ကျောက်လိပ်ကြီး၏သမိုင်းကြောင်း။

ယခုအခါ ပြည်မြို့တစ်ဖက်ကမ်းရှိရွှေဘုံသာမုနိဘုရားအနီးရှိပရဟိတစေတီတော်တောင်ကုန်းတွင်တည်ရှိနေပါသည်။

အလှူရှင် (ကျော်လွင်ဦး)လိပ်ဘိုးဘိုးတစ်ယောက်သောကင်းဝေးငြိမ်းချမ်းသာယာဝပြောပါစေဟု မေတ္တာပို့ဆုတောင်းလျက် (ကျော်သူ)

ကျ နော် ၂၀၁၄ ခုနှစ်ကသင်္ကြန် ပခုက္ကူ ပြန် ပြီး ဘုန်းကြီးဝတ် ပါတယ် ဘုန်းကြီးထွက် လို ့ သူငယ်ချင်း နဲ့ ကော်ဖီသောက်ရင်း စကားစပ်မိပြီး ကျောက် ဖြစ် ရုပ်ကြွင်းလိပ် ကြီးတွေထားတယ်

မင်း လိုက် ကြည့်မလားစိတ်ဝင် စားလားလို ့ပြော လို ့ ပခုက္ကူနဲ့မိုင် ၄၀ ဝေးတဲ့ နေရာတစ် ခု က လျှိုကြီးတစ် ခု ထဲကို အညာနေ ပူ ပူမှာ ကျ နော်လိုက် ကြည့် မိတယ်

ကျနော် မှာ မရှိ မဲ့ရှိမဲ့ ငွေလေးနဲ့ တစ်ခါ တည်း တွေ့ တဲ့သူ ဆီက ဝယ် လိုက်မိတယ်အရမ်းကို ရိုးသားတဲ့ ရွာ လေးတစ်ရွာက ပါကျနော် ပခုက္ကူနဲ့ လိပ်ကြီးရှိ တဲ့ နေ ရာကို နေ့ ချင်းပြန်ကိုးရက် တိတိ ဆိုင််ကယ်စီး သွားပြီးခဲရ ခဲဆစ် အခက် အခဲပေါင်းများစွာနဲ့ ပခုက္ကူ နဲ့၁၂ မိုင် ဝေးတဲ့ ကျနော်ရွာကိုအောင်မြင်စွာသယ် ဆောင် နိုင် ခဲ့ပါ တယ်

ကျောက် လိပ် ကြီးကို စပြီးသယ် ဖို ့လုပ် တော့ သုံးရက်တိတိလှုပ် ယုံပဲလုှပ်တယ်ဘယ်လို မှကို သယ်မရဖြစ်လို ့ကျနော် လက် လျှော့ရမလို ဖြစ် ခဲ့ရပါတယ်

