ဒုဋ္ဌဂါမဏိမင်းအကြောင်း တရားတော်ကို လေးပွင့်ဆိုင်ညီညွတ်ရေးအတွက် ရည်ရွယ် ဟောကြားခြင်းဖြစ်ကြောင်း သီတဂူဆရာတော်မိန့်ကြား

 

လတ်တလော ဝေဖန်မှုများရှိနေသည့် သီဟိုဠ်(သီရိ လင်္ကာ) ဒုဋ္ဌဂါမဏိမင်းအကြောင်း တရားတော်သည် သံဃာတော် များ၊ အစိုးရ၊ ပြည်သူနှင့် တပ်မတော်တို့ လေးပွင့်ဆိုင်ညီညွတ်ရေးအတွက် ရည်ရွယ်ဟောကြားခြင်း ဖြစ်ကြောင်း သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရက နိုဝင်ဘာ ၅ ရက်တွင် မိန့်ကြား သည်။

အောက်တိုဘာ ၃၀ ရက်က ကရင်ပြည်နယ် သံတောင်မြို့ ဘုရင့်နောင်တပ်မြို့ရှိ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း ၌ ကျင်းပသည့် ဓမ္မသဘင်တွင် ဟောကြားခဲ့သည့် တရားတော်မှ အချက်အချို့နှင့် ပတ်သက်၍ သီတဂူဆရာတော်ကို ဝေဖန်မှု အချို့ ထွက်ပေါ်နေခြင်းဖြစ်သည်။

‘‘လေးချောင်းထောက် (သံဃာ၊ တပ်၊ အစိုးရ၊ ပြည်သူ) ညီညွတ်ရေးအတွက် ငါပြောတာ။စစ်တိုက်ခြင်းသည် နိုင်ငံ့အတွက် သာလျှင်မဟုတ်ဘူး။ သာသနာ အတွက်ပါ ပါရမယ်။ ဒါပဲ’’ဟု လတ်တလော ဝေဖန်မှုများနှင့် ပတ်သက်၍ 7Day Daily ၏ မေး မြန်းမှုကို နိုဝင်ဘာ ၅ ရက်က ဒဂုံ မြို့သစ် (မြောက်ပိုင်း)၌ ကျင်းပ သည့် ဗိုလ်ချုပ်အောင်ဆန်းကြေး ရုပ်တု စိုက်ထူရေး ပန္နက်တင်အ ခမ်းအနားအပြီး ဆရာတော်က ပြန်လည်မိန့်ကြားသည်။

ဒုဋ္ဌဂါမဏိ မင်းသည် တမီလ်နှင့် ဗုဒ္ဓဘာသာ နှစ်ပိုင်းကွဲ နေသည့် သီဟိုဠ်ကို တပေါင်း တစည်းတည်းအဖြစ် ပြန်လည် ထူထောင်ရာတွင် တမီလ်များနှင့် တိုက်ခိုက်ခဲ့သည်။ ယင်းစစ်ပွဲတွင် တမီလ် သိန်းပေါင်းများစွာကို သတ်ဖြတ်ခဲ့၍ ဒုဋ္ဌဂါမဏိမင်း သည် စိတ်သောကရောက်ခဲ့သော် လည်း သရဏဂုံသုံးပါးနှင့် ငါးပါး သီလပူးတွဲဆောက်တည်သူများ သာ လူပီသသူများဖြစ်ပြီး သေဆုံး သူများတွင် ယင်းကဲ့သို့ လူပီသသူ တစ်ယောက်နှင့် တစ်ပိုင်းသာပါ သဖြင့် ကြီးမားသော အပြစ်မဖြစ် နိုင်ဟု ရဟန္တာများက မိန့်ကြား၍ စိတ်သက်သာရာရစေခဲ့ကြောင်း သီတဂူဆရာတော်က ယင်းတရား ပွဲ၌ ဟောကြားခဲ့သည်။

