ရေနံနှင့် နိုင်ငံရေး

(၁)
လွန်ခဲ့သော သုံးနှစ်အတွင်း တဖြည်းဖြည်းလျော့နည်းလာနေသော ရေနံဈေးနှုန်းကြောင့် အလုပ်အကိုင်များ နှေးကွေးကုန် သည်။ ယခုအချိန်တွင်မူ ကောင်းကင်ပြင်သည် ကြည်လင်စပြုနေပြီဟု ထင်ရပါသည်။ ဆုံဆည်း တိုက်ဆိုင်လာသော အ ကြောင်းပေါင်းများစွာတို့ကြောင့် ရေနံဈေးသည် တက်စပြုနေပါပြီ။ OPEC- Origanization Of Petroleum Exporting Countries ခေါ် ရေနံတင်ပို့သောနိုင်ငံများ၏ ယုံကြည်ချက်ဖြစ်သော ရေနံဈေးသည် ရေနံတင်ပို့နိုင်ခြင်းအပေါ်တွင် မူတည် သည် “Supply and Demand” ဟူသော အချက်သည် တဖြည်းဖြည်း မှန်ကန်လာနေပြီဟု ယူဆနိုင်ပါသည်။

ဆော်ဒီအာရေးဗီးယားနိုင်ငံက ဆီတင်ပို့ခြင်းကို တဝက်အထိလျော့ချမည်ဟု ကြေညာသည်။ ဆီတင်ပို့ခြင်းကို စည် ၁၆ သန်း တင်ပို့ရာမှ ၆.၆ သန်းအထိ သိသိသာသာကြီးလျော့ချလိုက်သည်။ ရုရှားနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို ယခင်မည်သည့် ခေတ်အခါနှင့်မျှ မတူအောင် ဆောင်ရွက်လိုသော လက္ခဏာရှိသည်။ မကြာသေးမီက ဆော်ဒီအာရေးဗီးယားဘုရင် ဆော်လ မွန် (Salman) ၏ ရုရှားခရီးစဉ်အတွင်း ဤသဘောတူညီချက်များကို ရရှိခဲ့သည်။

(၂)
ကမ္ဘာ့နိုင်ငံရေးမြင်ကွင်းအရမူ ကောင်းစွာမကြည်လင်လှပေ၊ တူရကီနိုင်ငံက “ကဒ်” လူမျိုးများ လွတ်လပ်ရေးအတွက် မဲပေး ခဲ့ခြင်းကို အသာတကြည် ကြည့်မနေနိုင်ပေ။ ကဒ်လူမျိုးများမှာ တူရကီနိုင်ငံတွင် အမြောက်အများ ရှိသည်။ သမ္မတထရန့်က အီရန်နိုင်ငံနှင့် နျူကလီးယားသဘောတူညီချက်ကို ပယ်ဖျက်လိုသည်။ အကယ်၍ ပယ်ဖျက်လိုက်လျင် အီရန်၏ထုတ်ကုန် (Export) ပို့ခြင်းမှာထိခိုက်ဖွယ်ရာရှိသည်။ ဗင်နီဇွဲလားနိုင်ငံ၏ ပြည်တွင်းရေးမငြိမ်သက်မှုများကြောင့် တည်ငြိမ်သော ရေနံ ရောင်းဝယ်ရေးကို ထိခိုက်လျက်ရှိသည်။ တချိန်တည်းမှာပင် ကမ္ဘာတဝှမ်းလုံး လူသားတို့၏ တနေ့လျင် ၂ . ၃ သန်းနှုန်း သုံး စွဲမှုမှာလည်း တဖြည်းဖြည်း တိုးပွားလျက်ရှိသည်။

ဆော်ဒီအာရေးဗီးယားမှာ ကမ္ဘာ၏ ရေနံတင်ပို့မှုကို အကြီးဆုံးလုပ်သောနိုင်ငံနှင့် ရုရှား- တတိယအများဆုံးပို့ သော နိုင်ငံတို့၏ ခင်မင်ရင်းနှီးမှုမှာ ရေနံဈေးကို ထိမ်းချုပ်နိုင်စွမ်းရှိသည်။ ရှေးယခင်က ရန်လိုခဲ့ကြသော နိုင်ငံနှစ်ခု၏ ခင်မင်ရင်းနှီးမှုသည် မည်မျှကြာရှည် ထိန်းသိမ်းထားနိုင်လိမ့်မည် မသိရပေ။ သူတို့ခင်မင်ရင်းနှီးမှုကြောင့် အိုပက်နိုင်ငံများ၏ ရေနံဈေးတိုးတက် အောင်ကြိုးပမ်းမှုကို အထောက်အကူပြုလျက်ရှိသည်။

