အဋ္ဌမတန်း ကျောင်းသားကို ပုဒ်မ ၁၇(၁) ဖြင့် ထောင် ၂ နှစ်ချမှတ်

====================

တအာင်းလက်နက် ကိုင်အဖွဲ့ TNLA နှင့် ဆက်သွယ် သည်ဟု ဆိုကာ တပ်မတော်က တရားစွဲဆိုထားသော နမ့်ဆန်မြို့ နယ်မှ အဋ္ဌမတန်းကျောင်းသားတစ်ဦး ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရ၍ အယူခံဝင်မည်ဖြစ်ကြောင်းတအောင်းဥပဒေအထောက်အ ကူပြုအဖွဲ့ တာဝန်ခံ မိုင်းမျိုး အောင်က ပြောသည်။

နမ့်ဆန်မြို့ အထက (၁) ကျောင်းသားဖြစ်သူ ထန်းမဆိုင်းကျေးရွာနေ မောင်ချိုမင်းထွေး အသက် (၁၄) နှစ်ကို နမ့်ဆန်မြို့နယ်တရားရုံးတွင် ယမန်နေ့က မတရားအသင်းဆက်သွယ် မှုပုဒ်မ ၁၇(၁)ဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ပြီး လူငယ်ပြုပြင်ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်မည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

‘‘မနေ့က အမှုတင်ပြီဆိုတာ နဲ့ ကျွန်တော်တို့က ရှေ့နေတွေခေါ်ပြီးမှ လိုက်ပါကူညီပေးဖို့ပေါ့နော်။ အကုန်လုံး ပြင်ဆင်ထားပြီးပြီ။ အဲဒါကိုမှ မနေ့က တစ်ခါတည်း အမိန့်ချလိုက်တော့ ကျွန်တော်တို့ ဘာမှမလုပ်ပေးလိုက်ရဘူး။ ဒါပေ မဲ့ အခုကျွန်တော်တို့ ရသလောက် အယူခံဆက်တက်ဖို့တော့ရှိတယ်’’ဟု ၎င်းက ဆက်ပြောသည်။

နမ့်ဆန်မြို့ပေါ်သို့ ကျောင်း တက်ရန်လာသော အဆိုပါ ကျောင်းသားကို အောက်တိုဘာ ၅ ရက်က မြို့အဝင်အနီးရှိ လုံခြုံ ရေးတာဝန်ယူထားသော ခမရ(၁၀၅) တပ်ဖွဲ့က တအာင်းလက် နက်ကိုင်အဖွဲ့(TNLA)နှင့် ဆက် သွယ်သည်ဟုဆိုကာ ဖမ်းဆီးခဲ့ပြီး နောက် သုံးရက်ခန့်အကြာတွင် မြို့နယ်ရဲစခန်းသို့ လွှဲပြောင်းပေး ခဲ့သည်ဟု ၎င်းက ပြောကြားသည်။

ထို့နောက် အောက်တိုဘာ ၃၀ ရက်တွင် နမ့်ဆန်မြို့နယ် တရားရုံး၌ တပ်မ (၇၇) က တပ်မတော်အရာရှိတစ်ဦးက မတရား အသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) ဖြင့် တရားလိုပြုလုပ်တရားစွဲဆိုခဲ့ပြီး ယင်းနေ့မှာပင် သက်သေအပြန် အလှန်စစ်ဆေးမေးမြန်းခြင်းမရှိ ဘဲ ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း မိုင်းမျိုးအောင်က ပြောကြားသည်။

‘‘ကလေးကို ဘယ်လိုခြိမ်း ခြောက်ထားလဲမသိဘူးပေါ့နော်။ ကလေးကို ဝန်ခံခိုင်းတဲ့ အပိုင်း လည်းရှိတယ်ပေါ့နော်။ ကလေး ကလည်း အရှေ့မှာရောက်တော့ သူကလည်း ဟုတ်တယ်လို့ ပြော တာပေါ့။ ဘာမှလဲ သက်သေ မစစ်တော့ဘူး။ ကလေးကို စစ် တာက သူကဘာမှ အဲဒီလောက် အထိ စဉ်းစားနိုင်စွမ်းမရှိသေးဘူး။ အဲဒါ ထည့်သွင်းမစဉ်းစားဘဲနဲ့ တစ်ခါတည်းသူဝန်ခံပြီးပြီဆိုတဲ့ ပုံစံမျိုးနဲ့ပဲ အထဲမှာ ဝန်ခံခိုင်းပြီးမှ မြန်မြန်ဆန်ဆန်အမိန့်ချလိုက် တယ်’’ဟု ၎င်းက ပြောသည်။

