January – အေးဆေးစွာ သောက်တတ်သူ။မူးလာရင် ဒေါသစိတ်ကို ထိန်းနိုင်သူအသောက်ကြီးတယ်။တံဆိပ်တစ်ခုအပေါ်မှာသံယောဇဉ်တွယ်တာတာ မြန်တယ်။မူးရင် ရစ်တတ်တဲ့ ဘော်ဒါတွေအပေါ်မှာမေ့နိုင်တဲ့ စိတ် မွေးဖွားတတ်တယ်

February – မူးရင် အာရုံနောက်တာ မကြိုက်ဘူး။သောက်ရင်းနဲ့ စိတ်ထဲမှာ ရှိနေတာကို ဖွင့်ဟပြောဆိုတတ်တယ်။ဒါပေမဲ့ အမုန်းမပွားဘူး။တစ်ယောက်ထဲ ရှိနေချိန် သောက်ဖို့အမြဲစဉ်းစား နေတတ်သူ။

March – မူးလု့ိ ဒေါသထွက်လာရင် ဘာမှ မကြည့်တော့ဘူး။အရွဲ့အရမ်းတိုက်တယ်။သောက်ဖို့ ငြင်းရမှာအားနာတတ်တယ်။မူးတဲ့အခါ ကူညီချင်စိတ် အပြည့်ရှိတယ်။သနားတဲ့ စိတ်ကြောင့် ခံစားနေရတတ်တယ်။မူးနေပေမဲ့ ချစ်သူကို အရမ်း ချစ်တတ်ကြတယ်။

April – တစ်ယောက်ထဲ ရှိနေချိန် အရက်ကို ဘာနဲ့ရောရမလဲဆိုတာ အတွေးများစွာနဲ့ စဉ်စားနေတတ်ကြတယ်။သောက်တဲ့အခါ ဦးဆောင်သူအဖြစ်ရပ်တည်ချင်စိတ်ရှိတယ်။တစ်ခါတစ်ခါတော့ ဒေါသ ကြီးတယ်။ဘာပဲ လုပ်လုပ်တိတိကျကျ လုပ်ရမှ ကျေနပ်တယ်။(ရေရောတာက အစ)ကိုယ့်ဘက်က စေတနာထားပြီလုပ်ပေးလိုက်တဲ့ အရာအပေါ်ကိုယ်မသောက်ရရင်နေပါစေ သူတစ်ပါး သောက်ရရင်ကျေနပ်နေတတ်ကြတယ် သနားကြင်နာစိတ်ရှိကြတယ်။

May – အားအရမ်း နာတတ်တယ်လို့ ဘော်ဒါတွေခေါ်ရင် ခဏခဏ သောက်ဖြစ်တယ်။ကိုယ်ကြောင့်သူတစ်ပါး စိတ်ညစ်သွားမှာ စိုးရိမ်တတ်တယ်။အားငယ်တတ်တယ်။သောက်ရင်းနဲ့ ဝမ်းနည်းစရာတွေကြုံလာရင် ငိုတတ်ကြတယ်။အေးအေးချမ်းချမ်းသောက်ချင်တဲ့ စိတ် ရှိကြတယ်။

June – သောက်ဖို့အတွက် ပိုက်ဆံဘယ်လောက်ခက်ခဲနေပါစေ ကြိုးစားပြီးရှာကာ သောက်လေ့ရှိကြတယ်။ ဒါပေမဲ့ မသောက်တော့ဘူးလို့ လက်လျှော့လိုက်ပြီဆိုရင်တော့ လုံးဝ ဥပေက္ခာပြုနိုင်ကြတယ်။ထိုသူတွေဟာ အချစ်ကြီးတယ်။ မူးတဲ့ဒဏ်ကို ခံစားရမှာ ကြောက်တတ်ကြတယ်။ ဘယ်လောက်ပဲ မူးနေရပါစေ။တခြားလူမသိအောင် မမူးသေးဘူးလို့ ဟန်ဆောင်တတ်ကြတယ်။