ဆော်ဒီအာရေးဗီးယားနှင့် ရှရှားတို့၏ ခင်မင်ရင်းနှီးမှုမှာ ၂ဝ၁၇ ခုနှစ်၏ အထူးခြားဆုံးဖြစ်ရပ်များတွင် ပါဝင်ပါသည်။ လွန်ခဲ့ သော နှစ်နှစ်က ဆော်ဒီအာရေးဗီးယားမှ အိမ်ရှေ့မင်းသားသည် ရရှားပြည်သို့ ရောက်ခဲ့သည်။ ထိုစဉ်ကတည်းက တည် ဆောက်ခဲ့ကြသော စွမ်းအင်ဖလှယ်ရေးဆိုင်ရာ Infra Structure များကို ယနေ့ တွေ့နေရပြီးဖြစ်သည်။

ရေနံဈေးတိုးမြင့်မှုနှင့်ပက်သက်၍ မစ္စတာပူတင် (Vladmir Putin) ၏ပါဝင်ပါတ်သက်မှုမှာမသေချာလှပေ။ သူ၏ ဈေးနှုန်း သတ်မှတ်ချက်နှင့် ရာထားချက်များမှာ ၂ဝ၁၈ ခုနှစ်အထိ တည်တံ့နိုင်သည်။ သို့ရာတွင် နောင်များ မကြာမီ ရုရှားပြည်၌ ရွေးကောက်ပွဲရှိနေခြင်း၊ အကြောင်းတစုံတရာကြောင့် ဆော်ဒီအာရေးဗီးယားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုမှာ ပျက်ပြားသွား ပါက ရေနံဈေးနှုန်းဆိုင်ရာ သဘောတူညီချက်များမှာလည်း ပျက်ပြားသွားဘွယ်ရှိသည်။

အမေရိကန်တို့၏ ရေနံတင်ပို့မှုမှာလည်း တိုးတက်နေပါသည်။ ဓာတ်ငွေ့တင်ပို့ခြင်းပါ တပါတည်း တိုးတက်နေပါသည်။ အ ကယ်၍ အမေရိကန် ၏ ဓာတ်ငွေ့တင်ပို့မှုသည် အောင်မြင်၍ ဤအတိုင်း ဆက်လက်တိုးတက်နေပါက ဥရောကကောင်စီက ရုရှားအပေါ် ဓာတ်ငွေ့အတွက် မှီခိုရမှုများမှာ ပျက်ပြားသွားနိုင်သည်။ ဂက်စ်ပို့ကုန်မှာ LNG Liquified Natural Gas အနေဖြင့် ပို့ရခြင်းဖြစ်ပြီးဤဆယ်ခုနှစ်အကုန်တွင် ပိုမိုတိုးပွားလာရန်ရှိသည်။ ထို့ကြောင့် အမေရိကန်တို့သည် စွမ်းအင်ဆိုင်ရာအင်အား ကြီးနိုင်ငံ Super Power ဖြစ်သွားရန် အကြောင်းရှိသည်။ ကျောက်မီးသွေး၊ ရေနံတို့နှင့်မတူသည်မှာ ဓာတ်ငွေ့ကိုဖြန့်ဖြူးရန်အတွက်ဝယ်သူနှင့် ရောင်းသူအကြား ပိုက်လိုင်းသွယ်တန်းမှုရှိရမည်။ LNG သုံးစွဲခြင်းကိုယ်၌ကပင် စွန့်စားမှုက ရှိနေပြီးဖြစ်သည်။ ရောင်းချသူက ဓာတ်ငွေ့ကိုဖြတ်လိုက်လျင် စားသုံးသူမှာ အခက်အခဲဖြစ်သွားနိုင်သည်။

အမေရိကန်တို့၏ ဖြန့်ဝေမှုပုံစံမှာ ဟပ် (Hub) ပုံစံပင်မတနေရာထဲမှာ ဖြန့်ဖြူးခြင်းဖြစ်သဖြင့် မည်သူမဆို ဝယ်ယူသုံးစွဲနိုင်ပြီး ဝယ်သူသတ်မှတ်ချက်မရှိပေ၊ ရုရှားဓာတ်ငွေ့ကို မှီခိုနေရသူများအဖို့ အမေရိကန်ဂက်စ်က ပိုမို၍ စိတ်ချရသည်။

