“ကြောင်လေးတွေမွေးရကျိုးနပ်တဲ့ ကောင်းခြင်းဆယ်ချက်”

ကျန်းမာပျော်ရွှင်တဲ့ ကြောင်လေးတွေရဲ့ အပြုအမူနဲ့ချစ်စရာကောင်းမူဟာ ဘယ်သူမှ သူတို့ကိုမမှီဘူးလို့တောင်ပြောလို့ရပါတယ်,,

1~ ကြောင်မိဘတွေဟာ သူတို့ ကြောင်လေးတွေကို ထွေးပွေ့ပွတ်သပ်တဲ့အခါတိုင်းမှာ သူတို့ရဲ့တန်ပြန်တုန့်ပြန်တဲ့ အပြုအမူလေးတွေဟာ သခင်နဲ့ အပေးယူမျှစွာ အတူတကွ ကျေနပ် ပျော်ရွှင်ကြရတယ်

2~ ကြောင်လေးတွေဟာ တစ်ခြားအိမ်မွေးတိရိစ္ဆာန်လေးတွေထက် တိတ်ဆိတ်စွာနေတတ်ကြပါတယ်။ အိမ်ဘေးက ခွေးလေးဟာ ဟောင်နေလို့ ခွေးရှိမှန်း လူတိုင်းသိရသလောက် ကြောင်လေးတွေကတော့ ပတ်ဝန်းကျင်မှာ သူတို့ရှိမှန်းတောင် မသိရတတ်ပါဘူး။ ဒါကြောင့် တိုက်ခန်းမှာနေတဲ့သူအတွက်လည်း ကြောင်လေးတွေကိုမွေးရတာ ပတ်ဝန်းကျင်ကို အားမနာရဘူးပေါ့။

3~ ကြောင်လေးတွေဟာ ခွေးလေးတွေလို မဖြစ်မနေ လမ်းလျှောက်ထွက်ပေးစရာမလိုဘူး, သူတို့ဟာ သခင်နဲ့အိမ်အတွင်းမှာ မလှမ်းမကမ်းမှာ ကစားတဲ့အချိန် ယုယကြင်နာမူတွေအပါအဝင် သခင်ရဲ့ အဝန်းဝိုင်းလေးမှာနေရတာကို နှစ်သက်ကြ သူတို့အတွက်လုံလောက်မူရှိကြလို့ပါဘဲ (သူတို့က ကားမကြိုက်ကြ၊ ကားမူးတတ်ကြပါတယ်.. ခြံလုံလုံရှိရင်တော့ သဘာဝကိုခံစားနှစ်သက်သူများဖြစ်လို့ ပေးလွှတ်ထားလို့ရပါတယ်။ နေစာလှုံတာမျိုးပေါ့)

4~ ကြောင်လေးတွေဟာ သူတို့အလုပ်သူတို့ သင်ပြစရာမလို လုပ်တတ်ကြတာက အညစ်အကြေးစွန်ဖို့ ပုံးလေး ဇလုံလေးသတ်မှတ်ပေးထားရင် သူတို့အလုပ်သူတို့ကို သန့်သန့်ရှင်းရှင်း တာဝန်ကျေကျေ အနံ့အသက်မထွက်အောင် သူတို့ကိုယ်တိုင် ဖုံးဖိကာကွယ် လုပ်တတ်ကြတယ်လေ။

5~ ကြောင်လေးတွေဟာ အိမ်သားတွေအတွက် ပျော်ရွှင်ရယ်မောစရာဖြစ်စေတဲ့ ဖျော်ဖြေတင်ဆက်သူလေးများလည်းဖြစ်တယ်။ သူတို့ချင်းနဘမ်းလုံးဆော့တာမျိုး ကြိုးတွေ ပင်ဘောင်ဘောလုံးလေးတွေနဲ့ဆော့တာမျိုး အစရှိသည်ဖြင့်ပေါ့, ဒါကြောင့် အင်တာနက်က သူတို့ဗွီဒီယိုလေးတွေဟာ နံမည်ကြီး ပေါ်ပြူလာဖြစ်ရတယ်လေ,,