July – သောက်ပြီးတဲ့အခါ ဂျစ်ကန်ကန်နေထိုင်တာမဟုတ်ဘူး စိတ်ထဲ ဘဝင်သိပ်မတွေ့လို့ ဂျစ်ကန်ကန်လိုထင်ခံကြရတာ။ အေးအေးဆေးဆေး နေတဲ့ အချိန်ဆို”အ” နေတယ်ထင်ရအောင် နေပြီ မူးတဲ့အချိန်မှာအကြောင်းသိအောင် လုပ်ပြ ပြောဆိုပြတတ်တယ်။အတူတူ ထိုင်သောက်တဲ့အခါ အားနာတတ်တယ်။အမုန်းမပွားချင်ဘူး သောက်နေကျ ဘော်ဒါတွေကိုသံယောဇဉ်တအားကြီးတယ်။

August – သောက်ပြီးရင် သူတစ်ပါးကိုလည်းအနိုင်မကျင့်ဘူးကိုယ်အပေါ်ကို အနိုင်ယူလာရင်လည်းငြိမ်မခံတတ်ဘူး။သူလဲမရစ်ဘူး သူများရစ်တာလဲမခံပဲမဟုတ် မခံ နေထိုင်တယ်။အရက်အပေါ် အချစ်ကြီးတယ်မုန်းသွားပြီဆို လှည့်ကို မကြည့်တတ်ဘူး။

September – အရက်ဝိုင်းမှာ စကားများတာ နားပူတာမကြိုက်ဘူး။ ဒါပေမဲ့ တစ်ခါတလေ သူမူးရင် စကားအများကြီး ပြောတတ်ကြတယ်။ အရက်အပေါ် သံယောဇဉ် အရမ်းကြီးတယ်။တစ်ခြားနာကျင်လာအောင်လုပ်တဲ့ အရက်သမားတွေကိုကောင်းကောင်း ပညာပြန်ပေးတတ်တယ်။ဘော်ဒါတွေအပေါ် ကူညီချင်စိတ်အပြည့်ရှိတယ်။

October – မရှိတဲ့ အရက်သမားတွေအပေါ်ကူညီချင်ကြတယ်။အားနာတတ်တယ်။အချစ်ကြီးတယ်။ဘာအမြည်းပဲ စားစား သူတစ်ပါးကိုကျွေးချင်ကြတယ်။အေးချမ်းစွာ သောက်ရတာကိုသဘောကျတယ်။

November – စိတ်ထဲမှာ ကိုယ်မကြည်တဲ့ လူတစ်ယောက်နဲ့ ဘယ်တော့မှ သောက်လေ့မရှိ။ မူးရင် စိတ်ထဲမှာ ဘယ်လောက် ခံစားနေရပါစေဘာမှ မဖြစ်သလို ဟန်ဆောင်နေတတ်ကြတယ်။အချစ်ကြီးတယ်။သောက်ချင်တာကို မသောက်ဘူးလို့လိမ်ညာတတ်တဲ့ လူတွေကို အရမ်း မုန်းတယ်

December – မူးတဲ့အခါ စိတ်ထား နူးညံ့တယ်။သောက်ရင်းနဲ့ နှလုံးသားရေးကိစ္စကို ကံဆိုးနေတယ်ထင်တတ်တယ်လို့ ဘော်ဒါတွေကို ပြောပြတတ်တယ်။အေးချမ်းစွာ သောက်စားရင်း ဘဝကို ဖြတ်သန်းနေကြတယ်။သူ့ဘဝမှာ အမှတ်တရ သောက်တဲ့အချိန်များစွာကိုမှတ်သားတတ်ကြတယ်။အချစ်ကြီးတယ်။အရက်အပေါ်မှာ သံယောဇဉ် တွယ်တတ်ကြတယ်။

#crd (ငမူးဗေဒင်)

LEAVE A REPLY

Please enter your comment!
Please enter your name here