ထို့အပြင် အဆိုပါကျောင်း သားသည် မိခင်နှင့်အတူနေထိုင် ပြီး ဗမာစကားကို သားအမိနှစ်ဦး စလုံး ကောင်းမွန်စွာ နားလည် ပြောဆိုနိုင်ခြင်းမရှိကြောင်း မိုင်း မျိုးအောင်က ဆိုသည်။

‘‘သူက ဗမာစကားလည်းရေ ရေလည်လည်မပြောတတ်ဘူး။ ကလေးလည်း ဖြစ်တယ်ဆိုတော့။ သူ့အဖေက မရှိတော့ဘူး။ သူ့ အမေကလည်း ဗမာစကားမတတ် ဆိုတော့ တရားရုံးမှာ မနေ့က အမိန့်ချလိုက်တာက ဘာသာပြန် မရှိဘာမရှိနဲ့ အမိန့်ချလိုက်တာ’’ ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်ကလည်း လားရှိုးမြို့နယ် တရားရုံးတွင် တပ်မတော်က တရားစွဲဆိုထားသော မတရား အသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) အပါအဝင် အခြားပုဒ်မ နှစ်ခုဖြင့် မုံးကိုးမြို့နယ် ကချင်နှစ်ခြင်း ခရစ် ယာန်အသင်းတော်ဥက္ကဋ္ဌ ဦးဒီဒီ နောင်လတ်ကို ထောင်ဒဏ် လေးနှစ် သုံးလနှင့် ဓမ္မဆရာ ဦးလန် ဂျော်ဂမ်ဆိုင်းကို ထောင်ဒဏ် ၂ နှစ်သုံးလ အသီးသီး အမိန့်ချမှတ်ခဲ့ သည်။

‘‘ကျွန်မကို သူပြောတာ အမေကျွန်တော် ဘာမှမပြော တတ်ဘူး။ ဘာမှမသိဘူး။ သူ့ကို ခေါ်သွားတယ်။ ဖမ်းတယ်လို့ ပြောတယ်။ သူ့အသက်ငယ်သေးလို့ ကျွန်မသွားထောက်ခံတယ်လေ။ ကျွန်မလည်း ဘာမှမသိဘူး’’ဟု မောင်ချိုမင်းထွေး၏ မိခင်ဖြစ်သူ က အောက်တိုဘာ ၃၁ ရက်၌ ပြောသည်။

တအာင်းပလောင်အမျိုး သားပါတီမှ ဗဟိုအလုပ်မှုဆောင် တာလှဖေက ‘‘ရှစ်တန်းကျောင်း သား (၁၄) နှစ်သား ကလေးကို ၁၇(၁) နဲ့ဆွဲပြီးတော့မှ ထောင်ဒဏ် တွေဘာတွေချပစ်တယ်။ နမ့်ဆန်မြို့နယ် ထန်ဆမ်ဆိုတဲ့ရွာမှာ။ အဲဒီက စစ်ကြောင်းမှူးလား၊ ဗျူဟာမှူးလား ဘယ်လိုလဲတော့ မသိဘူး။ တပ်ဘက်က အကြီးအကဲတစ်ယောက်က တရားလိုလုပ်ပြီးတော့မှ ဆွဲတာ။ ဆွဲပြီးတော့ ချက်ချင်းပဲ ဘာမှလျှောက်လဲချက်ပြုလို့မရဘူး။ ဘာရှေ့နေရှေ့ရပ်နဲ့မှ လိုက်လို့မရဘူး။ ချက်ချင်းပဲ ထောင်ဒဏ်ချပစ်လိုက်တယ်။ တစ်ဖက်က လူမှုအဖွဲ့အစည်းတွေကတော့ အဲဒါကို ပြန်လိုက်မယ်လို့ ပြောတယ်’’ဟု ပြောသည်။

==========

7Day News Journal

 

 

အ႒မတန္း ေက်ာင္းသားကို ပုဒ္မ ၁၇(၁) ျဖင့္ ေထာင္ ၂ ႏွစ္ခ်မွတ္

====================

တအာင္းလက္နက္ ကိုင္အဖြဲ႕ TNLA ႏွင့္ ဆက္သြယ္ သည္ဟု ဆိုကာ တပ္မေတာ္က တရားစြဲဆိုထားေသာ နမ့္ဆန္ၿမိဳ႕ နယ္မွ အ႒မတန္းေက်ာင္းသားတစ္ဦး ေထာင္ဒဏ္ ၂ ႏွစ္ခ်မွတ္ခံရ၍ အယူခံဝင္မည္ျဖစ္ေၾကာင္းတေအာင္းဥပေဒအေထာက္အ ကူျပဳအဖြဲ႕ တာဝန္ခံ မိုင္းမ်ိဳး ေအာင္က ေျပာသည္။