ရန်ကုန်က အမ တစ်ယောက်ကနင့် ကိုယ်ကျင့်တရားသီလ နဲ့ သယ်မရ ဖူးပြောတော့ကျနော် ပြန် ပြောလိုက်တယ်ရအောင် သယ်မယ် ကျနော်ကိုယ် ကျနော်ယုံတယ်သုံးရက် မြောက်နေ့မှာကျနော် ပွဲပေးရပါတော့တယ်သစ္စာ ဆို တယ် ကျနော်ရွာကိုတစ် နှစ် ထားခွင့်ပြုပါထိုက် တန် တဲ့ နေရာကိုပို့ခွင့်ပြုပါလို့ သစ္စာဆိုတယ် တောင် စောင့်နတ် တောစောင့်နတ်တွေ ဆိိုင် ရာပိုင်ရာတွေကို မေတ္တာပို့ တယ် သယ်ခွင့်ပြုပါ လို ့ ပြောတယ်တစ် မိုင် နီးနီးလောက်ကျနော် တစ်ယောက်တည်းလမ်းလျှောက် ဘုရားစာရွတ်မေတ္တာပို့ရင်း လျှို တစ်ခုအ ရောက် မှာ ကျောတွေချမ်းပြီးကြက်သီး တွေထပြီး ရှေ့ မတိုး ရဲ လို ့ နှောက်ဆုတ်ပြီးလိပ် ကြီး ရှိတဲ့ နေရာ ကိုပြန် ခဲ့ရပါ တယ် ကိုးရက်မြောက်နေ့ မှာတော့ အောင်မြင်စွာသယ်ယူ နိုင် ခဲ့ပါ တယ်ကျနော် ရွာ ဆိုတာက ပခုက္ကူနဲ့ ၁၂ မိုင် ဝေးတဲ့ လှည်းချောင်းပေါက် ကြီးကျေးရွာဖြစ်ပါ တယ် မြစ် ရေ ဝင် တဲ့ ရွာပါ ရေ မဝင် တာ လေးနှစ်တိတိရှိပါပြီကျောက် လိပ် ကြီးရောက် မှလိပ်ကြီး အနား အထိ မြစ် ရေ ရောက် ပါ တယ်ထူးခြား မှု ပေါ ့တစ်နေ့ မှာ ကျနော် ဦးကျော်သူ ကိုပဲမျက် စိ ထဲ ရေ ချိုး နေရင်းနဲ့ ခဏ ခဏ မြင် ရောင် နေ မိတယ် ဘာလဲဟပေါ့ ကျနော် စဉ်စားမိပြီးဦးကျော်သူ ဖုန်းနံပါတ်ကိုအမ တစ် ယောက် ဆီကရပါ တယ်ဦးကျော်သူနဲ့ ဖုန်းပြော ပြီး ဦးကျော်သူဦး စီး တည်ထား ကိုးကွယ်တော်မူသောပြည် ဖိုးဦးတောင် မဟာပဏီတ ပရဟိတအောင် တော် မူ မြတ်စွာဘုရားမှာ လှူလိုက် ပါ တယ် လှူဖို ့ကတိ ပေးပြီးမှ လိုက်ဝယ် ကြ ပါတယ် အရင် ကလဲဝယ် ကြ ပါတယ်ကျ နော် မ ရောင်းခဲ့တာပါကျ နော် စဉ်စားပါတယ် အခု လို လှူရ တာအရမ်းကို ပျော် ပါတယ်နောင် နှစ် ပေါင်းများစွာအထိကျန် ရစ် ခဲ့မှာပါ ဝယ် တဲ့ သူကို ကျနော်ပြောလိုက် မိပါတယ်ငါ ဦးကျော် သူကို လှူဖို ့ကတိ ပေးထားပြီးပြီ ငါ အရမ်းလေးစားပြီး တန် ဖိုးထားတဲ့ သူ တစ် ယောက်ကို ကတိမဖျက် ချင် ဖူး ဘယ် စျေးပေးပေး မ ရောင်း တော့တာ ပါ ကတိသစ္စာ တည်ရင်နွယ် မျက် သစ်ပင် တောင်ဆေးဖက် ဝင် တယ် လို ့ရယ် ပြီး ပြော လိုက် မိတယ်

ကျနော် ပိုက် ဆံချမ်းသာတဲ့ လူတန်းစား မဟုတ် ပါဖူးအခု အလှူ ကလဲခု နှစ် ရက် သားသမီးနဲ့ အားလုံးကို ကိုယ်စားပြု ပါတယ် ဘယ်အရာမှ မပိုင် ကြပါဖူး သေ ရင် ကိုယ့် နောက် ဘာ မှ မပါ ပါ သေ ရင် ကိုယ့်နောက်ပါ မှာက ကုသိုလ် နဲ့ ဘာဝနာပါ သေ သောချိန်ခါကိုယ့်နောက်ပါ ပစ္စည်း ဉစ္စာမဟုတ်ပါ သေ သော ချိန်ခါကိုယ့် နောက်ပါ ကုသိုလ် ဘာဝနာ ပါ

အခု လို မျိုး ကျနော်ပုံ တင် ပြီး စာ ရေးမိ တာက ရောင်းမရ လို ့ လှူ တာလို ့ပြော လို ့ စိတ်မ ကောင်းဖြစ်မိတယ် နောက် တစ်ခုကကျနော် နာမည် ကို အွန် လိုင်းမှာ လိုက် ဖျက်နေ ကြ လို ့ပါ ကျ နော်က ခွင့်လွှတ်တယ် ကိုယ် မဟုတ်တာမလုပ်ဖူးသီလ လုံတယ်

အ မေဆု ပြောသလို ကိုယ့် လိပ်ပြာ ခုံရုံးမှာကိုယ့် ကိုယ် ကို မားမားမတ် မတ်အစစ် ခံဝံတယ်လှူ တာက လည်း နောင် လာ နှောက်သားတွေ က လေးတွေ အားလုံး အားလုံးကြည့်ဖို ့တခြား နိုင် ငံ မ ရောက် ဖို ့ဘုရား မှာ လှူ တာ ပါ

ဦးကျော်သူ နှင့် ပြည် သုခနားရေးကူ ညီမှု အသင်းမှအတွင်းရေးမှူးဦးညီညီအောင်ကျောက်လိပ်ကြီး သယ် တုန်းကအမြဲတမ်း မ မောအပန်းလိုက် ပေးတဲ့ ဦးလေးဝိုင်းဝန်းပြီး ကူ ညီ ကြ တဲ့ရွာ သူ ရွာသားများကိုအများကြီး ကျေးဇူးတင် ပါတယ်။

(ကျော်လွင်ဦး)

Credit – Kyaw Thu

LEAVE A REPLY

Please enter your comment!
Please enter your name here