ခွေးတွေ သေခါနီးရင် ပြတတ်တဲ့ လက္ခဏာ(၇) ချက်

တိတ်ဆိတ်တဲ့ချောင်တစ်ချောင်မှာ အမြဲတမ်းခွေနေပါတယ်။

ခွေးတစ်ကောင်ဟာ အိမ်မှာနေတာကြာလာတဲ့အခါ လူနဲ့ သူ့ရဲ့သံယောဇဉ်က မိသားစုလိုဖြစ်လာပါတယ်။  ခွေးတစ်ကောင်ကို သားသမီးလို ချစ်တဲ့လူတွေတောင်ရှိပါတယ်။ တကယ်လို့ သင်ချစ်ရတဲ့ခွေးတစ်ကောင်ဟာ အသက်အရွယ်ကြီးရင့်တာကြောင့် သေဆုံးတော့မယ်ဆိုရင် ဘယ်လိုသိနိုင်မလဲ။ ဒီလိုခွဲခွာရမယ့်အချိန်မျိုးကို ရောက်လာရင်  ခွေးတွေအများစုမှာ ပြသတတ်တဲ့လက္ခဏာတွေဟာ တူညီတတ်ပါတယ်။ ဒီလက္ခဏာတွေကို သိထားတဲ့အခါ သင်ကပိုပြီး ဂရုစိုက်ပေးနိုင်မှာ ဖြစ်ပါတယ်။

၁ – ပူးပေါင်းမှု

လက်ဟန်ခြေဟန်ပြပြီး ခိုင်းစေတဲ့အခါ လိုက်လံလုပ်ဆောင်တာမျိုး နည်းပါးလာပါတယ်။ လိုက်လံလုပ်ဆောင်ရင်လည်း နှေးကွေးပါတယ်။ သခင်ဖြစ်သူနဲ့ မျက်လုံးချင်းဆုံရင်လည်း ယခင်လို တက်ကြွနားလည်နေတဲ့ပုံမျိုး မရှိဘဲ ရုတ်တရက် တစ်နေရာရာကို ထွက်သွားတတ်ပါတယ်။

၂ – လေးလံမှု

ခွေးတွေမှာလည်း အသက်ကြီးတဲ့အခါ သွားလာမှုတွေ နှေးကွေးလာပါတယ်။ ယခင်က  ၁၅ မိနစ်လောက်ဆက်တိုက်လုပ်တဲ့ ကိစ္စမျိုးကို ၄ မိနစ်လောက်ကျော်ရင် မောလာပါတယ်။ ဒီအခါမှာ ဟိုအရင်လို မဟုတ်တော့တဲ့သူ့ကို သင်က နားလည်ပေးဖို့လိုပါတယ်။

၃ – အသက်ရှုမှု

ခက်ခက်ခဲခဲ အကြာကြီး အသက်ရှုနေရတာတာဟာ ခွေးတွေအတွက် ကောင်းမွန်တဲ့လက္ခဏာ မဟုတ်ပါဘူး။ သူတို့အသက်ရှုရတာဟာ လုပ်ငန်းကြီးတစ်ခုလို လုပ်နေရတယ်ဆိုတဲ့ လက္ခဏာမျိုးပါ။ ဘယ်လိုပဲဖြစ်ဖြစ် တိရိစ္ဆာန်ကုဆရာဝန်နဲ့ ပြပေးသင့်ပါတယ်။

၄ – စားချင်စိတ်ပျောက်

ချက်ချင်းကြီးစားချင်စိတ်ပျောက်သွားတာ မဟုတ်ပါဘူး။ စားတာ နည်းနည်းလာတာ ဖြစ်ပါတယ်။ သိသိသာသာကြီး သူတို့မစားတော့တဲ့အချိန်ကျမှ သင်သတိထားမိလာပါတယ်။

၅ – ဖြေသိမ့်မှု

အသက်အရွယ်ကြီးရင့်တဲ့ ခွေးတွေဟာ သူတို့နောက်ဆုံးနေ့ရက်တွေ နီးလာရင် သူတို့ချစ်တဲ့လူတွေနားမှာ ပိုနေလာလေ့ရှိပါတယ်။ အနားမှာ မလိုအပ်ဘဲ ပုံမှန်ထက် ပိုကပ်တွယ်လာတယ်ဆိုရင် သူတို့ကို မောင်းထုတ်တာမျိုး အတင်းမလုပ်သင့်ပါဘူး။

၆ – ချောင်တစ်ချောင်မှာ

တိတ်ဆိတ်တဲ့ချောင်တစ်ချောင်မှာ အမြဲတမ်းခွေနေပါတယ်။ ဟိုပြေးဒီပြေး လုပ်နေတာမျိုးတွေ မရှိတော့ပါဘူး။ အရင်လို တော်ရုံနဲ့ ဟောင်တာမျိုးလည်း မရှိတော့ပါဘူး။ သူဘာမှမလုပ်ဘဲ ငြိမ်နေတာကို သင်သတိပြုမိပါလိမ့်မယ်။ သူကြိုက်တဲ့ အစားအစာ၊ သူကြိုက်တဲ့လှုပ်ရှားမှုတွေနဲ့ တွေ့ရင်တောင်မှ သူက မလှုပ်တော့ပါဘူး။

၇ – အကြည့်

အကြည့်က တောက်ပမှုမရှိပါဘူး။ အိမ်ထဲဝင်လာလို့ သင့်ကိုမြင်ရင် သူတို့ဖြစ်သွားတဲ့ မျက်လုံးအရောင်မျိုးတွေ ပျောက်သွားပါတယ်။ အမြဲတမ်း မှိုးမှိုင်းတွေတွေနဲ့ပဲ ကြည့်နေပါတော့တယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here