ငါးပိ၊ လက်ဖက်နှင့် ငရုတ်သီးမှုန့် ၈ မျိုး စားသုံးရန်မသင့် ကြေညာ

====================

ငါးပိ၊ လက်ဖက်နဲ့ ငရုတ်သီးမှုန့်အမျိုးအစား ၈ မျိုးကို အများပြည်သူ စားသုံးရန် မသင့်တဲ့ အစားအစာတွအဖြစ် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။

ကြေညာထားတဲ့ အစားအစာနဲ့ အမှတ်တံဆိပ်တွေထဲမှာ ရွှေပုဇွန် ပုစွန်ငါးပိ၊ မြသီရိ မြိတ်ငါးပိထောင်း၊ ရွှေဟင်္သာ အရောင်တင်မှုန့်၊ ဟင်္သာမင်း ငရုတ်သီးအစိမ်းမှုန့်၊ အေးကမ္ဘာ ရှူးရှဲလက်ဖက်ချဉ်စပ်နှပ်၊ မသက်သက် လက်ဖက်ချဉ်စပ်နှပ်၊ ရွှေတောင်တန်း လက်ဖက်ချဉ်စပ်နဲ့ ရွှေဖောင်းကွဲ လက်ဖက်အညွန့်တို့ ပါဝင်ပါတယ်။

ဈေးကွက်ထဲ ရောင်းချနေတဲ့ အစားအသောက်တွေကို ဝယ်ယူစစ်ဆေးရာမှာ အဆိုပါ အမှတ်တံဆိပ်နဲ့ ထုတ်လုပ်ထားတဲ့ အစားအသောက်တွေမှာ ခွင့်မပြု ဆိုးဆေးတွေနဲ့ မှိုအဆိပ်တွေ ပါဝင်နေတာကြောင့် ခုလို စားသုံးဖို့ မသင့်ကြောင်း ကြေညာလိုက်တာလို့ ဆိုပါတယ်။

အစားအသောက်တွေမှာ သုံးစွဲခွင့်မပြုတဲ့ ဆိုးဆေးတွေကို အသုံးမပြုကြဖို့နဲ့ လိုက်နာမှု မရှိရင် ဥပဒေအရ အရေးယူမယ်လို့လည်း သတိပေးထားပါတယ်။

==========

DVB TV News

 

[[Zawgyi]]

ငါးပိ၊ လက္ဖက္ႏွင့္ င႐ုတ္သီးမႈန႔္ ၈ မ်ိဳး စားသုံးရန္မသင့္ ေၾကညာ

====================

ငါးပိ၊ လက္ဖက္နဲ႕ င႐ုတ္သီးမႈန႔္အမ်ိဳးအစား ၈ မ်ိဳးကို အမ်ားျပည္သူ စားသုံးရန္ မသင့္တဲ့ အစားအစာတြအျဖစ္ က်န္းမာေရးနဲ႕ အားကစားဝန္ႀကီးဌာနက ေၾကညာလိုက္ပါတယ္။

ေၾကညာထားတဲ့ အစားအစာနဲ႕ အမွတ္တံဆိပ္ေတြထဲမွာ ေ႐ႊပုဇြန္ ပုစြန္ငါးပိ၊ ျမသီရိ ၿမိတ္ငါးပိေထာင္း၊ ေ႐ႊဟသၤာ အေရာင္တင္မႈန႔္၊ ဟသၤာမင္း င႐ုတ္သီးအစိမ္းမႈန႔္၊ ေအးကမာၻ ရႉးရွဲလက္ဖက္ခ်ဥ္စပ္ႏွပ္၊ မသက္သက္ လက္ဖက္ခ်ဥ္စပ္ႏွပ္၊ ေ႐ႊေတာင္တန္း လက္ဖက္ခ်ဥ္စပ္နဲ႕ ေ႐ႊေဖာင္းကြဲ လက္ဖက္အၫြန႔္တို႔ ပါဝင္ပါတယ္။

ေဈးကြက္ထဲ ေရာင္းခ်ေနတဲ့ အစားအေသာက္ေတြကို ဝယ္ယူစစ္ေဆးရာမွာ အဆိုပါ အမွတ္တံဆိပ္နဲ႕ ထုတ္လုပ္ထားတဲ့ အစားအေသာက္ေတြမွာ ခြင့္မျပဳ ဆိုးေဆးေတြနဲ႕ မွိုအဆိပ္ေတြ ပါဝင္ေနတာေၾကာင့္ ခုလို စားသုံးဖို႔ မသင့္ေၾကာင္း ေၾကညာလိုက္တာလို႔ ဆိုပါတယ္။

အစားအေသာက္ေတြမွာ သုံးစြဲခြင့္မျပဳတဲ့ ဆိုးေဆးေတြကို အသုံးမျပဳၾကဖို႔နဲ႕ လိုက္နာမႈ မရွိရင္ ဥပေဒအရ အေရးယူမယ္လို႔လည္း သတိေပးထားပါတယ္။

==========

DVB TV News

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here