‘‘ဓမ္မရဲ့ စွမ်းရည်ကို ပြောနေ တာနော်။ ဒုဋ္ဌဂါမဏိမင်းကြီးအ ပေါ်မှာ ဓမ္မစွမ်းရည်တွေ သက် ရောက်နေလို့ စစ်ပွဲကြီးနိုင်တဲ့အ ကြောင်း၊ သံဃာတော်တွေနဲ့ ညီ ညွတ်စွာတိုက်ခဲ့လို့ စစ်ပွဲကြီးပြီး ဆုံးတဲ့အကြောင်း၊ ကျူးကျော်ဝင် ရောက်သူတွေကို အပြုတ်အပြတ် တိုက်ခိုက်နိုင်ခဲ့တဲ့အကြောင်းကို ပြောပြတာ။ ညီညွတ်ရေးပေါ့။ မင်းနဲ့ ပြည်သူညီညွတ်ရမယ်။ တပ်နဲ့ သံဃာတော်တွေ ညီညွတ် ရမယ်၊ လေးဦးလေးဖလှယ် ညီ ညွတ်ဖို့ ကုလားထိုင်ရဲ့ ခြေလေး ချောင်းလို အားလုံးနိုင်ငံတော်ကို ဝိုင်းထောက်ဖို့ပြောတာ’’ဟု အဆိုပါတရားပွဲ၌ ဆရာတော်က ဟော ကြားခဲ့သည်။

သီတဂူဆရာတော်၏ ဟော ကြားမှုသည် ဗုဒ္ဓ၏ ဟောကြားမှု များနှင့် ညီညွတ်မှုမရှိကြောင်း ဗုဒ္ဓ ဘာသာဝင်အချို့က ပြန်လည်ဝေ ဖန်ကာ ဆရာတော်၏ ဟောကြား မှုကို လက်မခံနိုင်ကြောင်း လူမှု ကွန်ရက်စာမျက်နှာများ၌ ရေး သားဖော်ပြခဲ့သည်။

သီတဂူဆရာတော်သည် နိုဝင်ဘာ ၅ ရက်က ကျင်းပသည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု စိုက်ထူရေး ပန္နက်တင်အခမ်းအ နား၌ ဩဝါဒစကားမိန့်ကြားရာ နိုင်ငံတစ်ဝန်း ဗိုလ်ချုပ်အောင် ဆန်းရုပ်တုများ စိုက်ထူထားရှိရာ တွင် ဗိုလ်ချုပ်၏ ကျောင်းသား ခေါင်းဆောင်ဘဝ၊ ဖဆပလ ခေါင်းဆောင်၊ နိုင်ငံရေးသမား ဘဝ ပုံရိပ်များအနေဖြင့်လည်း ထုလုပ်ထားရှိရန် တိုက်တွန်းခဲ့ သည်။

‘‘ဘုန်းကြီးတို့ မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေ ဟာ အများအားဖြင့် စစ်သားရုပ် တွေချည်းပဲ။ ဓားတွေ၊ လှံတွေနဲ့ မြင်းစီးနေတဲ့ အရုပ်တွေ အလွန် များတယ်။ တခြားအိုင်ဒီယာလေး တွေ ပြောင်းကြပါဦးဆိုတာကို အလေးအနက် တိုက်တွန်းတယ်’’ ဟု မိန့်ကြားခဲ့သည်။

 

7Day News Journal

 

[[Zawgyi]]

ဒု႒ဂါမဏိမင္းအေၾကာင္း တရားေတာ္ကို ေလးပြင့္ဆုိင္ညီၫြတ္ေရးအတြက္ ရည္ရြယ္ ေဟာၾကားျခင္းျဖစ္ေၾကာင္း သီတဂူဆရာေတာ္မိန္႔ၾကား

 