နမ့္ဆန္ၿမိဳ႕ အထက (၁) ေက်ာင္းသားျဖစ္သူ ထန္းမဆိုင္းေက်း႐ြာေန ေမာင္ခ်ိဳမင္းေထြး အသက္ (၁၄) ႏွစ္ကို နမ့္ဆန္ၿမိဳ႕နယ္တရား႐ုံးတြင္ ယမန္ေန႕က မတရားအသင္းဆက္သြယ္ မႈပုဒ္မ ၁၇(၁)ျဖင့္ ေထာင္ဒဏ္ ၂ ႏွစ္ခ်မွတ္ၿပီး လူငယ္ျပဳျပင္ထိန္းသိမ္းေရးစခန္းသို႔ ပို႔ေဆာင္မည္ဟု သိရေၾကာင္း ၎က ဆိုသည္။

‘‘မေန႕က အမႈတင္ၿပီဆိုတာ နဲ႕ ကြၽန္ေတာ္တို႔က ေရွ႕ေနေတြေခၚၿပီးမွ လိုက္ပါကူညီေပးဖို႔ေပါ့ေနာ္။ အကုန္လုံး ျပင္ဆင္ထားၿပီးၿပီ။ အဲဒါကိုမွ မေန႕က တစ္ခါတည္း အမိန႔္ခ်လိဳက္ေတာ့ ကြၽန္ေတာ္တို႔ ဘာမွမလုပ္ေပးလိုက္ရဘူး။ ဒါေပ မဲ့ အခုကြၽန္ေတာ္တို႔ ရသေလာက္ အယူခံဆက္တက္ဖို႔ေတာ့ရွိတယ္’’ဟု ၎က ဆက္ေျပာသည္။

နမ့္ဆန္ၿမိဳ႕ေပၚသို႔ ေက်ာင္း တက္ရန္လာေသာ အဆိုပါ ေက်ာင္းသားကို ေအာက္တိုဘာ ၅ ရက္က ၿမိဳ႕အဝင္အနီးရွိ လုံၿခဳံ ေရးတာဝန္ယူထားေသာ ခမရ(၁၀၅) တပ္ဖြဲ႕က တအာင္းလက္ နက္ကိုင္အဖြဲ႕(TNLA)ႏွင့္ ဆက္ သြယ္သည္ဟုဆိုကာ ဖမ္းဆီးခဲ့ၿပီး ေနာက္ သုံးရက္ခန႔္အၾကာတြင္ ၿမိဳ႕နယ္ရဲစခန္းသို႔ လႊဲေျပာင္းေပး ခဲ့သည္ဟု ၎က ေျပာၾကားသည္။

ထို႔ေနာက္ ေအာက္တိုဘာ ၃၀ ရက္တြင္ နမ့္ဆန္ၿမိဳ႕နယ္ တရား႐ုံး၌ တပ္မ (၇၇) က တပ္မေတာ္အရာရွိတစ္ဦးက မတရား အသင္းဆက္သြယ္မႈပုဒ္မ ၁၇(၁) ျဖင့္ တရားလိုျပဳလုပ္တရားစြဲဆိုခဲ့ၿပီး ယင္းေန႕မွာပင္ သက္ေသအျပန္ အလွန္စစ္ေဆးေမးျမန္းျခင္းမရွိ ဘဲ ေထာင္ဒဏ္ခ်မွတ္ခဲ့ေၾကာင္း မိုင္းမ်ိဳးေအာင္က ေျပာၾကားသည္။

‘‘ကေလးကို ဘယ္လိုၿခိမ္း ေျခာက္ထားလဲမသိဘူးေပါ့ေနာ္။ ကေလးကို ဝန္ခံခိုင္းတဲ့ အပိုင္း လည္းရွိတယ္ေပါ့ေနာ္။ ကေလး ကလည္း အေရွ႕မွာေရာက္ေတာ့ သူကလည္း ဟုတ္တယ္လို႔ ေျပာ တာေပါ့။ ဘာမွလဲ သက္ေသ မစစ္ေတာ့ဘူး။ ကေလးကို စစ္ တာက သူကဘာမွ အဲဒီေလာက္ အထိ စဥ္းစားနိုင္စြမ္းမရွိေသးဘူး။ အဲဒါ ထည့္သြင္းမစဥ္းစားဘဲနဲ႕ တစ္ခါတည္းသူဝန္ခံၿပီးၿပီဆိုတဲ့ ပုံစံမ်ိဳးနဲ႕ပဲ အထဲမွာ ဝန္ခံခိုင္းၿပီးမွ ျမန္ျမန္ဆန္ဆန္အမိန႔္ခ်လိဳက္ တယ္’’ဟု ၎က ေျပာသည္။

