[[Unicode]]

သစ်သီးတွေက ကိုယ်ခန္ဓာနဲ့ ဦးနှောက်ရဲ့ လုပ်ငန်းစဉ်တွေကို အထောက်အကူဖြစ်စေတဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ပါဝင်တယ်ဆိုတာ မငြင်းနိုင်ပါဘူး။ ဒါကြောင့် အသီးတွေကို များများစားပေးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် အသီးစားတာ နည်းနေတာမျိုး ဖြစ်နိုင်ပါတယ်။ အခုဖော်ပြသွားမှာကတော့ သစ်သီးတွေကို လွယ်လွယ်ကူကူစားဖြစ်စေမယ့် အချက် ၁၀ ချက်ပဲ ဖြစ်ပါတယ်။

(၁) မြင်နိုင်တဲ့နေရာမှာထားပါ

အသီးစားတာကို အစားအသောက်တစ်ခုစားတယ်လို့ တချို့လူတွေက မမြင်တဲ့အတွက် အသီးအစားနည်းကြပါတယ်။ စားပွဲပေါ်မှာ ကောင်တာပေါ်မှာ ရေခဲသေတ္တာထဲမှာ စတဲ့မြင်လွယ်တဲ့နေရာတွေမှာ အသီးအနှံတွေထားရင် သင်အသီးပိုစားဖြစ်မယ်လို့ ထင်ပါတယ်။

(၂) အချိုအဖြစ်အသုံးပြုပါ

ကိုယ်ချက်တဲဟင်းတွေထဲမှာ အချိုမှုန့် ဒါမှမဟုတ် သကြားထည့်တာထက်စာရင် ချိုမြတဲ့အရသာရှိတဲ့ အသီးတွေနဲ့ အစားထိုးစမ်းသပ်အသုံးပြုကြည့်ပါ။ သဘာဝထွက်ဇီးသီးက အရမ်းချိုတဲ့အတွက် သင့်ဟင်းလျာထဲမှာ ထည့်တာက ကောင်းတဲ့ ရွေးချယ်မှုတစ်ခုဖြစ်နိုင်ပါတယ်။

(၃) သစ်သီးအမယ်အသစ် အပတ်တိုင်း စားကြည့်ပါ။

အပတ်စဉ် အသီးအသစ်တမျိုးမျီုးစားကြည့်တာက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကို ဖြည့်တင်းပေးနိုင်ရုံသာမက ကိုယ်ကြိုက်တဲ့ အသီးကို ရှာဖွေနိုင်တဲ့ အခွင့်အရေးလည်း ရပါတယ်။

(၄) အသီးစုံစားပါ။

လတ်ဆတ်တဲ့ အသီးတွေက ပိုပြီး အဟာရပြည့်ဝ ပါတယ်။ ဒါပေမယ့်လည်း လတ်ဆတ်တာချည်း ရွေးစားဖို့ မလိုအပ်ပါဘူး။ အခြောက်ခံ နေလှမ်းထားတာမျိုး၊ ရေခဲရိုက်ထားတာမျိုး စတာတွေလည်း စားနိုင်ပါတယ်။ တချို့အသီးတွေစားရတာ ကရိကထနိုင်ပေမယ့် သိမ်းဆည်းရ စွန့်ပစ်ရ လွယ်ကူပါတယ်။

(၅) အမျှင်ဓါတ်ကို မေ့မထားပါနှင့်။

အသီးကို ဖျော်သောက်တာထက်စာရင် အလုံးလိုက်စားပါ။ ဒါကတဆင့် သင့်ကို အမျှင်ဓါတ်ပိုရစေပါတယ်။

(၆) မနက်စာမှာ အသီးစားပါ။

ဂျုံနဲ့ပြောင်းထွက် စားသောက်ကုန်တွေစားမယ့်အစား သစ်သီးကို မနက်စာအဖြစ်စားနိုင်ပါတယ်။ ဒါက ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ရစေပါတယ်။

(၇) နေ့လယ်စာမှာ သစ်သီးစားပါ။

အလွယ်တကူရရှိတဲ့ fast food တွေစားမယ့်အစား ငှက်ပျောသီး၊ လိမ္မော်သီးနဲ့ စပျစ်သီး စတာတွေ စားနိုင်ပါတယ်။ ထောပတ်သီးသုတ်ကလည်း သင့်ကျန်းမာရေးအတွက် အလွန်အထောက်အကူဖြစ်ပါတယ်။