လတ္တေလာ ေဝဖန္မႈမ်ားရွိေနသည့္ သီဟိုဠ္(သီရိ လကၤာ) ဒု႒ဂါမဏိမင္းအေၾကာင္း တရားေတာ္သည္ သံဃာေတာ္ မ်ား၊ အစိုးရ၊ ျပည္သူႏွင့္ တပ္မေတာ္တုိ႔ ေလးပြင့္ဆုိင္ညီၫြတ္ေရးအတြက္ ရည္ရြယ္ေဟာၾကားျခင္း ျဖစ္ေၾကာင္း သီတဂူဆရာေတာ္ ေဒါက္တာအရွင္ဉာဏိႆရက ႏိုဝင္ဘာ ၅ ရက္တြင္ မိန္႔ၾကား သည္။

ေအာက္တိုဘာ ၃၀ ရက္က ကရင္ျပည္နယ္ သံေတာင္ၿမိဳ႕ ဘုရင့္ေနာင္တပ္ၿမိဳ႕ရွိ တပ္မေတာ္ (ၾကည္း) တိုက္ခိုက္ေရးေက်ာင္း ၌ က်င္းပသည့္ ဓမၼသဘင္တြင္ ေဟာၾကားခဲ့သည့္ တရားေတာ္မွ အခ်က္အခ်ိဳ႕ႏွင့္ ပတ္သက္၍ သီတဂူဆရာေတာ္ကို ေဝဖန္မႈ အခ်ိဳ႕ ထြက္ေပၚေနျခင္းျဖစ္သည္။

‘‘ေလးေခ်ာင္းေထာက္ (သံဃာ၊ တပ္၊ အစိုးရ၊ ျပည္သူ) ညီၫြတ္ေရးအတြက္ ငါေျပာတာ။စစ္တိုက္ျခင္းသည္ ႏုိင္ငံ့အတြက္ သာလွ်င္မဟုတ္ဘူး။ သာသနာ အတြက္ပါ ပါရမယ္။ ဒါပဲ’’ဟု လတ္တေလာ ေဝဖန္မႈမ်ားႏွင့္ ပတ္သက္၍ 7Day Daily ၏ ေမး ျမန္းမႈကို ႏိုဝင္ဘာ ၅ ရက္က ဒဂံု ၿမိဳ႕သစ္ (ေျမာက္ပိုင္း)၌ က်င္းပ သည့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကး ႐ုပ္တု စိုက္ထူေရး ပႏၷက္တင္အ ခမ္းအနားအၿပီး ဆရာေတာ္က ျပန္လည္မိန္႔ၾကားသည္။

ဒု႒ဂါမဏိ မင္းသည္ တမီလ္ႏွင့္ ဗုဒၶဘာသာ ႏွစ္ပိုင္းကြဲ ေနသည့္ သီဟိုဠ္ကို တေပါင္း တစည္းတည္းအျဖစ္ ျပန္လည္ ထူေထာင္ရာတြင္ တမီလ္မ်ားႏွင့္ တိုက္ခိုက္ခဲ့သည္။ ယင္းစစ္ပြဲတြင္ တမီလ္ သိန္းေပါင္းမ်ားစြာကို သတ္ျဖတ္ခဲ့၍ ဒု႒ဂါမဏိမင္း သည္ စိတ္ေသာကေရာက္ခဲ့ေသာ္ လည္း သရဏဂံုသံုးပါးႏွင့္ ငါးပါး သီလပူးတြဲေဆာက္တည္သူမ်ား သာ လူပီသသူမ်ားျဖစ္ၿပီး ေသဆံုး သူမ်ားတြင္ ယင္းကဲ့သို႔ လူပီသသူ တစ္ေယာက္ႏွင့္ တစ္ပိုင္းသာပါ သျဖင့္ ႀကီးမားေသာ အျပစ္မျဖစ္ ႏိုင္ဟု ရဟႏၲာမ်ားက မိန္႔ၾကား၍ စိတ္သက္သာရာရေစခဲ့ေၾကာင္း သီတဂူဆရာေတာ္က ယင္းတရား ပြဲ၌ ေဟာၾကားခဲ့သည္။

