‘‘နောက်တစ်ခေါက် ထပ်မမှားအောင်နေပါ့မယ်’’

ရဲတိုက်နှင့်တွေ့ဆုံခြင်း

မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိ မှု၊ သာသနာညှိုးနွမ်းစေမှုတို့ဖြင့် ပြစ်ဒဏ်ကျခံခဲ့ရသည့် သရုပ် ဆောင်ရဲတိုက်သည် နိုဝင်ဘာ ၁၇ ရက်တွင် တောင်ငူအကျဉ်းထောင် မှ လွတ်မြောက်လာပြီဖြစ်သည်။ ထို့ကြောင့် ရဲတိုက်ကို ၎င်းကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများအပါ
အဝင် ရှေ့ဆက်မည့် အနုပညာ ခရီးအကြောင်း တွေ့ဆုံမေးမြန်း ခဲ့ပါသည်။

ပထမဆုံး ပြစ်ဒဏ်ကနေ လွတ် မြောက်လာတဲ့ ခံစားမှုလေး ပြော ပြပေးပါဦး။

မှားခဲ့ဖူးတာတွေ ပြီးသွားပြီ ဆိုတော့ ထပ်မမှားအောင်ဘဲ နေရမှာပေါ့။ အဲဒီလိုအချိန်တွေအကြာ ကြီး Struggling ဖြစ်နေရတာကို မကြိုက်ဘူး။ ကျွန်တော့် Type နဲ့ သိပ်မကိုက်ဘူး။ ဘယ်သူမှတော့ ထောင်ထဲမှာ မပျော်ကြပါဘူး။ ဒါပေမဲ့ ကျွန်တော်က ပိုမပျော်ဘူး။ ပိုပြီး ဆိုးဆိုးရွားရွားခံစားရတယ်။ ဒါပေမဲ့လည်း အဲဒါကို မျှဝေဖို့ တော့ မရှိပါဘူး။ နောက်တစ် ခေါက် ထပ်မမှားအောင် နေပါ့ မယ်။ ပရိသတ်ရှေ့မှာ အကြာကြီး သရုပ်ဆောင်တစ်ယောက်အနေ နဲ့ အောင်မြင်မှုတွေ ရအောင် ကျွန် တော့်ကိုအားပေးတဲ့ပရိသတ်တွေ စိတ်ကျေနပ်မှုရတဲ့အထိ ကြိုးစား ပါ့မယ်။

အထဲက လူတွေကကော သရုပ် ဆောင်ရဲတိုက်လို့သိကြလား။ သူ တို့နဲ့ဆက်ဆံရေး ဘယ်လိုတည် ဆောက်ဖြစ်လဲ။

အမှန်အတိုင်းပြောရရင် အ ထဲကလူတွေက ကျွန်တော့်ကို မသိ ကြဘူး။ မသိကြတဲ့အတွက် ကျွန် တော့်ကို ဘယ်လိုဆက်ဆံလဲဆို တော့ ဘယ်လိုပြောရမလဲ။ ဂျိုကာတစ်ယောက်လို နေခဲ့တယ်။ တစ် ခါတလေ ချီးထုပ်တစ်ကောင်လို နေတယ်။ တစ်ခါတလေ ဂေါက် သီးလိုနေတယ်။ မျိုးစုံနေကြည့် တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ တို့ ကျွန်တော့်ကိုမှ မသိတာ။ ကျွန်တော်အပြင်မှာ နေသလို နေရင် ဘယ်သူမှ စကားလာပြောမှာ မ ဟုတ်ဘူး။ သူတို့ အဆင်ပြေ အောင်ပဲ နေပေးတယ်။

အစ်ကိုရဲ့ အနုပညာလှုပ်ရှားမှု ဘယ်တော့ပြန်စမလဲဆိုတာ ပရိသတ်တွေ စိတ်ဝင်စားနေကြတာ ဆိုတော့ ဘယ်တော့လောက် အစောဆုံးဖြစ်မလဲ။

