[Unicode]

ရေမချိုးထားရင် ဘယ်လိုမသိသာအောင်နေမလဲ

တစ်ခါတလေမှာ မနက်ခင်းစောစောရုံးပြေးရလို့ပဲဖြစ်ဖြစ် အလုပ်တွေဇယ်ဆက်သလိုများနေလို့ ရေမချိုးဖြစ်တာပဲဖြစ်ဖြစ် ဒဏ်ရာအနာတရရှိလို ရေနဲ့ထိဖို့အဆင်မပြေတာပဲဖြစ်ဖြစ် ကြုံလာခဲ့ရင် ဘယ်လိုမွှေးပျံ့အောင်နေမလဲ အနံ့အသက်ကင်းအောင် ဘယ်လိုတွေပြင်ဆင်မလဲဆိုတာမျိုးကို စဉ်းစားကြည့်ရအောင်လား။ ရန်ကုန်မှာက ရေပြတ် မီးပျက်ကလည်းရှိသေးတယ်လေနော်။ ဒါကြောင့် ရေမချိုးလည်းဘဲ လန်းဆန်းသပ်ရပ် မွှေးပျံ့နေအောင် ဒီနည်းလေးတွေ သုံးနိုင်ပါတယ်။

ညမအိပ်ခင် Roll On သုံးပါ

တကယ်လို့များ မနက်စောစောရေမချိုးနိုင်တာသေချာတယ်ဆိုရင် ညဘက်အိပ်ရာမဝင်ခင် ချိုင်းလိမ်းဆီ Roll On သုံးပါ။ ညဘက်ရေချိုးပြီးခါစ သုံးရင်ပိုကောင်းပါတယ်။ ညဘက်မှာ ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန်လှုပ်ရှားစရာမလိုတဲ့ အနေအထားမျိုး၊ ချွေးထွက်ဖို့မလိုတဲ့ အနေအထားမျိုးမို့ Roll On လိမ်းထားရင် မနက်အထိမွှေးပျ ံ့နေတာ တွေ့ရပါလိမ့်မယ်။

ခြေထောက်ဆေးပါ

ခြေထောက်နဲ့ခြေချောင်းလေးတွေကိုတော့ ဆပ်ပြာ၊ ဘရပ်ရှ်တို့နဲ့ သေသေချာချာသန့်စင်ပါ။ ခြေချောင်းတွေကြားမှာ ဗက်တီးရီးယားတွေကခိုအောင်းနေတတ်ပြီး အနံ့ဆိုးတွေထွက်တာများပါတယ်။ ဒါကြောင့် တစ်ကိုယ်လုံးရေမချိုးနိုင်ချိန်မှာ ခြေထောက်ကိုရေနဲ့သေချာသန့်စင်သွားဖို့အချိန်ပေးရပါမယ်။ ခြေထောက်ခြောက်သွားတဲ့အချိန်မှာ ဘေဘီပေါင်ဒါလေးလိမ်းထားပေးပါ။ ရှူးဖိနပ်စီးမယ်ဆိုရင် လည်းဖိနပ်ထဲကိုနည်းနည်းဖြုးသင့်ပါတယ်။

ဆံပင်ကိုရေမွှေးစွတ်ပါ/ Dry Shampoo သုံးပါ

ဆံပင်ကိုရေမွှေးစွတ်တာက ခဏခဏဆိုရင် အဆင်မပြေပေမယ့် တစ်ကြိမ်တလေတော့ ကိစ္စမရှိပါဘူး။ သူကဦးခေါင်းရဲ့ချွေးနံ့ကိုထိန်းထားနိုင်ပါလိမ့်မယ်။ ခေါင်းမလျှော်နိုင်တဲ့အချိန်မျိုးမှာ Dry Shampoo က တကယ်ကိုအလုပ်ဖြစ်ပါတယ်။ ဦးရေပြားပေါ်က အဆီနဲ့ အညစ်အကြေးတွေ၊ အနံ့အသက်တွေကိုဖယ်ရှားပေးသလို ဆံပင်ပုံသွင်းရာမှာလည်းအဆင်ပြေစေပါတယ်။

ခပ်ကျပ်ကျပ်ဘောင်းဘီတွေမဝတ်ပါနဲ့

ရေမချိုးနိုင်တဲ့အချိန်မှာ လေဝင်လေထွက်ကောင်းတဲ့ ချွေးစုပ်တဲ့အဝတ်အစားတွေသာ ဝတ်သင့်ပါတယ်။ ကျပ်လွန်းတဲ့ဘောင်းဘီတွေက ချွေးနဲ့အညစ်အကြေးတွေအောင်းနေစေပြီး အရေပြားအတွက်သာမက အနံ့အသက်ဆိုးတွေကိုပါထွက်စေပါတယ်။ ဒါကြောင့် ရေမချိုးထားချိန်မှာ အဝတ်အစားရွေးချယ်မှုက အရေးကြီးပါတယ်။

ကဲ…ရေချိုးပျင်းတဲ့ ဘော်ဒါတွေကို Mention ခေါ်ပြီး ဒီဗဟုသုတတွေမျှဝေပေးလိုက်ပါဦးနော်။

 