6~ ကြောင်လေးတွေဟာ သူတို့ဟာသူတို့ ငြိမ်သက်စွာ တစ်ကောင်တည်းနေရတာကိုလည်း နှစ်သက်ကြတယ်။ လူတွေမအားတဲ့အခါမှာ သူတို့ကို ပွတ်သပ်ချော့မြူဂရုစိုက်ပေးမဲ့ လူရှိမှဆိုတာမျိုး ပူစရာမလိုဘူး။

 

7~ ကြောင်လေးတွေဟာ ခွေးလေးတွေလိုဘဲ သခင်ရဲ့သင်ကြားလေ့ကျင့်ပေးမူကို လိုက်နာ စွမ်းဆောင်နိုင်စွမ်းရှိကြတယ်။ သူတို့အဲဒီလိုလုပ်တတ်ရင် အစာစားရတယ်ဆိုတဲ့အသိကြောင့်ပေါ့။ မြန်မာပြည်မှာဆိုရင် အင်းလေးကန် ငဖယ်ချောင်ရွာ ဘုန်းကြီးကျောင်းက ကြိုးကွင်းခုန်ပြကြတဲ့ ကြောင်လေးတွေလိုပေါ့။

8~ ကြောင်လေးတွေဟာ သူတို့ရဲ့သဘာဝအရ အမဲလိုက်တော်ကြတဲ့သတ္တဝါလေးတွေမို့ ကြွက်ခုတ် ငှက်ခုပ်တဲ့နေရာမှာ နံမည်ကြီးကြပါတယ်။ ကြွက်မရှိအောင် ကြောင်မွေးရတယ်ဆိုတဲ့အတိုင်း သူတို့ဟာ မဟာသူရဲကောင်းတွေပေါ့။

9~ ကြောင်လေးတွေဟာ ခွေးလေးတွေနဲ့မတူတဲ့အချက်က သူတို့ဟာ ဧည့်သည်လာပြီဆိုရင် အသံပေးဟောင်တာမျိုးမရှိလို့ အိမ်ကိုလာတဲ့ဧည့်သည်ဟာ တိရိစ္ဆာန်မချစ်မနှစ်သက်သူဖြစ်နေပါက သခင်အတွက် မျက်နှာမပျက် စိတ်မပူစေရလို့ ယဉ်ကျေးဖွယ်ရာရှိတဲ့ သူလေးတွေဖြစ်နေပြန်တယ်။

10~ ကြောင်လေးတွေဟာ ခွေးလေးတွေလို ရံဖန်ရံခါရေချိုးပေးစရာမလိုဘဲ သူတို့ရဲ့ သဘာဝကိုယ်တွင်းအပူချိန်က သူတို့ကို ပုံမှန်သန့်ရှင်းစေမူဖြစ်နေတဲ့အပြင် သူတို့ကိုယ်တိုင် သန့်ရှင်းမှုကို အမြဲလုပ်ဆောင်ကြတဲ့အတွက် ကြောင်လေးတွေရဲ့ အနံ့အသက်ဟာ ခွေးလေးတွေထက် အနံ့အသက်အားဖြင့်ကောင်းမွန်ကြတယ်။

မှတ်ချက် ။ ။ ကြောင်လေးတွေကောင်းကြောင်းပြောလို့ ခွေးမွေးတာမကောင်းဘူးလို့ မဆိုလိုပါဘူး။ သူ့ဗီဇနဲ့သူ သတ္တဝါလေးတွေတိုင်းဟာ အကျိုးပေးပြီး ချစ်စရာကောင်းတဲ့ အရည်အသွေးတွေရှိကြပါတယ်။

Credit- Darli Pug (ဒါလီပု)

LEAVE A REPLY

Please enter your comment!
Please enter your name here