အခုက နိုဝင်ဘာဆိုတော့ ဇန်နဝါရီ နောက်ဆုံးပတ်လောက် ပြန်စပါမယ်။

အနုပညာအလုပ်တွေ ပြန်လုပ်ဖို့ အတွက်ကော ဘယ်လိုတွေ ပြင် ဆင်ထားလဲ။

ဆာတိုရီက ပြင်ဆင်ထားပါ တယ်။ ဇာတ်လမ်းကိုတော့ ကျွန် တော့်ကို ထောင်ထဲမှာ ပေးမဖတ် ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန် တော့်ရဲ့ Emotion ကို သူတို့သိ တယ်လေ။ ထောင်ထဲမှာ စိတ်သိပ်ပြီး မလွတ်လပ်တဲ့အချိန်မှာ ဇာတ် ညွှန်းကို မခံစားစေချင်ဘူး။ ကျွန် တော်သရုပ်ဆောင်တဲ့ ကာရိုက် တာအပေါ်မှာ မစီးမျောနိုင်မှာ စိုးရိမ်တယ်။ အနုပညာနဲ့ပတ် သက်ရင် အင်မတန် ဝါကြီးတဲ့သူ တွေဆိုတော့ ကျွန်တော့်အပေါ်မှာ စိုးရိမ်တာမှန်ပါတယ်။ အခုမှ ကျွန်တော်သဘောပေါက်တယ်။ ကျွန် တော်အပြင်ရောက်မှ ဖတ်တာပို ကောင်းတယ်။ လွတ်လပ်သွားတဲ့ လူတစ်ယောက်ရဲ့အနုပညာဖန် တီးမှု အသင့်ဖြစ်နေတဲ့ အချိန် ဇာတ်ညွှန်းဖတ်တဲ့ Mood က ကာ ရိုက်တာတစ်ခုဖန်ဆင်းတဲ့နေရာ မှာ ပိုပြီး အထောက်အကူဖြစ်မှာ ပါ။

အစ်ကို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုပိုင်းကိုကော ဘာတွေလုပ်သွား ဖို့ ရှိမလဲ။

အမှန်အတိုင်းပြောရရင် ကျွန်တော်က စိတ်ကိုပဲ တစ်သက် လုံး ဦးစားပေးလာတာ။ ရုပ်က သူ့ အတိုင်းသူ ဖြစ်ပေါ်ပြောင်းလဲသွား တာကို ကျေနပ်တဲ့အခါ ကျေနပ် သလို နေမယ်။ မကျေနပ်တဲ့အခါ ကျေနပ်အောင် ကြိုးစားကြည့် မယ်။ အခု ကျွန်တော် နည်းနည်း ဝိတ်တက်နေတယ်။ ဝိတ်ကျ အောင် ကြိုးစားမယ်။ Gym ဆော့မယ်။ အစားအသောက်ပုံသဏ္ဌာန် ပြောင်းမယ်။ တတ်နိုင်သမျှ ကျန်း မာရေးအတွက် အန္တရာယ်မရှိတဲ့ Weight Loss ကော်ဖီတို့နဲ့ ကြိုး စားကြည့်မယ်။ သံပရာသီးကို ရေ နွေးစိမ်ပြီး သောက်တာတို့၊ ဘာ တို့။ မင်းသမီးတွေကိုလည်း မေးရမှာပေါ့။ အဲဒါမျိုးလေးတွေ ကြိုး စားကြည့်မယ်။

အထဲမှာနေတဲ့အချိန်မှာ ဇာတ် ကားတွေ ကြည့်ဖြစ်တာမျိုးရောရှိ လား၊ ရုပ်ရှင်ရိုက်ချင်တဲ့စိတ်ရော ဖြစ်လား။

