငြနဲ႔ ထြက္ေငြ မမၽွဘူး။ ရတဲ့ ေငြကို ခြဲေဝေပးရတာ ျဖစ္တဲ့အတြက္ေၾကာင့္ လက္ရွိေငြေဈး အေနအထားနဲ႔ ဆိုရင္ လက္ရွိ ခ်ဳပ္ခရေနတဲ့ အေနအထားေတြ အလုပ္သမားေတြရဲ့ ကုန္ထုတ္လုပ္အားနဲ႔ ဆိုရင္ ၄၀၀၀ ေလာက္ပဲ ေပးနိုင္မယ္” ဟု လွိုင္သာယာ အေျခခံအထည္ခ်ဳပ္ လုပ္ငန္းရွင္ အသင္း ဥကၠ႒ ေဒါက္တာခင္ေမာင္ေအး က ေျပာသည္။

လက္ရွိတြင္ အလုပ္သမားမ်ားဘက္ကမွ ေတာင္းဆိုေနသည့္ ႏႈန္းထားသည္ လုပ္ငန္းရွင္မ်ားအေနျဖင့္မူ ထုတ္လုပ္နိုင္စြမ္းနည္းပါးေနသည့္ စီးပြားေရး အေျခအေနမ်ိဳးတြင္ လုပ္ခလစာကို တိုးျမႇင့္ေပးရန္ အခက္အခဲရွိနိုင္ေၾကာင္း သုံးသပ္မႈမ်ားလည္းရွိသည္။

“လုပ္ငန္းရွင္ေတြထဲမွာ အမ်ိဳးမ်ိဳးရွိတယ္။ ေပးနိုင္တဲ့ လုပ္ငန္းရွင္လည္းရွိသလို၊ မေပးနိုင္တဲ့ လုပ္ငန္းရွင္ေတြ လည္း ရွိမယ္။ ဒါေပမယ့္ ျမန္မာနိုင္ငံမွာ ထုတ္လုပ္နိုင္စြမ္းနည္းေတာ့ ရတဲ့လခကလည္း နည္းနိုင္ပါတယ္။ လုပ္ငန္းရွင္ ေတြက ေပးခ်င္ပါတယ္။ ဒါေပမယ့္ ထုတ္လုပ္နိုင္စြမ္းနည္းေတာ့ ရတဲ့ လက္ခစားေတြက နည္းခ်င္နည္းနိုင္ပါတယ္”ဟု UMFCCI ဒုတိယဥကၠဌ ေဒါက္တာ ေမာင္ေမာင္ေလးက သုံးသပ္သည္။

ယခင္အစိုးရေဟာင္းလက္ထက္ကလည္း အနည္းဆုံးလုပ္ခလစာ အပါအဝင္ အလုပ္ရွင္၊ အလုပ္သမားမ်ား ႏွင့္ ပတ္သက္သည့္ အျငင္းပြားမႈမ်ား ဆက္တိုက္ရွိခဲ့ရာ အစိုးရ၊ အလုပ္ရွင္၊ အလုပ္သမားမ်ားႏွင့္ သက္ဆိုင္ရာ ပညာရွင္မ်ား အၾကား အႀကိမ္ႀကိမ္ ညႇိႏွိုင္း ေဆြးေႏြးၿပီးမွသာ က်ပ္ ၃၆၀၀ ႏႈန္းျဖင့္ ႏႈန္းထားသစ္ ထုတ္ျပန္နိုင္ခဲ့သည္။ ထိုကာလကပင္ ယင္းႏႈန္းထားသည္ အလုပ္သမားမ်ားအတြက္ အဆင္ေျပနိုင္မည့္ အေနအထား မဟုတ္ေၾကာင္း ေျပာဆိုေထာက္ျပမႈမ်ားရွိခဲ့ဖူးသည္။

ေျပာင္းလဲေနသည့္ ေငြေၾကးလဲလွယ္မႈႏႈန္းထား ႏွင့္ တရိပ္ရိပ္တက္ေနေသာ ကုန္ေဈးႏႈန္းတို႔ေၾကာင့္ အနည္းဆုံး လုပ္ခလစာ ႏႈန္းထားသစ္ကို ယခုႏွစ္ကုန္ပိုင္းတြင္ ေျပာင္းလဲ ျပင္ဆင္ရန္လိုအပ္ေၾကာင္းကို အနည္းဆုံး အခေၾကးေငြ သတ္မွတ္ေရးဆိုင္ရာ အမ်ိဳးသား ေကာ္မတီဝင္ ကိုဝင္းေဇာ္ကလည္း သုံးသပ္သည္။

“ဒီဇင္ဘာလမွာ မျဖစ္မေနကို ဆုံးျဖတ္ခ်က္ခ်ရမွာ ျဖစ္တယ္။ ဒီလို ဆုံးျဖတ္ခ်က္ခ်ရမွာသာလၽွင္ ၂၀၁၈ ဧၿပီလမွာ ႏႈန္းထားတရပ္က ထြက္လာမွာ ျဖစ္တယ္။ အဲဒီလိုမွ မလုပ္ေပးနိုင္ဘူးဆိုရင္ အေျခအေနက အမ်ားႀကီး ေျပာင္းလဲသြားနိုင္တယ္။ စက္တင္ဘာလ ၂ ရက္ေန႔မွာ အနည္းဆုံး အခေၾကးေငြ ၂ ႏွစ္ျပည့္ရင္ ျပင္ဆင္ေပးရမယ့္ အေနအထားကေနၿပီးေတာ့ အနည္းဆုံး ၆ လေလာက္ ေနာက္ကို ေရႊ႕လာတဲ့ အခါမွာ တက္လာတဲ့ ကုန္ေဈးႏႈန္းေတြ၊ ေဒၚလာေဈးေတြရဲ့ ႏႈန္းထားေတြ၊ ေနာက္ၿပီး လူမႈအေနအထားေတြကပါ အခက္အခဲေတြ ျဖစ္လာတယ္။ စားဝတ္ေနေရး ခက္ခဲလာတာေတြ ဒါကိုေတာ့ မျဖစ္မေနထည့္တြက္ၿပီး ေဆာင္ရြက္ေပးရမွာပဲ” ဟု ၎က ေျပာသည္။

NLD အစိုးရသစ္လက္ထက္တြင္ ျပန္လည္ ျပင္ဆင္ရမည့္ အနိမ့္ဆုံးလုပ္ခလစာ ႏႈန္းထားသည္ အလုပ္သမားႏွင့္ အလုပ္ရွင္ၾကား သင့္တင့္မၽွတသည့္ ႏႈန္းထားတရပ္ ျဖစ္လာနိုင္မည္လား ဆိုသည့္ အေျဖတရပ္ကို ေစာင့္ၾကည့္ရမည္ ျဖစ္သည္။

LEAVE A REPLY

Please enter your comment!
Please enter your name here