အမေရိကန်တို့၏ ရေနံထုတ်လုပ်ရေးသည် ၁၉၇ဝ ခုနှစ်ခန့်တွင် အမြင့်ဆုံးရောက်ခဲ့ရာ နေ့စဉ် ၉.၆ သန်း( BPD- Barral Per Day) ရှိခဲ့သည်။၂ဝဝ၅ ခုနှစ်တွင် ၃၅ နှစ်ကြာ ထုတ်လုပ်ပြီး ၅ .၂ BPD ရှိသည်။ ဆီကို နိုင်ငံခြားမှ တင်သွင်းရသည်မှာ ၁ဝ.၁ သန်း BPD ရှိခဲ့သည်။ ပြည်တွင်းသုံးစွဲမှု၏ ၅ဝ ရာခိုင်နှုန်းရှိသည်။ ဆီတင်သွင်းရန်အတွက် ဗင်နီဇွဲလား၊ ဆော်ဒီအာရေးဗီးယား နိုင်ငံတို့အပေါ် မှီခိုခဲ့ရသည်။

ဓာတ်ငွေ့ထုတ်လုပ်မှုမှာလည်း ထိုနည်းတူပင် ၁၉၇၃ ခုနှစ်၌ ၂၁.၇ တွီလီယံ ကုဗပေရှိခဲ့ရာမှ ၂ဝဝ၅ တွင် ၁ဂ.၁ TCF Trillion Cu Ft အထိ ရောက်ရှိခဲ့သည်။ ထိုအခြေအနေတွင်ရေနံ သဲကြောကိုဖိအားပေးသော (Hydraluic Fracking) နည်းကို တွေ့ ရှိခဲ့ကြသည်။ ၁၉၄ဝ ခုနှစ်မှစ၍ အသုံးပြုခဲ့သောနည်းမှာ ရေနံသံကြောထဲသို့ ရေ၊ ဓာတုဗေဒပစ္စည်းနှင့် သဲကဲ့သို့သော အရာ များကို မောင်းသွင်းခြင်းပင် ဖြစ်သည်။ ရေနံ နှင့်ဓာတ်ငွေ့သည် အချို့ သဲကြောများတွင် (Reservoir Type) များတွင်စီးဆင်း နိုင်ခြင်းမရှိပေ။ ဖိအားပေးသောအခါ ရေနံသဲကြောတွင်း၌ ရေနံစီးဆင်းနိုင်သည့်လမ်းကြောင်း (channel) လေးများဖြစ်ပေါ်စေ သည်။ ထို့ကြောင့်ဖိအားပေးခြင်း Fracture လုပ်သောစနစ်ကိုသုံး၍ ထိုလမ်းကြောင်းများတွင် ရေနံစီးလာအောင်လုပ်ယူခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် ရေနံရှိသည့် သဲကြောရှိရာ၌ သဲကြောအတိုင်း horizontal well ဖြစ်အောင်တူးသည့်စနစ် ပေါ်လာသည်။ လက်တွေ့တွင်ရေနံရှိသော သဲကြောမှာ ၅,ဝဝဝ ပေမှ ၁ဝ,ဝဝဝ အထိ ကျယ်ပြန့်နိုင်သည်။ နည်းစနစ်အသစ်ကြောင့် ၂ဝဝ၈ မှစ၍ ရေနံထုတ်လုပ်မှုမှာ တဟုန်ထိုး တိုးပွားလာခဲ့သည်။ နောက်လာမည့် ၇ နှစ် အတွင်းစည် ၆သန်း BPD အထိ တိုးပွား လာခဲ့သည်။ နိုင်ငံခြားမှတင်ပို့ရသည်မှာ ၂ဝဝ၅ ခုနှစ်တွင် ၁၂.၅ သန်း ရှိခဲ့ရာမှ ၂ဝ၁၅တွင် ၄.၇ သန်းသာ သွင်းရသည်။ အမေရိကန်နိုင်ငံသည် ကမ္ဘာပေါ်တွင် သဘာဝဓါတ်ငွေ့ အများဆုံထုတ်လုပ်ရာ နိုင်ငံဖြစ်လာခဲ့သည်။

ရေနံထုတ်ကုန်ကို နိုင်ငံခြားသို့တင်ပို့ရောင်းချခြင်းကို နှစ်ပေါင်း ၄ဝ ပိတ်ပင်ထားခဲ့ရာမှ ၂ဝ၁၅ ခုနှစ် တွင် ဖြေလျှော့ပေးသည်။
သဘာဝဓါတ်ငွေ့ ထုတ်လုပ်နိုင်မှုကြောင့် ကျောက်မီးသွေးကို အစားထိုးနိုင်ခဲ့ရာ ပတ်ဝန်းကျင်အပေါ် ဘေးအန္တရာယ် ထိခိုက် ခြင်းကို ကာကွယ်နိုင်ခဲ့သည်။ (Shale boom) ခေါ် Fracture လုပ်သည့် နည်းလမ်းဖြင့် ရေနံထုတ်လုပ်မှုကြောင့် စီးပွားရေး ကပ်ဆိုက်ဖြင်းကို ကာကွယ်နိုင်သည်ဟု ပြောစမှတ်ရှိလာခဲ့သည်။ ကုန်သွယ်ရေး လိုငွေပြခြင်းကို သိသိသာသာ လျော့နည်း စေခဲ့သည်။

