Apple နှင့် အခြားကုမ္ပဏီများ အခွန်ရှောင်သည့် နည်းဗျူဟာများကို ဘဏ္ဍာရေး စာရွက်စာတမ်းများ ပေါက်ကြားမှုက ဖော်ထုတ်ခဲ့

 

ကမ်းလွန်ဥပဒေကုမ္ပဏီ Appleby က ပေါက်ကြားခဲ့သော ဘဏ္ဍာရေး အထောက်အထားများကို ကိုးကားပြီး ဘီဘီစီနှင့် နယူးယောက်တိုင်းမ်တို့က အချက်အလက်များ ထုတ်ပြန်ခဲ့ရာ Apple ၏ အခွန်ရှောင်မှု မဟာဗျူဟာ၊ Nike ကမ္ပဏီနှင့် ဖော်မြူလာဝမ်း ချန်ပီယံ လူးဝစ်ဟာမီတန်တို့က အခွန်ကို လက်တစ်လုံးခြား ရှောင်မှုတို့နှင့် ပတ်သက်သော အထောက်အထားများ ပါဝင်ခဲ့သည်။

Apple သည် အိုင်ယာလန်မှ ရရှိသော ဒေါ်လာဘီလျံများစွာကို Channel Islands သို့ ပြောင်းရွှေ့ထားရှိရန် Appleby က ကူညီခဲ့ကြောင်း ပေါက်ကြားမှုသစ်များက ဖော်ထုတ်ခဲ့သည်။ အိုင်ယာလန်တွင် အခွန်ကို တင်းကျပ်မှုများ ဆောင်ရွက်ရန် ပြင်ဆင်လာချိန်၌ Apple သည် အင်္ဂလိပ်ရေလက်ကြားရှိ ဗြိတိန်လက်အောက်ခံ ကျွန်းစုဖြစ်သော Channel Islands သို့ ၎င်း၏ငွေများကို ရွှေ့ပြောင်းခဲ့ကြောင်း Paradise Papers ဟု အမည်တွင်သည့် ပေါက်ကြားမှုများက ဖော်ပြခဲ့သည်။

Channel Islands သည် ကော်ပိုရေးရှင်းကြီးများကို အခွန်မကောက်သဖြင့် Apple သည် ဥရောပသမဂ္ဂ၏ အခွန်စည်းမျဉ်းများကို ကင်းလွတ်ခွင့် ရရှိခဲ့သည်။ Apple က ယင်းသတင်းနှင့် ပတ်သက်ပြီး အေအက်ဖ်ပီက မေးမြန်းမှုကို ချက်ချင်းမတုံ့ပြန် ခဲ့သော်လည်း ၎င်းတို့ကုမ္ပဏီသည် သက်ဆိုင်ရာ နိုင်ငံတိုင်း၏ ဥပဒေကို လိုက်နာကြောင်း နယူးယောက်တိုင်းမ်သို့ ပြောကြားခဲ့သည်။

၂၀၁၃ ခုနှစ်က ကွန်ဂရက်ကြားနာမှုတွင် Apple ၏ အမှုဆောင်ချုပ် တင်ကွတ်က အခွန်ရှောင်ရန် ဗန်းပြနည်းလမ်းများ အသုံးပြုခြင်း ဆိုခြင်းကို ငြင်းဆိုခဲ့သည်။ အိုင်ယာလန်တွင် အခွန်စနစ်ကို အသုံးချပြီး လက်တစ်လုံးခြား အခွန်ရှောင်မှုအတွက် ဥရောပသမဂ္ဂက Apple ကို ဒေါ်လာ ၁၄ ဒသမ ၅ ဘီလျံရလိုကြောင်း တောင်းဆိုထားသည်။

ဖော်မြူလာဝမ်းချန်ပီယံ ဟာမီတန်သည် သူ၏ ကိုယ်ပိုင်ဂျက်လေယာဉ်အတွက် အခွန်ရှောင်ရန် အသေးစိတ် စီစဉ်ပြင်ဆင်ထားသော နည်းလမ်းတစ်ခုကို အသုံးပြုခဲ့ကြောင်း ဘီဘီစီနှင့် ဂါးဒီးယန်း သတင်းစာတို့က ဖော်ပြခဲ့သည်။ ဟာမီတန်သည် သူ၏ကိုယ်ပိုင် လေယာဉ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဗြိတိန်ပိုင်နက်နယ်မြေ Isle of Man သို့ တင်သွင်းခဲ့ပြီးနောက် ၂၀၁၃ ခုနှစ်တွင် အခွန်သက်သာခွင့် ဒေါ်လာ ၄ ဒသမ ၄ သန်း ရရှိခဲ့ကြောင်း ပေါက်ကြားခဲ့သည့် အထောက်အထားများက ဖော်ပြခဲ့သည်။

