Android ဖုန်းတစ်လုံး ဝယ်ယူပြီးတာနဲ့ ပြင်ဆင်သင့်တဲ့ Setting ၅ ခု

 

Android ဖုန်းတွေက Brand မျိုးစုံရောင်းချနေတာဆိုပေမယ့် Google ကထုတ်လုပ်တဲ့ Android OS ကိုပဲ အသုံးပြုနေတာဖြစ်တဲ့အတွက် အခြေခံ Setting တွေကတော့ ဖုန်းတိုင်းတူညီမှာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် Android ဖုန်းသစ်တစ်လုံး ဝယ်ယူပြီးတာနဲ့ နောက်ပိုင်း အသုံးပြုရတာ အဆင်ပြေစေဖို့အတွက် ပြင်ဆင်ထားသင့်တဲ့ Setting ၅ ခုကို ဖော်ပြပေးလိုက်ပါတယ်။

1. Brightness ကို ပြန်လည်ပြင်ဆင်ခြင်း

ဆိုင်မှာဖုန်းကို ဝယ်ယူဖို့ကြည့်ရှုတဲ့အချိန်မှာ ဖုန်းရဲ့ Screen က သာမန်ထက်လင်းနေတာကို ကြုံဖူးမှာပါ။ အဲ့ဒါက ဖုန်းဆိုင်က အရောင်းဝန်ထမ်းက Screen Resolution ကိုပိုပြီးထင်ရှားနေအောင် Brightness ကို အမြင့်ဆုံးထားထားတာကြောင့်ဖြစ်ပါတယ်။ ဖုန်းကိုဝယ်ယူပြီး အသုံးတော့မယ့်ဆိုရင် Brightness ကို အမြင့်ဆုံးထားတာက ဖုန်းကို Heat တက်စေသလို Battery ကိုလည်း ပိုစားစေတဲ့အတွက် Brightness ကို 50% လောက်မှာပဲ ပြောင်းထားရမှာပါ။

2. Display အရောင်ကို ချိန်ညှိပါ

ဖုန်းကိုဝယ်ယူပြီးပြီးချင်းမှာ Display အရောင်က ကိုယ့်စိတ်ကြိုက် တောက်ပနေတဲ့အရောင်ကို ဖော်ပြချင်မှာ ဖော်ပြမှာပါ။ တကယ်လို့ အရောင်က အဝါဘက်သန်းနေတယ်၊ ဒါမှမဟုတ် အပြာဘက်သန်းနေတယ်လို့ ယူဆရင် Setting – Display မှာ ကိုယ့်မျက်စိနဲ့ သင့်တော်တဲ့အရောင်ကို ချိန်ညှိလို့ရပါတယ်။ တကယ်လို့ ကိုယ်ဝယ်ယူထားတဲ့ဖုန်းက AMOLED Display နဲ့ ဖုန်းဆိုရင် အမည်းရောင် Theme တွေ၊ Wallpaper တွေပြောင်းထားတာက Black Pixels တွေကို အလင်းရောင်မပေးတဲ့အတွက် Battery စား သိသိသာသာသက်သာဦးမှာပါ။

3. New App Shortcuts ကို Disable ပြုလုပ်ခြင်း

Android ဖုန်းသစ်တစ်ခုဝယ်ယူလိုက်ပြီဆိုတာနဲ့ ကိုယ့်အတွက်လိုအပ်တဲ့ Application တွေကို Google Play Store ကနေ Download ပြုလုပ်ရတော့မှာပါ။ အဲ့ဒီအချိန်ကြရင် ကိုယ် Download လုပ်လိုက်တဲ့ Application တွေက Home Screen မှာ လာပေါ်နေတာက စိတ်ညစ်စရာပါ။ အဲ့ဒီအတွက် Application တွေ Download မပြုလုပ်ခင် Google Play Store ရဲ့ Setting ထဲမှာ “Add Icon to Home Screen” ဆိုတာကို အမှန်ခြစ်ဖြုတ်ထားလိုက်ပါ။