ကျွန်တော်အသစ်တွေ သိပ် မကြည့်ဘူး။ အဟောင်းတွေ ပြန် ကြည့်တာများတယ်။ ကျွန်တော့် ရဲ့ Favourite Actor (အကြိုက်ဆုံး သရုပ်ဆောင်)၊ Idol (စံပြပုဂ္ဂိုလ်) လည်းဖြစ်တယ်။ Tom Hanks၊ သူ့ရဲ့ Trend ကို အရမ်းကြိုက် တယ်။ သူ့အရွယ်ရောက်ရင် သူ့ လိုသရုပ်ဆောင်တစ်ယောက်ဖြစ် ချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက သူသရုပ်ဆောင်နိုင်တဲ့အ တိုင်းအတာအကုန်အထိ သရုပ် ဆောင်ခွင့်ရအောင် ကံကောင်း တယ်ဗျ။ အခု ဘယ်လိုကားမျိုး ဖီးလ်လာနေလဲဆိုရင် ပရိသတ် မှတ်မိဦးမလားမသိဘူး။ ရင်ခွင် နန်းတော်။ ရင်ခွင်နန်းတော်ကို ဖြစ်နိုင်၏၊ မဖြစ်နိုင်၏ မသိဘူး။ ကျွန်တော့်စိတ်ထဲမှာ ကျွန်တော် ရယ်၊ ဖွေးဖွေးရယ်၊ ဝတ်မှုံရွှေရည် ရယ် ရိုက်ချင်တယ်ဗျာ။ ဒါရိုက်တာဝိုင်း ဖြစ်စေချင်တယ်။ ဆာတိုရီ ကို အားမနာတော့ဘူး။ ဒီ Subject က ဆာတိုရီက အောင်မြင်လေ့ရှိ ထားတဲ့ Subject မျိုးမဟုတ်ဘူး။ ကိုဝိုင်းနဲ့ရိုက်ချင်တယ်။ ဒီအတွဲ အစပ်နဲ့မှ မဟုတ်ရင်တော့ ရိုက် ဖြစ်မယ်မထင်ဘူး။

ရင်ခွင်နန်းတော်ကို ပြန်ရိုက်ချင် တာက ဘာကြောင့်လဲ။

ကျွန်တော် ကိုသားကြီးကို အရမ်း Admire ဖြစ်လို့။ ဘယ်လို ပြောရမလဲ။ သူ့ရဲ့ရပ်တည်မှုနဲ့ သူ့ အနုပညာမကုန်သေးတဲ့အချိန်မှာ သူက ထွက်ခွာသွားရတာဆိုတော့ ကိုသားကြီးနဲ့ပတ်သက်တဲ့လူတွေ နဲ့ ခင်မင်ရင်းနှီးခွင့်ရတဲ့အချိန်မှာ သူတို့က ကျွန်တော့်ကို ကိုသားကြီးရဲ့ Trend လေးကို လုပ်စေချင် တယ်။ ကျွန်တော်မင်းသားတစ် ယောက်ဖြစ်နေတဲ့အတွက် သူများအိုက်တင်၊ သူများစတိုင်လ်ကို ကူးယူချဖို့ အဆင်မပြေပါဘူး။ ဒါပေမဲ့အဲဒီ Taste လေးပြန်မြင်ချင်တယ် ဆိုပြီး သူနဲ့ အနီးကပ် လူတွေက တောင်းဆိုထားတယ်။ အဲဒီတော့ ဒီတစ်ကားပေါ့။ အရင်တုန်းက တော့ မတူအောင် သရုပ်ဆောင် တယ်။ ဒီကားမှာတော့ တတ်နိုင် သမျှ သူ့အက်တင်တွေ များများ လုပ်ပြီးတော့ အမှတ်တရလေး ထားခဲ့ချင်တယ်။ ဒါပေမဲ့လည်း 50/50 ပဲ။ သိပ်တော့ မလွယ်လှ ဘူး။