ထို႔အျပင္ အဆိုပါေက်ာင္း သားသည္ မိခင္ႏွင့္အတူေနထိုင္ ၿပီး ဗမာစကားကို သားအမိႏွစ္ဦး စလုံး ေကာင္းမြန္စြာ နားလည္ ေျပာဆိုနိုင္ျခင္းမရွိေၾကာင္း မိုင္း မ်ိဳးေအာင္က ဆိုသည္။

‘‘သူက ဗမာစကားလည္းေရ ေရလည္လည္မေျပာတတ္ဘူး။ ကေလးလည္း ျဖစ္တယ္ဆိုေတာ့။ သူ႕အေဖက မရွိေတာ့ဘူး။ သူ႕ အေမကလည္း ဗမာစကားမတတ္ ဆိုေတာ့ တရား႐ုံးမွာ မေန႕က အမိန႔္ခ်လိဳက္တာက ဘာသာျပန္ မရွိဘာမရွိနဲ႕ အမိန႔္ခ်လိဳက္တာ’’ ဟု ၎က ဆက္လက္ေျပာၾကားသည္။

ၿပီးခဲ့သည့္ ေအာက္တိုဘာ ၂၇ ရက္ကလည္း လားရွိုးၿမိဳ႕နယ္ တရား႐ုံးတြင္ တပ္မေတာ္က တရားစြဲဆိုထားေသာ မတရား အသင္းဆက္သြယ္မႈပုဒ္မ ၁၇(၁) အပါအဝင္ အျခားပုဒ္မ ႏွစ္ခုျဖင့္ မုံးကိုးၿမိဳ႕နယ္ ကခ်င္ႏွစ္ျခင္း ခရစ္ ယာန္အသင္းေတာ္ဥကၠ႒ ဦးဒီဒီ ေနာင္လတ္ကို ေထာင္ဒဏ္ ေလးႏွစ္ သုံးလႏွင့္ ဓမၼဆရာ ဦးလန္ ေဂ်ာ္ဂမ္ဆိုင္းကို ေထာင္ဒဏ္ ၂ ႏွစ္သုံးလ အသီးသီး အမိန႔္ခ်မွတ္ခဲ့ သည္။

‘‘ကြၽန္မကို သူေျပာတာ အေမကြၽန္ေတာ္ ဘာမွမေျပာ တတ္ဘူး။ ဘာမွမသိဘူး။ သူ႕ကို ေခၚသြားတယ္။ ဖမ္းတယ္လို႔ ေျပာတယ္။ သူ႕အသက္ငယ္ေသးလို႔ ကြၽန္မသြားေထာက္ခံတယ္ေလ။ ကြၽန္မလည္း ဘာမွမသိဘူး’’ဟု ေမာင္ခ်ိဳမင္းေထြး၏ မိခင္ျဖစ္သူ က ေအာက္တိုဘာ ၃၁ ရက္၌ ေျပာသည္။

တအာင္းပေလာင္အမ်ိဳး သားပါတီမွ ဗဟိုအလုပ္မႈေဆာင္ တာလွေဖက ‘‘ရွစ္တန္းေက်ာင္း သား (၁၄) ႏွစ္သား ကေလးကို ၁၇(၁) နဲ႕ဆြဲၿပီးေတာ့မွ ေထာင္ဒဏ္ ေတြဘာေတြခ်ပစ္တယ္။ နမ့္ဆန္ၿမိဳ႕နယ္ ထန္ဆမ္ဆိုတဲ့႐ြာမွာ။ အဲဒီက စစ္ေၾကာင္းမႉးလား၊ ဗ်ဴဟာမႉးလား ဘယ္လိုလဲေတာ့ မသိဘူး။ တပ္ဘက္က အႀကီးအကဲတစ္ေယာက္က တရားလိုလုပ္ၿပီးေတာ့မွ ဆြဲတာ။ ဆြဲၿပီးေတာ့ ခ်က္ခ်င္းပဲ ဘာမွေလွ်ာက္လဲခ်က္ျပဳလို႔မရဘူး။ ဘာေရွ႕ေနေရွ႕ရပ္နဲ႕မွ လိုက္လို႔မရဘူး။ ခ်က္ခ်င္းပဲ ေထာင္ဒဏ္ခ်ပစ္လိုက္တယ္။ တစ္ဖက္က လူမႈအဖြဲ႕အစည္းေတြကေတာ့ အဲဒါကို ျပန္လိုက္မယ္လို႔ ေျပာတယ္’’ဟု ေျပာသည္။

==========

7Day News Journal

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here