တစ္ခါတေလမွာ မနက္ခင္းေစာေစာရံုးေျပးရလို႔ပဲျဖစ္ျဖစ္ အလုပ္ေတြဇယ္ဆက္သလိုမ်ားေနလို႔ ေရမခ်ိဳးျဖစ္တာပဲျဖစ္ျဖစ္ ဒဏ္ရာအနာတရရွိလို ေရနဲ႔ထိဖို႔အဆင္မေျပတာပဲျဖစ္ျဖစ္ ၾကံဳလာခဲ႔ရင္ ဘယ္လိုေမႊးပ်႕ံေအာင္ေနမလဲ  အန႔ံအသက္ကင္းေအာင္ ဘယ္လုိေတြျပင္ဆင္မလဲဆိုတာမ်ိဳးကို စဥ္းစားၾကည္႔ရေအာင္လား။ ရန္ကုန္မွာက ေရျပတ္ မီးပ်က္ကလည္းရွိေသးတယ္ေလေနာ္။ ဒါေၾကာင္႔ ေရမခ်ိဳးလည္းဘဲ လန္းဆန္းသပ္ရပ္ ေမႊးပ် ႔ံေနေအာင္ ဒီနည္းေလးေတြ သံုးႏိုင္ပါတယ္။

ညမအိပ္ခင္ Roll On သံုးပါ

တကယ္လုိ႔မ်ား မနက္ေစာေစာေရမခ်ိဳးႏိုင္တာေသခ်ာတယ္ဆုိရင္ ညဘက္အိပ္ရာမဝင္ခင္ ခ်ိဳင္းလိမ္းဆီ Roll On သံုးပါ။ ညဘက္ေရခ်ိဳးျပီးခါစ သံုးရင္ပိုေကာင္းပါတယ္။ ညဘက္မွာ ခႏၶာကိုယ္က ျပင္းျပင္းထန္ထန္လႈပ္ရွားစရာမလိုတဲ႔ အေနအထားမ်ိဳး၊ ေခၽြးထြက္ဖို႔မလုိတဲ႔ အေနအထားမ်ိဳးမို႔ Roll On လိမ္းထားရင္ မနက္အထိေမႊးပ် ံ႔ေနတာ ေတြ႔ရပါလိမ္႔မယ္။

 

ေျခေထာက္ေဆးပါ

ေျခေထာက္နဲ႔ေျခေခ်ာင္းေလးေတြကိုေတာ႔ ဆပ္ျပာ၊ ဘရပ္ရွ္တို႔နဲ႔ ေသေသခ်ာခ်ာသန္႔စင္ပါ။ ေျခေခ်ာင္းေတြၾကားမွာ ဗက္တီးရီးယားေတြကခိုေအာင္းေနတတ္ျပီး အန႔ံဆိုးေတြထြက္တာမ်ားပါတယ္။ ဒါေၾကာင္႔ တစ္ကိုယ္လံုးေရမခ်ိဳးႏိုင္ခ်ိန္မွာ ေျခေထာက္ကိုေရနဲ႔ေသခ်ာသန္႔စင္သြားဖို႔အခ်ိန္ေပးရပါမယ္။ ေျခေထာက္ေျခာက္သြားတဲ႔အခ်ိန္မွာ ေဘဘီေပါင္ဒါေလးလိမ္းထားေပးပါ။ ရွဴးဖိနပ္စီးမယ္ဆုိရင္ လည္းဖိနပ္ထဲကိုနည္းနည္းျဖဳးသင္႔ပါတယ္။

ဆံပင္ကိုေရေမႊးစြတ္ပါ/ Dry Shampoo သံုးပါ

ဆံပင္ကိုေရေမႊးစြတ္တာက ခဏခဏဆုိရင္ အဆင္မေျပေပမယ္႔ တစ္ၾကိမ္တေလေတာ႔ ကိစၥမရွိပါဘူး။ သူကဦးေခါင္းရဲ႕ေခၽြးန႔ံကိုထိန္းထားႏိုင္ပါလိမ္႔မယ္။ ေခါင္းမေလွ်ာ္နိုင္တဲ႔အခ်ိန္မ်ိဳးမွာ Dry Shampoo က တကယ္ကိုအလုပ္ျဖစ္ပါတယ္။ ဦးေရျပားေပၚက အဆီနဲ႔ အညစ္အေၾကးေတြ၊ အန႔ံအသက္ေတြကိုဖယ္ရွားေပးသလို ဆံပင္ပံုသြင္းရာမွာလည္းအဆင္ေျပေစပါတယ္။

 

ခပ္က်ပ္က်ပ္ေဘာင္းဘီေတြမဝတ္ပါနဲ႔

ေရမခ်ိဳးႏိုင္တဲ႔အခ်ိန္မွာ ေလဝင္ေလထြက္ေကာင္းတဲ႔ ေခၽြးစုပ္တဲ႔အဝတ္အစားေတြသာ ဝတ္သင္႔ပါတယ္။ က်ပ္လြန္းတဲ႔ေဘာင္းဘီေတြက ေခၽြးနဲ႔အညစ္အေၾကးေတြေအာင္းေနေစျပီး အေရျပားအတြက္သာမက အန႔ံအသက္ဆုိးေတြကိုပါထြက္ေစပါတယ္။ ဒါေၾကာင္႔ ေရမခ်ိဳးထားခ်ိန္မွာ အဝတ္အစားေရြးခ်ယ္မႈက အေရးၾကီးပါတယ္။

 

ကဲ…ေရခ်ိဳးပ်င္းတဲ႔ ေဘာ္ဒါေတြကို Mention ေခၚျပီး ဒီဗဟုသုတေတြမွ်ေဝေပးလုိက္ပါဦးေနာ္။

 

LEAVE A REPLY

Please enter your comment!
Please enter your name here