ရှေ့ဆက်မယ့် အနုပညာလမ်း ကြောင်းမှာ အရင်နဲ့မတူတဲ့ ဘယ်လိုပြောင်းလဲမှုတွေ တွေ့ရ မလဲ။

အမှန်အတိုင်း ပြောရရင် ကျွန်တော် မျက်ခြည်ပြတ်နေခဲ့ တယ်။ ဒီတစ်လလောက်နေမှာမှ အနုပညာနဲ့ပတ်သက်တဲ့ သတင်း တွေ ပြန်ဖတ်တယ်။ အရင်က ဘာလို့မဖတ်တာလဲဆိုတော့ ကျွန် တော့်စိတ်ကို ဒုက္ခပေးလို့ပါ။ အနု ပညာသမားတစ်ယောက် အနုပ ညာကို မဖန်တီးရတဲ့အချိန်ဟာ ကျွန်တော့်အတွက် စာအုပ်နဲ့ Screen ပဲရှိတာဆိုတော့ အားမရ ဘူး။ ကျွန်တော် ကင်မရာတွေ လို တယ်။ မီးသမား၊ မှန်သမားတွေ လိုတယ်။ ဒါရိုက်တာတွေ လို တယ်။ မင်းသမီးလိုတယ်။ ကျွန် တော်အားမရတော့ ပထမပိုင်း ဖတ်တယ်။ နောက်ပိုင်း လုံးဝ မဖတ်ဖြစ်ဘူး။ ဒီကြားထဲမှာ အရမ်း ပရိသတ်ကြား ရေပန်းစားလာတဲ့ ကားမျိုးတွေတော့ ကြည့်ဖြစ်ပါ တယ်။ ကျွန်တော့်ကို လေးနှစ် ကျော်စောင့်ရတာနဲ့တန်အောင် လုပ်ပြနိုင်မှပဲ ပရိသတ်က အားရ မှာပေါ့။ အဲဒီလိုမှ မလုပ်ပြနိုင်ရင် တော့ ပွင့်ပွင့်လင်းလင်းပဲ ကျွန် တော်ကျရှုံးပါတယ်လို့ ဝန်ခံရမှာ ပဲ။

ပရိသတ်တွေက ကိုရဲတိုက်ကို သတိရပြီး အားပေးနေကြတာကို သိတဲ့အချိန်မှာ ဘယ်လိုခံစား ရလဲ။

ကျွန်တော်အံ့သြတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ အချိန်က နည်း မှ မနည်းတာ။ လေးနှစ်ကျော်ဆို တော့။ ကျွန်တော် မျှော်လင့်ထား တာက ၂ နှစ်လောက်နေရင် ကျွန် တော့်ကို မေ့သွားကြမှာလို့။ အစ က ဒီအလုပ်ကို မလုပ်တော့ဘဲ နောက်ထပ်ဘဝသစ်တစ်ခုကို စဖို့ တောင် ရည်စူးထားပါသေးတယ်။ ပရိသတ်ရဲ့အားပေးမှုကြောင့် ပြန် လာခဲ့တာပါ။

အစ်ကို့ရဲ့ဖောင်ဒေးရှင်းနဲ့လည်း ဆက်လုပ်သွားဦးမှာဆိုတော့ ဘာ တွေ လုပ်ချင်တာမျိုးရှိလဲ။