ဗြိတိန်နိုင်ငံ၌မူ Fracture လုပ်ခြင်းသည်သဘာဝကြီးကိုထိခိုက်စေသည်။ ဤလုပ်ရပ်ကြောင့်ငလျင်များ လှုတ်စေ နိုင်သည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် နည်းပညာဆိုင်ရာ ပိုမိုကောင်းမွန်သော နည်းလမ်းများနှင့် Fracture လုပ်ခြင်းအပေါ် နည်း ဥပဒေများဖြင့် ထိမ်းချုပ်နိုင်လျင် ပို၍ကောင်းသည်။

ဗြိတိန်နှင့် ပြင်သစ်တို့က ဒီဇယ်နှင့်ဓါတ်ဆီသုံးကားများကို ၂ဝ၃ဝ နှင့် ၂ဝ၂၂ မှစ၍ ပိတ်ပင်တော့မည်ဟု ကြေညာပါသည်။ ရေးနိုးလ်၊ နီဆန်းနှင့် ဗော့စဝတ်ဂွန်းကုမ္ပဏီများကလည်း လျှပ်စစ်အားထုတ်လုပ်ရေးအတွက် သုတေသနကို ပိုမို၍ အားသွန် ခွန်စိုက် လုပ်ဆောင်လျက်ရှိပါသည်။ တရုတ်ပြည်တွင်လည်း လျှပ်စစ်ကားများကို တွင်တွင်ကျယ်ကျယ်ကြီး ထုတ်လုပ်လျက်ရှိ သည်။ ထို့ကြောင့် ဓါတ်ဆီ၊ ဒီဇယ်ကားများ၏ အဆုံးသတ်ကို မြင်နေပြီလားဟူ၍ မေးစရာရှိလာပါသည်။

ဓါတ်ဆီနှင့်ဒီဇယ်အပေါ် မှီခိုရမှုသည် ဆယ်စုနှစ်များစွာ ရှိနေဦးမည်သာဖြစ်ပါသည်။ သို့သော် ဆီသုံးသည့်ကားများ အဆုံး သတ်သွားရခြင်းကိုတော့ စောစောမြင်ရဘွယ်ရှိသည်။

သို့သော်လည်း ပါစင်ဂျာကားများက သုံးစွဲသောဆီသည် တကမ္ဘာလုံးအသုံးကို ခြုံကြည့်ပါက လေးပုံတစ်ပုံသာ ရှိသည်။ အခြားကားမဟုတ်ဘဲ ဆီသုံးစွဲရမှုများရှိသေးသည်။ ကားများကို ပယ်ဖျက်နိုင်ပြီဆိုသည်နှင့် ဆီအပေါ် မှီခိုရမှုသည်ပြီးဆုံး သွားပြီဟု မဆိုသာချေ။

(၃)
သမ္မတထရန့်က စွမ်းအင်ဆိုင်ရာ အခြေအနေများနှင့်ပတ်သတ်၍ကန့်သတ်ထားသောနည်းဥပဒေများကို ရုတ်သိမ်းစေလို သည်။ ရေနံတူးရန် ရှာဖွေရန် နယ်ပယ်ကိုလည်းပိုမို၍ ကျယ်ပြန့်စေလိုသောသဘောဆန္ဒရှိသည် သူကအီရန်နှင့်ပတ်သတ်၍ ပြင်းပြင်းထန်ထန် စကားများကို ပြောဆိုနေခြင်းမှာလည်း တကမ္ဘာလုံး၏ ရေနံဈေးကွက်အခြေအနေကိုပြောင်း လဲသွားစေနိုင် သည်။

မည်သို့ဆိုစေ ရေနံအရောင်းအဝယ်လုပ်ငန်းမှာ နိုင်ငံရေးသဘောတရားများမပါဝင်လျင် ကောင်းသည်။ ဈေးကွက်သဘော အရ ရောင်းသူနှင့်ဝယ်သူ သဘောတူညီကြလျင် အရောင်းအဝယ်ဖြစ်သွားကြသောသဘောအတိုင်းသာ ဖြစ်စေလိုပါသည်။

ကိုသန်းလွင်
Ref: Energy’s complex Path, Interview with Jason Bordoff, New York Times October 18 2017.

===========

ကိုသန်းလွင် ●

(မိုးမခ) နိုဝင်ဘာ ၇၊ ၂ဝ၁၇

 

LEAVE A REPLY

Please enter your comment!
Please enter your name here