(၈) သွားရည်စာမှာ အသီးစားပါ။

သကြားလုံးတွေ အသင့်ပြုလုပ်ထားတဲ့ အားလူကြော်တွေ အအေးတွေ သောက်မယ့်အစား အသီးစားနိုင်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓါတ်တွေပိုရလေလေ သင့်ခန္ဓာကိုယ်အတွက် ပိုအကျိုးရှိလေဖြစ်ပါတယ်။

(၉) ကလေးတွေအတွက် အတုယူစရာဖြစ်ပါစေ။

ကိုယ်တိုင်အသီးမစားဘဲ ကလေးတွေကို အသီးစားကြပါလို့ ပြောမနေပါနဲ့။ ကိုယ်က အသီးများများစားလို့ ကလေးတွေက အတုယူပြီး လိုက်စားတာမျိုးဖြစ်ပါစေ။

(၁၀) လတ်ဆတ်သန့်ရှင်းမှု ရှိပါစေ။

အသီးတွေက လတ်ဆတ်ဖို့ အရေးကြီးပြီး မစားမီ ရေစင်အောင်ဆေးဖို့လည်း လိုအပ်ပါတယ်။ ကြာကြာသိုလှောင်ထားဖို့ကတော့ ရေထဲသေတ္တာထဲမှာ သိမ်းထားနိုင်ပါတယ်။

အသီးစားတာက ခန္ဓာကိုယ်အတွက် ယေဘုယျ တိုးတက်ဖွံ့ဖြိုးမှုအတွက် ကောင်းပါတယ်။ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ြုဖည့်တင်းပေးနိုင်တဲ့အတွက် ပိုကျန်းမာစေပါတယ်။ ဒါပေမယ့်လည်း ဆီးချိုသမားများနဲ့ သွေးတွင်းအချိုဓါတ်များတဲ့သူတွေအတွက်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။

 

[[Zawgyi]]

သစ္သီးေတြက ကိုယ္ခႏၶာနဲ႕ ဦးေႏွာက္ရဲ႕ လုပ္ငန္းစဥ္ေတြကို အေထာက္အကူျဖစ္ေစတဲ့ ဗီတာမင္နဲ႕ သတၱဳဓါတ္ေတြ ပါဝင္တယ္ဆိုတာ မျငင္းနိုင္ပါဘူး။ ဒါေၾကာင့္ အသီးေတြကို မ်ားမ်ားစားေပးဖို႔ လိုအပ္ပါတယ္။ ဒါေပမယ့္လည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အသီးစားတာ နည္းေနတာမ်ိဳး ျဖစ္နိုင္ပါတယ္။ အခုေဖာ္ျပသြားမွာကေတာ့ သစ္သီးေတြကို လြယ္လြယ္ကူကူစားျဖစ္ေစမယ့္ အခ်က္ ၁၀ ခ်က္ပဲ ျဖစ္ပါတယ္။

(၁) ျမင္နိုင္တဲ့ေနရာမွာထားပါ

အသီးစားတာကို အစားအေသာက္တစ္ခုစားတယ္လို႔ တခ်ိဳ႕လူေတြက မျမင္တဲ့အတြက္ အသီးအစားနည္းၾကပါတယ္။ စားပြဲေပၚမွာ ေကာင္တာေပၚမွာ ေရခဲေသတၱာထဲမွာ စတဲ့ျမင္လြယ္တဲ့ေနရာေတြမွာ အသီးအႏွံေတြထားရင္ သင္အသီးပိုစားျဖစ္မယ္လို႔ ထင္ပါတယ္။

(၂) အခ်ိဳအျဖစ္အသုံးျပဳပါ

ကိုယ္ခ်က္တဲဟင္းေတြထဲမွာ အခ်ိဳမႈန႔္ ဒါမွမဟုတ္ သၾကားထည့္တာထက္စာရင္ ခ်ိဳျမတဲ့အရသာရွိတဲ့ အသီးေတြနဲ႕ အစားထိုးစမ္းသပ္အသုံးျပဳၾကည့္ပါ။ သဘာဝထြက္ဇီးသီးက အရမ္းခ်ိဳတဲ့အတြက္ သင့္ဟင္းလ်ာထဲမွာ ထည့္တာက ေကာင္းတဲ့ ေ႐ြးခ်ယ္မႈတစ္ခုျဖစ္နိုင္ပါတယ္။

(၃) သစ္သီးအမယ္အသစ္ အပတ္တိုင္း စားၾကည့္ပါ။

အပတ္စဥ္ အသီးအသစ္တမ်ိဳးမ်ီဳးစားၾကည့္တာက ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ ဗီတာမင္နဲ႕ သတၱဳဓါတ္ေတြကို ျဖည့္တင္းေပးနိုင္႐ုံသာမက ကိုယ္ႀကိဳက္တဲ့ အသီးကို ရွာေဖြနိုင္တဲ့ အခြင့္အေရးလည္း ရပါတယ္။

