ယနေ့ နံနက် ၉ နာရီခန့်တွင် ရွှေဆိုင်ဖွင့်ရန်လာသော ဆိုင်ရှင် အမျိုးသားတစ်ဦးအား အမည်မသိ အမျိုးသားနှစ်ဦးက ဓါးဖြင့်ထိုး၍ ရွှေထည်ပစ္စည်းများကို ယူဆောင်ထွက်ပြေးသွားမှု မြစ်ကြီးနားမြို့တွင် ဖြစ်ပွားသွားသည်။

ဓါးဖြင့်ထိုးခံရသူသည် မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက်တွင် ဖွင့်လှစ်ထားသော ကျော်မြန်မာရွှေဆိုင်၏ ဆိုင်ပိုင်ရှင်ဖြစ်ပြီး ၎င်းကို အမည်မသိ လူနှစ်ဦးက အထက်ပါအတိုင်း ဓါးဖြင့်ထိုးကာ ရေချိုးခန်းထဲတွင် ပိတ်လှောင်ထားခဲ့သည်ဟု အနီးပတ်ဝန်းကျင်ရှိ ပြည်သူများက ပြောသည်။

ကျော်မြန်မာရွှေဆိုင်ပိုင်ရှင် အမျိုးသားသည် ရွှေဆိုင်တံခါးအား ဖွင့်လှစ်နေစဉ် အမည်မသိ လူနှစ်ဦး ရောက်ရှိလာပြီး ၎င်းအား ဓါးဖြင့်ထိုးကာ ဆိုင်ပိုင်ရှင် စီးနင်းလာသည့် ကားပေါ်မှ ရွှေထည်များကို ယူဆောင်ထွက်ပြေးသွားသည်ကိုလည်း ရွှေဆိုင်တွင် တပ်ဆင်ထားသည့် လုံခြုံရေးကင်မရာထဲတွင် တွေ့ရှိခဲ့သည်။

ထိုရွှေဆိုင်သည် မြို့မရပ်ကွက်ရှိ ပဒုမ္မာစတိုးအရှေ့တွင် ရှိသော ဆိုင်ဖြစ်ပြီး လက်ရှိအချိန်တွင် ဆိုင်ပိုင်ရှင်မှာ ဓါးထိုးခံရမှုကြောင့် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

စည်သူ (မြစ်ကြီးနား)
Myitkyina News Journal

LEAVE A REPLY

Please enter your comment!
Please enter your name here