ဖောင်ဒေးရှင်းဆက်လုပ် မှာပါ။ အဓိကက အမှန်အတိုင်း ပြောရရင် ဖောင်ဒေးရှင်းမှာ အချိန်အယူဆုံးဖြစ်တဲ့ ပိုက်ဆံစုရတဲ့အ ပိုင်း။ တစ်နိုင်ငံလုံးတက်ပြီး တစ် အိမ်တက်ဆင်း အလှူခံရတဲ့ကိစ္စ ကို ကျော်သွားချင်တယ်။ Back- ground ကနေ သူဌေးတစ် ယောက်လောက်၊ ဆိုလိုတာက ကျွန်တော်လုပ်တဲ့ Project ကို တကယ်စိတ်ဝင်စားပြီး ရင်နဲ့ရင်းပြီး လှူမယ့် သူဌေးတစ်ယောက် လောက် စပွန်ဆာရှာချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် လုပ်ချင်တဲ့ Project က နည်းနည်းကြီးနေတယ်။ ကျွန်တော် Shelter တစ်ခုဆောက်ချင်တယ်။ Street Children (လမ်းပျော်ကလေး) တွေအတွက်။ ဘာဖြစ်လို့ဆောက် ချင်တာလဲဆိုတော့ သူတို့တွေက အသက်(၁၄)နှစ် မပြည့်မချင်း Street Children ဘဝမှာ ပျော်ကြ တယ်။ သူတို့ကို သွားပြီးနားချလို့ လည်း ကျောင်းတက်ဖို့လည်း စိတ်မဝင်စားဘူး။ အလုပ်လုပ်ဖို့လည်း စိတ်မဝင်စားဘူး။ ဘာလို့လဲဆို တော့ လမ်းမှာ ပလုံးကောက်တဲ့ ကလေးတစ်ယောက်ရဲ့ ဝင်ငွေက တစ်နေ့ကို ခုနစ်ထောင်နဲ့ ရှစ် ထောင်ကြားမှာ ရှိတယ်။ ဆိုတော့ သူတို့ဘဝမှာ ပျော်တယ်။ ဒါပေမဲ့ ယောကျ်ားလေးတွေက (၁၂)၊ (၁၃)၊ (၁၄)၊ မိန်းကလေးဆိုရင် (၁၄)နှစ်လောက် အဲဒီအရွယ်ဆို ရင် အဆင်မပြေတော့ဘူး။ သူတို့ ရှက်တတ်လာပြီ။ သူတို့အသက် မွေးဝမ်းကျောင်းအတွက် တခြားဟာလုပ်ကြတယ်။ များသောအား ဖြင့် မိန်းကလေးတွေ ဘယ်ရောက် ကုန်လဲ အားလုံးသိပါတယ်။ ယောကျ်ားလေးတွေ ဘယ်ရောက် ကုန်လဲ အားလုံးသိပါတယ်။ အဲဒီလိုမဖြစ်စေချင်ဘူး။ လူငယ်ဆိုတာ တိုင်းပြည်ရဲ့အနာဂတ်ပဲ။ အထူးသဖြင့် ရန်ကုန်မှာ ရှိနေတဲ့ လူငယ်တွေဆို ပိုပြီး အရေးကြီးပါ တယ်။ နယ်တွေမှာ အဲဒီလောက် မဆိုးဘူး။

အစ်ကို့ကို မျှော်နေတဲ့ ပရိသတ် တွေအတွက် စကားလက်ဆောင် လေးပြောပေးပါဦး။

ကျွန်တော် အရင်က အွန် လိုင်းမတက်ခဲ့ပါဘူး။ ဒါပေမဲ့ ပရိ သတ်တွေအတွက် ဒီနေ့ကစပြီး အွန်လိုင်း တက်ပါတော့မယ်။ ပရိသတ်နဲ့ ထိတွေ့ခွင့်တံခါးကို ဖွင့်ပေးထားပါတော့မယ်။ ပရိ သတ်ရဲ့ အကြံဉာဏ်တွေကောင်း သည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ဆဲ သည်ဖြစ်စေ အေးဆေးဖြစ်သွား ပါပြီ။ ပရိသတ်တွေကြားမှာရှိတဲ့ တချို့တလေသော အမုန်းသမား များကို အရင်ကလို အလားဂျစ် မဖြစ်တော့ဘူး။ ဘာဖြစ်လို့လဲဆို တော့ ထောင်ထဲမှာ ကိုယ့်ကို ဓား တစ်ချောင်းကိုင်ပြီး လည်ပင်းနား လာရွယ်တဲ့သူနဲ့လည်း ကြုံခဲ့ပြီးပြီ ဆိုတော့ နားထဲမှာ လာပြီး ခပ်တိုး တိုးဆဲသွားတဲ့ လူလောက်က တော့ ကျေးဇူးညီလေးလို့ ပြောလို့ ရသွားပြီ။ အဲဒီတော့ ပရိသတ်နဲ့ ကျွန်တော်ထိတွေ့တော့မယ်။ ပရိသတ်ကို ကာရံမထားတော့ဘူး။ တတ်နိုင်သမျှပေါ့။

ကျေးဇူးတင်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here