ထို့ပြင် ပြင်သစ်သတင်းစာ Le Monde က ဖော်ပြခဲ့သည့် သီးခြားစီရင်ခံစာ တစ်ခုတွင် Nike ကုမ္ပဏီသည် ဥရောပတွင် အခွန်သက်သာရန်အတွက် နယ်သာလန် ဘဏ္ဍာရေးဥပဒေမှ အားနည်းချက် တစ်ခုကို အသုံးချခဲ့ကြောင်း ပါဝင်ခဲ့သည်။ Nike သည် ကမ်းလွန်ဗန်းပြ ကုမ္ပဏီတစ်ခုကို အသုံးပြုခဲ့ပြီး ဥရောပကုမ္ပဏီများ အတွက် ပျမ်းမျှအခွန် ၂၅ ရာခိုင်နှုန်း ပေးဆောင်ရမှုကို ရှောင်၍ နှစ်ရာခိုင်နှုန်းသာ ပေးဆောင်ခဲ့ကြောင်း ယင်းအစီရင်ခံစာက ဖော်ပြခဲ့သည်။

ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး လှုံ့ဆော်သူ အိုင်ယာလန်အဆိုတော် ဘိုနိုသည် ၎င်းပိုင်သော လစ်သူယေးနီးယား ရှော့ပင်းမောကြီး တစ်ခုသည် အခွန်တိမ်းရှောင်ခဲ့ဖွယ်ရှိကြောင်း Paradise Papers က ဖော်ပြခဲ့ရာ ဘိုနိုသည် စုံစမ်းစစ်ဆေးမှုနှင့် ကြုံနေရပြီဖြစ်သည်။ ဥပဒေနှင့် မညီညွတ်သော စာရင်းကိုင် နည်းဗျူဟာတစ်ခုကို အသုံးပြုပြီး ယင်းရှော့ပင်းမောသည် ယူရို ၄၇၀၀၀ ပေးဆောင်ရန် တိမ်းရှောင်ခဲ့ဖွယ်ရှိကြောင်း စွပ်စွဲခံနေရ သည်။

Ref : AFP

 

[[Zawgyi]]

Apple ႏွင့္ အျခားကုမၸဏီမ်ား အခြန္ေရွာင္သည့္ နည္းဗ်ဴဟာမ်ားကို ဘ႑ာေရး စာရြက္စာတမ္းမ်ား ေပါက္ၾကားမႈက ေဖာ္ထုတ္ခဲ့

 

ကမ္းလြန္ဥပေဒကုမၸဏီ Appleby က ေပါက္ၾကားခဲ့ေသာ ဘ႑ာေရး အေထာက္အထားမ်ားကို ကိုးကားၿပီး ဘီဘီစီႏွင့္ နယူးေယာက္တုိင္းမ္တို႔က အခ်က္အလက္မ်ား ထုတ္ျပန္ခဲ့ရာ Apple ၏ အခြန္ေရွာင္မႈ မဟာဗ်ဴဟာ၊ Nike ကမၸဏီႏွင့္ ေဖာ္ျမဴလာ၀မ္း ခ်န္ပီယံ လူး၀စ္ဟာမီတန္တို႔က အခြန္ကို လက္တစ္လုံးျခား ေရွာင္မႈတို႔ႏွင့္ ပတ္သက္ေသာ အေထာက္အထားမ်ား ပါ၀င္ခဲ့သည္။

Apple သည္ အုိင္ယာလန္မွ ရရွိေသာ ေဒၚလာဘီလ်ံမ်ားစြာကို Channel Islands သို႔ ေျပာင္းေရႊ႕ထားရွိရန္ Appleby က ကူညီခဲ့ေၾကာင္း ေပါက္ၾကားမႈသစ္မ်ားက ေဖာ္ထုတ္ခဲ့သည္။ အုိင္ယာလန္တြင္ အခြန္ကို တင္းက်ပ္မႈမ်ား ေဆာင္ရြက္ရန္ ျပင္ဆင္လာခ်ိန္၌ Apple သည္ အဂၤလိပ္ေရလက္ၾကားရွိ ၿဗိတိန္လက္ေအာက္ခံ ကြၽန္းစုျဖစ္ေသာ Channel Islands သို႔ ၎၏ေငြမ်ားကို ေရႊ႕ေျပာင္းခဲ့ေၾကာင္း Paradise Papers ဟု အမည္တြင္သည့္ ေပါက္ၾကားမႈမ်ားက ေဖာ္ျပခဲ့သည္။

Channel Islands သည္ ေကာ္ပိုေရးရွင္းႀကီးမ်ားကို အခြန္မေကာက္သျဖင့္ Apple သည္ ဥေရာပသမဂၢ၏ အခြန္စည္းမ်ဥ္းမ်ားကို ကင္းလြတ္ခြင့္ ရရွိခဲ့သည္။ Apple က ယင္းသတင္းႏွင့္ ပတ္သက္ၿပီး ေအအက္ဖ္ပီက ေမးျမန္းမႈကို ခ်က္ခ်င္းမတုံ႔ျပန္ ခဲ့ေသာ္လည္း ၎တို႔ကုမၸဏီသည္ သက္ဆုိင္ရာ ႏုိင္ငံတုိင္း၏ ဥပေဒကို လုိက္နာေၾကာင္း နယူးေယာက္တုိင္းမ္သို႔ ေျပာၾကားခဲ့သည္။

