အရက်ဆီများတွင် အစာအိမ်နှင့် ဦးနှောက်ကို ထိခိုက်စေသော ဓာတ်များလွန်ကဲစွာပါဝင်နေဟုဆို

 

ပြည်တွင်း၌ ရောင်းချနေသော အရက်ဆီများတွင် အစာအိမ်နှင့် ဦးနှောက်ကို ထိခိုက်စေသော ဓာတ်များလွန်ကဲစွာပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိသဖြင့် ထိန်းချုပ်မှုများလုပ်ဆောင်မည်ဟု အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ပြောသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်ဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရောင်းချနေသော အရက်အမျိုးအစား ၁၃၀ ကို ယခုနှစ်အတွင်း ဈေးကွက်နမူနာ ကောက်ယူစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါအရက်များသည် နိုင်ငံတကာမှ သတ်မှတ်ထားသည့် စံချိန်စံနှုန်းအတိုင်းရှိသော်လည်း အရက်ဆီများသည် Methyl Alcohol နှင့် Fusel Oil သတ်မှတ်ပမာဏထက် များစွာလွန်ကဲနေသည်ကို တွေ့ရှိရ၍ ဈေးကွက်နမူ နာထပ်မံကောက်ယူကာ ဓာတ်ခွဲစစ်ဆေးမည်ဖြစ်သည်။

‘‘အရက်အမျိုးအစား ၁၃၀ မှာ သွားတွေ့တာက နိုင်ငံတကာ လက်ခံတဲ့အတိုင်းပဲရှိတယ်။ တကယ်တမ်းပိုပြီး ပါနေတာက အရက်ဆီတွေမှာ ပိုပြီးတော့ ပါနေတယ်။ အရက်ပြင်းပြင်းသောက်ချင်ရင်တော့ အတိုင်းအဆမရှိ စပ်ပြီးတော့ သောက်ကြတယ်။ ရောင်းကြတယ်။ ဒါကြောင့် အရက်ဆီနဲ့ ပတ်သက်ပြီးတော့ ထိန်းချုပ်မယ်’’ဟု ဒေါက်တာသန်းထွဋ်က ပြောသည်။

Methyl Alcohol နှင့် Fusel Oil လွန်ကဲစွာပါဝင်နေသော အရက်ဆီများကို သောက်သုံးမိပါက အစာအိမ်အနာဖြစ်ခြင်း၊ အစာအိမ်ရောဂါရခြင်း၊ ဦးနှောက်ပျက်စီးခြင်း၊ အသည်းကျွမ်းခြင်း၊ အသည်းပျက်စီးခြင်း စသည့်ရောဂါ များ ဖြစ်ပွားစေနိုင်သည်ဟု ဆိုသည်။

အရက်ဆီ(ချက်အရက်၊ ဘီအီးအရက်)သည် အခြေခံလူတန်းစားများအတွက် အလွယ်တကူ ဝယ်ယူသောက်သုံးနိုင်သော ပြည်တွင်းထုတ်အရက်တစ်မျိုး ဖြစ်သည်။

ယခု တွေ့ရှိချက်များကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် အစိုးရအဖွဲ့များသို့ ယစ်မျိုးဥပဒေဖြင့် အရေးယူနိုင်ရန် တင်ပြထားပြီး တိုင်းနှင့် ပြည်နယ်အသီးသီးရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲများသို့ အကြောင်းကြားကာ ထိန်းချုပ်မှုများ ပြုလုပ်ထားကြောင်း ဒေါက်တာသန်းထွဋ်က ပြောသည်။

မြန်မာနိုင်ငံ၌ လူဦးရေ ၁,၀၀၀ တွင် ၂၃ ဦးသည် အရက်စွဲနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောဆိုထားပြီး ကမ္ဘာပေါ်တွင် အရက်အလွန်အကျွံ သောက်သုံးမှုနှင့် ပတ်သက်သည့် ပြဿနာကြောင့် နှစ်စဉ် လူပေါင်း ၃ ဒသမ ၃ သန်းခန့် သေဆုံးနေရသည်။ အရက်ကြောင့် သေဆုံးမှုသည် HIV/AIDS ရောဂါ၊ တီဘီရောဂါတို့ဖြင့် သေဆုံးခြင်းထက် ပိုမိုမြင့်မားနေသည်။

 

[[Zawgyi]]

အရက္ဆီမ်ားတြင္ အစာအိမ္ႏွင့္ ဦးေႏွာက္ကို ထိခိုက္ေစေသာ ဓာတ္မ်ားလြန္ကဲစြာပါဝင္ေနဟုဆို

 