(၄) အသီးစုံစားပါ။

လတ္ဆတ္တဲ့ အသီးေတြက ပိုၿပီး အဟာရျပည့္ဝ ပါတယ္။ ဒါေပမယ့္လည္း လတ္ဆတ္တာခ်ည္း ေ႐ြးစားဖို႔ မလိုအပ္ပါဘူး။ အေျခာက္ခံ ေနလွမ္းထားတာမ်ိဳး၊ ေရခဲရိုက္ထားတာမ်ိဳး စတာေတြလည္း စားနိုင္ပါတယ္။ တခ်ိဳ႕အသီးေတြစားရတာ ကရိကထနိုင္ေပမယ့္ သိမ္းဆည္းရ စြန႔္ပစ္ရ လြယ္ကူပါတယ္။

(၅) အမွ်င္ဓါတ္ကို ေမ့မထားပါႏွင့္။

အသီးကို ေဖ်ာ္ေသာက္တာထက္စာရင္ အလုံးလိုက္စားပါ။ ဒါကတဆင့္ သင့္ကို အမွ်င္ဓါတ္ပိုရေစပါတယ္။

(၆) မနက္စာမွာ အသီးစားပါ။

ဂ်ဳံနဲ႕ေျပာင္းထြက္ စားေသာက္ကုန္ေတြစားမယ့္အစား သစ္သီးကို မနက္စာအျဖစ္စားနိုင္ပါတယ္။ ဒါက ကိုယ္ခႏၶာအတြက္ လိုအပ္တဲ့ ဗီတာမင္နဲ႕ သတၱဳဓါတ္ေတြ ရေစပါတယ္။

(၇) ေန႕လယ္စာမွာ သစ္သီးစားပါ။

အလြယ္တကူရရွိတဲ့ fast food ေတြစားမယ့္အစား ငွက္ေပ်ာသီး၊ လိေမၼာ္သီးနဲ႕ စပ်စ္သီး စတာေတြ စားနိုင္ပါတယ္။ ေထာပတ္သီးသုတ္ကလည္း သင့္က်န္းမာေရးအတြက္ အလြန္အေထာက္အကူျဖစ္ပါတယ္။

(၈) သြားရည္စာမွာ အသီးစားပါ။

သၾကားလုံးေတြ အသင့္ျပဳလုပ္ထားတဲ့ အားလူေၾကာ္ေတြ အေအးေတြ ေသာက္မယ့္အစား အသီးစားနိုင္ပါတယ္။ ဗီတာမင္နဲ႕ သတၱဳဓါတ္ေတြပိုရေလေလ သင့္ခႏၶာကိုယ္အတြက္ ပိုအက်ိဳးရွိေလျဖစ္ပါတယ္။

(၉) ကေလးေတြအတြက္ အတုယူစရာျဖစ္ပါေစ။

ကိုယ္တိုင္အသီးမစားဘဲ ကေလးေတြကို အသီးစားၾကပါလို႔ ေျပာမေနပါနဲ႕။ ကိုယ္က အသီးမ်ားမ်ားစားလို႔ ကေလးေတြက အတုယူၿပီး လိုက္စားတာမ်ိဳးျဖစ္ပါေစ။

(၁၀) လတ္ဆတ္သန႔္ရွင္းမႈ ရွိပါေစ။

အသီးေတြက လတ္ဆတ္ဖို႔ အေရးႀကီးၿပီး မစားမီ ေရစင္ေအာင္ေဆးဖို႔လည္း လိုအပ္ပါတယ္။ ၾကာၾကာသိုေလွာင္ထားဖို႔ကေတာ့ ေရထဲေသတၱာထဲမွာ သိမ္းထားနိုင္ပါတယ္။

အသီးစားတာက ခႏၶာကိုယ္အတြက္ ေယဘုယ် တိုးတက္ဖြံ႕ၿဖိဳးမႈအတြက္ ေကာင္းပါတယ္။ လိုအပ္တဲ့ ဗီတာမင္နဲ႕ သတၱဳဓါတ္ေတြ ျုဖည့္တင္းေပးနိုင္တဲ့အတြက္ ပိုက်န္းမာေစပါတယ္။ ဒါေပမယ့္လည္း ဆီးခ်ိဳသမားမ်ားနဲ႕ ေသြးတြင္းအခ်ိဳဓါတ္မ်ားတဲ့သူေတြအတြက္ေတာ့ ဆရာဝန္နဲ႕ တိုင္ပင္ၿပီးမွ စားသင့္ပါတယ္။

 

LEAVE A REPLY

Please enter your comment!
Please enter your name here