4. ညဘက်မှာ Do Not Disturb Feature ကို Schedule ပြုလုပ်ထားပါ

ညဘက်အိပ်နေတုန်း ဖုန်းဝင်လာလို့ လန့်နိုးပြီး ပြန်အိပ်လို့မရတာမျိုး ကြုံဖူးကြမှာပါ။ အဲ့ဒီအခြေအနေကို ညဘက်တွေမှာ ဖုန်းကို Do Not Disturb ထဲအလိုအလျောက်ဝင်နေအောင် ကြိုတင်ပြီး Schedule ဆွဲထားလို့ရပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုရင် ဖုန်းရဲ့ Setting ထဲမှာ ရှိတဲ့ Do Not Disturb က Schedule ကို On ပြီး ကိုယ်သတ်မှတ်ချင်တဲ့ အချိန်နဲ့ နေ့ရက်တွေကို ရွေးချယ်ပေးလိုက်ရုံပါပဲ။

5. Find My Phone ကို On ထားပါ

Android ဖုန်းတွေမှာ တကယ်လို့ ဖုန်းပျောက်သွားရင် ပြန်ရှာလို့ရတဲ့ Find My Phone Function ပါဝင်ပြီးတော့ အရင်ဆုံးဖုန်းထဲမှာ ကိုယ့် Gmail Account ကို ထည့်သွင်းထားရပါမယ်။ ပြီးရင် Google Play Store ကနေ Android Device Manager ဒါမှမဟုတ် Find My Device App ကို Download ရယူပြီး ကိုယ့်ဖုန်းကို Register ပြုလုပ်ထားရမှာဖြစ်ပါတယ်။ တချို့ Samsung နဲ့ Xiaomi ဖုန်းတွေကလည်း သီးသန့် ဖုန်းပျောက်ရင် ရှာဖွေတဲ့ စနစ်တွေပါဝင်တဲ့အတွက် တခါထဲ ပြုလုပ်ထားရမှာဖြစ်ပါတယ်။

 

[[Zawgyi]]

 

Android ဖုန္းတစ္လံုး ဝယ္ယူျပီးတာနဲ႔ ျပင္ဆင္သင့္တဲ့ Setting ၅ ခု

 

Android ဖုန္းေတြက Brand မ်ိဳးစံုေရာင္းခ်ေနတာဆိုေပမယ့္ Google ကထုတ္လုပ္တဲ့ Android OS ကိုပဲ အသံုးျပဳေနတာျဖစ္တဲ့အတြက္ အေျခခံ Setting ေတြကေတာ့ ဖုန္းတုိင္းတူညီမွာပဲျဖစ္ပါတယ္။ အဲ့ဒီအတြက္ Android ဖုန္းသစ္တစ္လံုး ဝယ္ယူျပီးတာနဲ႔ ေနာက္ပိုင္း အသံုးျပဳရတာ အဆင္ေျပေစဖုိ႔အတြက္ ျပင္ဆင္ထားသင့္တဲ့ Setting ၅ ခုကို ေဖာ္ျပေပးလုိက္ပါတယ္။

1. Brightness ကို ျပန္လည္ျပင္ဆင္ျခင္း

ဆုိင္မွာဖုန္းကို ဝယ္ယူဖုိ႔ၾကည့္ရႈတဲ့အခ်ိန္မွာ ဖုန္းရဲ႕ Screen က သာမန္ထက္လင္းေနတာကို ၾကံဳဖူးမွာပါ။ အဲ့ဒါက ဖုန္းဆိုင္က အေရာင္းဝန္ထမ္းက Screen Resolution ကိုပိုျပီးထင္ရွားေနေအာင္ Brightness ကို အျမင့္ဆံုးထားထားတာေၾကာင့္ျဖစ္ပါတယ္။ ဖုန္းကိုဝယ္ယူျပီး အသံုးေတာ့မယ့္ဆုိရင္ Brightness ကို အျမင့္ဆံုးထားတာက ဖုန္းကို Heat တက္ေစသလုိ Battery ကိုလည္း ပိုစားေစတဲ့အတြက္ Brightness ကို 50% ေလာက္မွာပဲ ေျပာင္းထားရမွာပါ။