ျပည္တြင္း၌ ေရာင္းခ်ေနေသာ အရက္ဆီမ်ားတြင္ အစာအိမ္ႏွင့္ ဦးေႏွာက္ကို ထိခိုက္ေစေသာ ဓာတ္မ်ားလြန္ကဲစြာပါဝင္ေနသည္ကို စစ္ေဆးေတြ႕ရွိသျဖင့္ ထိန္းခ်ဳပ္မႈမ်ားလုပ္ေဆာင္မည္ဟု အစားအေသာက္ႏွင့္ ေဆးဝါး ကြပ္ကဲေရးဦးစီးဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာသန္းထြဋ္က ေျပာသည္။
က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္္ႀကီး၏လမ္းၫႊန္ခ်က္ျဖင့္ တစ္ႏုိင္ငံလံုးအတိုင္းအတာျဖင့္ ေရာင္းခ်ေနေသာ အရက္အမ်ိဳးအစား ၁၃၀ ကို ယခုႏွစ္အတြင္း ေစ်းကြက္နမူနာ ေကာက္ယူစစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့သည္။

အဆုိပါအရက္မ်ားသည္ ႏုိင္ငံတကာမွ သတ္မွတ္ထားသည့္ စံခ်ိန္စံႏႈန္းအတုိင္းရွိေသာ္လည္း အရက္ဆီမ်ားသည္ Methyl Alcohol ႏွင့္ Fusel Oil သတ္မွတ္ပမာဏထက္ မ်ားစြာလြန္ကဲေနသည္ကို ေတြ႕ရွိရ၍ ေစ်းကြက္နမူ နာထပ္မံေကာက္ယူကာ ဓာတ္ခြဲစစ္ေဆးမည္္ျဖစ္သည္။

‘‘အရက္အမ်ိဳးအစား ၁၃၀ မွာ သြားေတြ႕တာက ႏုိင္ငံတကာ လက္ခံတဲ့အတုိင္းပဲရွိတယ္။ တကယ္တမ္းပိုၿပီး ပါေနတာက အရက္ဆီေတြမွာ ပိုၿပီးေတာ့ ပါေနတယ္။ အရက္ျပင္းျပင္းေသာက္ခ်င္ရင္ေတာ့ အတုိင္းအဆမရွိ စပ္ၿပီးေတာ့ ေသာက္ၾကတယ္။ ေရာင္းၾကတယ္။ ဒါေၾကာင့္ အရက္ဆီနဲ႔ ပတ္သက္ၿပီးေတာ့ ထိန္းခ်ဳပ္မယ္’’ဟု ေဒါက္တာသန္းထြဋ္က ေျပာသည္။

Methyl Alcohol ႏွင့္ Fusel Oil လြန္ကဲစြာပါဝင္ေနေသာ အရက္ဆီမ်ားကို ေသာက္သံုးမိပါက အစာအိမ္အနာျဖစ္ျခင္း၊ အစာအိမ္ေရာဂါရျခင္း၊ ဦးေႏွာက္ပ်က္စီးျခင္း၊ အသည္းကြၽမ္းျခင္း၊ အသည္းပ်က္စီးျခင္း စသည့္ေရာဂါ မ်ား ျဖစ္ပြားေစႏုိင္သည္ဟု ဆိုသည္။

အရက္ဆီ(ခ်က္အရက္၊ ဘီအီးအရက္)သည္ အေျခခံလူတန္းစားမ်ားအတြက္ အလြယ္တကူ ဝယ္ယူေသာက္သံုးႏိုင္ေသာ ျပည္တြင္းထုတ္အရက္တစ္မ်ိဳး ျဖစ္သည္။

ယခု ေတြ႕ရွိခ်က္မ်ားကို သက္ဆိုင္ရာတုိင္းေဒသႀကီးႏွင့္ အစိုးရအဖြဲ႕မ်ားသို႔ ယစ္မ်ိဳးဥပေဒျဖင့္ အေရးယူႏိုင္ရန္ တင္ျပထားၿပီး တုိင္းႏွင့္ ျပည္နယ္အသီးသီးရွိ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာနခြဲမ်ားသို႔ အေၾကာင္းၾကားကာ ထိန္းခ်ဳပ္မႈမ်ား ျပဳလုပ္ထားေၾကာင္း ေဒါက္တာသန္းထြဋ္က ေျပာသည္။

ျမန္မာႏိုင္ငံ၌ လူဦးေရ ၁,၀၀၀ တြင္ ၂၃ ဦးသည္ အရက္စြဲေနေၾကာင္း ကမၻာ႔က်န္းမာေရးအဖြဲ႔က ေျပာဆိုထားၿပီး ကမၻာေပၚတြင္ အရက္အလြန္အကြၽံ ေသာက္သံုးမႈႏွင့္ ပတ္သက္သည့္ ျပႆနာေၾကာင့္ ႏွစ္စဥ္ လူေပါင္း ၃ ဒသမ ၃ သန္းခန္႔ ေသဆံုးေနရသည္။ အရက္ေၾကာင့္ ေသဆံုးမႈသည္ HIV/AIDS ေရာဂါ၊ တီဘီေရာဂါတို႔ျဖင့္ ေသဆံုးျခင္းထက္ ပိုမိုျမင့္မားေနသည္။

 

LEAVE A REPLY

Please enter your comment!
Please enter your name here