‘‘ဓမၼရဲ႕ စြမ္းရည္ကို ေျပာေန တာေနာ္။ ဒု႒ဂါမဏိမင္းႀကီးအ ေပၚမွာ ဓမၼစြမ္းရည္ေတြ သက္ ေရာက္ေနလို႔ စစ္ပြဲႀကီးႏုိင္တဲ့အ ေၾကာင္း၊ သံဃာေတာ္ေတြနဲ႔ ညီ ၫြတ္စြာတိုက္ခဲ့လုိ႔ စစ္ပြဲႀကီးၿပီး ဆံုးတဲ့အေၾကာင္း၊ က်ဴးေက်ာ္ဝင္ ေရာက္သူေတြကို အျပဳတ္အျပတ္ တုိက္ခိုက္ႏုိင္ခဲ့တဲ့အေၾကာင္းကို ေျပာျပတာ။ ညီၫြတ္ေရးေပါ့။ မင္းနဲ႔ ျပည္သူညီၫြတ္ရမယ္။ တပ္နဲ႔ သံဃာေတာ္ေတြ ညီၫြတ္ ရမယ္၊ ေလးဦးေလးဖလွယ္ ညီ ၫြတ္ဖို႔ ကုလားထိုင္ရဲ႕ ေျခေလး ေခ်ာင္းလို အားလံုးႏုိင္ငံေတာ္ကို ဝုိင္းေထာက္ဖို႔ေျပာတာ’’ဟု အဆုိပါတရားပြဲ၌ ဆရာေတာ္က ေဟာ ၾကားခဲ့သည္။

သီတဂူဆရာေတာ္၏ ေဟာ ၾကားမႈသည္ ဗုဒၶ၏ ေဟာၾကားမႈ မ်ားႏွင့္ ညီၫြတ္မႈမရွိေၾကာင္း ဗုဒၶ ဘာသာဝင္အခ်ိဳ႕က ျပန္လည္ေဝ ဖန္ကာ ဆရာေတာ္၏ ေဟာၾကား မႈကို လက္မခံႏုိင္ေၾကာင္း လူမႈ ကြန္ရက္စာမ်က္ႏွာမ်ား၌ ေရး သားေဖာ္ျပခဲ့သည္။

သီတဂူဆရာေတာ္သည္ ႏိုဝင္ဘာ ၅ ရက္က က်င္းပသည့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကး႐ုပ္တု စိုက္ထူေရး ပႏၷက္တင္အခမ္းအ နား၌ ဩဝါဒစကားမိန္႔ၾကားရာ ႏုိင္ငံတစ္ဝန္း ဗိုလ္ခ်ဳပ္ေအာင္ ဆန္း႐ုပ္တုမ်ား စိုက္ထူထားရွိရာ တြင္ ဗိုလ္ခ်ဳပ္၏ ေက်ာင္းသား ေခါင္းေဆာင္ဘဝ၊ ဖဆပလ ေခါင္းေဆာင္၊ ႏုိင္ငံေရးသမား ဘဝ ပံုရိပ္မ်ားအေနျဖင့္လည္း ထုလုပ္ထားရွိရန္ တုိက္တြန္းခဲ့ သည္။

‘‘ဘုန္းႀကီးတုိ႔ ျမန္မာႏုိင္ငံမွာ ဗုိလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္တုေတြ ဟာ အမ်ားအားျဖင့္ စစ္သား႐ုပ္ ေတြခ်ည္းပဲ။ ဓားေတြ၊ လွံေတြနဲ႔ ျမင္းစီးေနတဲ့ အ႐ုပ္ေတြ အလြန္ မ်ားတယ္။ တျခားအုိင္ဒီယာေလး ေတြ ေျပာင္းၾကပါဦးဆိုတာကို အေလးအနက္ တိုက္တြန္းတယ္’’ ဟု မိန္႔ၾကားခဲ့သည္။

 

7Day News Journal

 

LEAVE A REPLY

Please enter your comment!
Please enter your name here