2. Display အေရာင္ကို ခ်ိန္ညွိပါ

ဖုန္းကိုဝယ္ယူျပီးျပီးခ်င္းမွာ Display အေရာင္က ကိုယ့္စိတ္ၾကိဳက္ ေတာက္ပေနတဲ့အေရာင္ကို ေဖာ္ျပခ်င္မွာ ေဖာ္ျပမွာပါ။ တကယ္လုိ႔ အေရာင္က အဝါဘက္သန္းေနတယ္၊ ဒါမွမဟုတ္ အျပာဘက္သန္းေနတယ္လုိ႔ ယူဆရင္ Setting – Display မွာ ကိုယ့္မ်က္စိနဲ႔ သင့္ေတာ္တဲ့အေရာင္ကို ခ်ိန္ညွိလုိ႔ရပါတယ္။ တကယ္လုိ႔ ကိုယ္ဝယ္ယူထားတဲ့ဖုန္းက AMOLED Display နဲ႔ ဖုန္းဆိုရင္ အမည္းေရာင္ Theme ေတြ၊ Wallpaper ေတြေျပာင္းထားတာက Black Pixels ေတြကို အလင္းေရာင္မေပးတဲ့အတြက္ Battery စား သိသိသာသာသက္သာဦးမွာပါ။

3. New App Shortcuts ကို Disable ျပဳလုပ္ျခင္း

Android ဖုန္းသစ္တစ္ခုဝယ္ယူလုိက္ျပီဆိုတာနဲ႔ ကိုယ့္အတြက္လုိအပ္တဲ့ Application ေတြကို Google Play Store ကေန Download ျပဳလုပ္ရေတာ့မွာပါ။ အဲ့ဒီအခ်ိန္ၾကရင္ ကုိယ္ Download လုပ္လုိက္တဲ့ Application ေတြက Home Screen မွာ လာေပၚေနတာက စိတ္ညစ္စရာပါ။ အဲ့ဒီအတြက္ Application ေတြ Download မျပဳလုပ္ခင္ Google Play Store ရဲ႕ Setting ထဲမွာ “Add Icon to Home Screen” ဆုိတာကို အမွန္ျခစ္ျဖဳတ္ထားလုိက္ပါ။

4. ညဘက္မွာ Do Not Disturb Feature ကို Schedule ျပဳလုပ္ထားပါ

ညဘက္အိပ္ေနတုန္း ဖုန္းဝင္လာလုိ႔ လန္႔ႏုိးျပီး ျပန္အိပ္လုိ႔မရတာမ်ိဳး ၾကံဳဖူးၾကမွာပါ။ အဲ့ဒီအေျခအေနကို ညဘက္ေတြမွာ ဖုန္းကို Do Not Disturb ထဲအလုိအေလ်ာက္ဝင္ေနေအာင္ ၾကိဳတင္ျပီး Schedule ဆြဲထားလုိ႔ရပါတယ္။ ဘယ္လုိလုပ္ရမလဲဆုိရင္ ဖုန္းရဲ႕ Setting ထဲမွာ ရွိတဲ့ Do Not Disturb က Schedule ကို On ျပီး ကိုယ္သတ္မွတ္ခ်င္တဲ့ အခ်ိန္နဲ႔ ေန႔ရက္ေတြကို ေရြးခ်ယ္ေပးလိုက္ရုံပါပဲ။

5. Find My Phone ကို On ထားပါ

Android ဖုန္းေတြမွာ တကယ္လုိ႔ ဖုန္းေပ်ာက္သြားရင္ ျပန္ရွာလုိ႔ရတဲ့ Find My Phone Function ပါဝင္ျပီးေတာ့ အရင္ဆံုးဖုန္းထဲမွာ ကိုယ့္ Gmail Account ကို ထည့္သြင္းထားရပါမယ္။ ျပီးရင္ Google Play Store ကေန Android Device Manager ဒါမွမဟုတ္ Find My Device App ကို Download ရယူျပီး ကိုယ့္ဖုန္းကို Register ျပဳလုပ္ထားရမွာျဖစ္ပါတယ္။ တခ်ိဳ႕ Samsung န႔ဲ Xiaomi ဖုန္းေတြကလည္း သီးသန္႔ ဖုန္းေပ်ာက္ရင္ ရွာေဖြတဲ့ စနစ္ေတြပါဝင္တဲ့အတြက္ တခါထဲ ျပဳလုပ္ထားရမွာျဖစ္ပါတယ္။

 

LEAVE A REPLY

Please enter your comment!
Please enter your name here