၂၀၁၃ ခုႏွစ္က ကြန္ဂရက္ၾကားနာမႈတြင္ Apple ၏ အမႈေဆာင္ခ်ဳပ္ တင္ကြတ္က အခြန္ေရွာင္ရန္ ဗန္းျပနည္းလမ္းမ်ား အသုံးျပဳျခင္း ဆိုျခင္းကို ျငင္းဆိုခဲ့သည္။ အုိင္ယာလန္တြင္ အခြန္စနစ္ကို အသုံးခ်ၿပီး လက္တစ္လုံးျခား အခြန္ေရွာင္မႈအတြက္ ဥေရာပသမဂၢက Apple ကို ေဒၚလာ ၁၄ ဒသမ ၅ ဘီလ်ံရလိုေၾကာင္း ေတာင္းဆိုထားသည္။

ေဖာ္ျမဴလာ၀မ္းခ်န္ပီယံ ဟာမီတန္သည္ သူ၏ ကိုယ္ပုိင္ဂ်က္ေလယာဥ္အတြက္ အခြန္ေရွာင္ရန္ အေသးစိတ္ စီစဥ္ျပင္ဆင္ထားေသာ နည္းလမ္းတစ္ခုကို အသုံးျပဳခဲ့ေၾကာင္း ဘီဘီစီႏွင့္ ဂါးဒီးယန္း သတင္းစာတို႔က ေဖာ္ျပခဲ့သည္။ ဟာမီတန္သည္ သူ၏ကိုယ္ပုိင္ ေလယာဥ္ကို ကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရ ၿဗိတိန္ပုိင္နက္နယ္ေျမ Isle of Man သို႔ တင္သြင္းခဲ့ၿပီးေနာက္ ၂၀၁၃ ခုႏွစ္တြင္ အခြန္သက္သာခြင့္ ေဒၚလာ ၄ ဒသမ ၄ သန္း ရရွိခဲ့ေၾကာင္း ေပါက္ၾကားခဲ့သည့္ အေထာက္အထားမ်ားက ေဖာ္ျပခဲ့သည္။

ထို႔ျပင္ ျပင္သစ္သတင္းစာ Le Monde က ေဖာ္ျပခဲ့သည့္ သီးျခားစီရင္ခံစာ တစ္ခုတြင္ Nike ကုမၸဏီသည္ ဥေရာပတြင္ အခြန္သက္သာရန္အတြက္ နယ္သာလန္ ဘ႑ာေရးဥပေဒမွ အားနည္းခ်က္ တစ္ခုကို အသုံးခ်ခဲ့ေၾကာင္း ပါ၀င္ခဲ့သည္။ Nike သည္ ကမ္းလြန္ဗန္းျပ ကုမၸဏီတစ္ခုကို အသုံးျပဳခဲ့ၿပီး ဥေရာပကုမၸဏီမ်ား အတြက္ ပ်မ္းမွ်အခြန္ ၂၅ ရာခုိင္ႏႈန္း ေပးေဆာင္ရမႈကို ေရွာင္၍ ႏွစ္ရာခုိင္ႏႈန္းသာ ေပးေဆာင္ခဲ့ေၾကာင္း ယင္းအစီရင္ခံစာက ေဖာ္ျပခဲ့သည္။

ဆင္းရဲမြဲေတမႈ တုိက္ဖ်က္ေရး လႈံ႔ေဆာ္သူ အုိင္ယာလန္အဆိုေတာ္ ဘိုႏုိသည္ ၎ပုိင္ေသာ လစ္သူေယးနီးယား ေရွာ့ပင္းေမာႀကီး တစ္ခုသည္ အခြန္တိမ္းေရွာင္ခဲ့ဖြယ္ရွိေၾကာင္း Paradise Papers က ေဖာ္ျပခဲ့ရာ ဘိုႏုိသည္ စုံစမ္းစစ္ေဆးမႈႏွင့္ ၾကံဳေနရၿပီျဖစ္သည္။ ဥပေဒႏွင့္ မညီညြတ္ေသာ စာရင္းကုိင္ နည္းဗ်ဴဟာတစ္ခုကို အသုံးျပဳၿပီး ယင္းေရွာ့ပင္းေမာသည္ ယူ႐ို ၄၇၀၀၀ ေပးေဆာင္ရန္ တိမ္းေရွာင္ခဲ့ဖြယ္ရွိေၾကာင္း စြပ္စြဲခံေနရ သည္။

Ref : AFP

 

LEAVE A REPLY

Please enter your comment!
Please enter your name here