အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်ကနေ ၁၂ မိုင်ပဲဝေးတဲ့ တနေရာမှာ ၈ နှစ်သမီးလေးကို မတော်မတရား ပြုကျင့်တဲ့လူကို ဒေါသမထိန်းနို်င်တဲ့ လူအုပ်ကြီးက ရိုက်သတ်တဲ့အမှုနဲ့ ဆက်နွယ်ပြီး လူ နှစ်ယောက်ကို ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့က မနေ့က ပြောကြားပါတယ်။

အဲဒီလူကို လူအုပ်ကြီးက သူ့အိမ်ထဲက ဆွဲထုတ်ပြီး သေတဲ့အထိ ရိုက်နှက်ထိုးကြိတ်တယ်လို့ ရဲက ပြောပါတယ်။

အဲဒီလို ရိုက်သတ်မှုနဲ့ ရှစ်နှစ်သမီးလေးရဲ့ မိသားစုဝင်တယောက်နဲ့ အိမ်နီးချင်းတယောက်ကို ဖမ်းဆီးလိုက်တယ်လို့ ရဲက ပြောပါတယ်။

ကလေးမလေးကို မတရားပြုကျင့်သူလို့ စွပ်စွဲခံရသူကို အပြစ်ပေးတဲ့အနေနဲ့ လမ်းတွေမှာ ဝတ်လစ်စလစ် လျှောက်ခိုင်းပြီး လူအုပ်က ရိုက်နှက်ခဲ့ပါတယ်။

အိန္ဒိယတရားရုံးတွေရောက်ရင် ဒီလိုအမှုတွေက နှစ်နဲ့ချီကြာတတ်တာမို့ မကျေနပ်တဲ့လူတွေဟာ ခုလို သူ့နည်းသူ့ဟန်နဲ့ ကိုင်တွယ်တတ်ပါတယ်။
ဖေဖော်ဝါရီလတုန်းကလည်း အရှေ့မြောက်ပိုင်းက ဝေးလံသီခေါင်တဲ့အရပ်မှာ ငါးနှစ်သမီးလေးတယောက်ကို မတရာပြုကျင့်ပြီး သတ်လိုက်တယ်လို့ မသင်္ကာတဲ့ လူနှစ်ယောက်ကို လူအုပ်က ရဲစခန်းကနေ ဆွဲထုတ်ပြီး သတ်ပစ်လိုက်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here