Kapo
ဟာဝါရီရဲ့ နတ်ဘုရားတွေ ဒဏ္ဏာရီတွေ မြောက်မြားစွာထဲကမှ နတ်ဘုရားမ kapo ကတော့ ထူးထူးခြားခြားလို့ဆိုရပါမယ်။
သူမရဲ့ အများနဲ့မတူ တမူထူးခြားတဲ့ အစွမ်းတစ်ခုကတော့ ဟာဝါရီစကားနဲ့ဆို kohe lele ခေါ်ပြီး၊ အင်္ဂလိပ်လိုတော့ flying vagina၊ မြန်မာလိုအခေါ်အဝေါ်ကတော့ အဲ.. သိပ်တော့စိမ်းကြမယ်မထင်ပါဘူး 😛


သူက အဲဒီ kohe lele ပျံကြီးကို သူ့စိတ်ကြိုက်နေရကိုခန္ဓာကိုယ်က ခွာပြီး ပျံလွှတ်လိုက်လို့ရပါတယ်။ တချို့ကလည်း သူကြိမ်စာတိုက်လိုက်ရင် ကြိမ်စာအတိုက်ခံရတဲ့သူဆီ အဲဒါကြီးပျံသွားပြီး မြိုပစ်တတ်တယ်လို့ ဆိုကြပါတယ်။


တစ်ခါမှာတော့ သူ့ရဲ့ညီမဖြစ်သူ မီးတောင်နတ်ဘုရားမ pele ကို ဝက်တစ်ပိုင်းလူတစ်ပိုင်း နတ်ဘုရား kamapua’a က အတင်းအဓမ္မ မတရားကျင့်ဖို့ကြံပါသတဲ့။ အဲဒါနဲ့ Kapo ဟာ သိသိချင်း သူ့ရဲ့. kohe lele ပျံကြီးကို လွှတ်လိုက်ပါတယ်။
Kamapua’a ဟာ kohe lele ပျံကြီးကို တွေ့တဲ့အခါ pele ကို မတရားကျင့်ဖို့ သတိမရတော့ပဲ kohe lele နောက်ကိုပြေးလိုက်ပါတော့တယ်။
ဒီလိုနဲ့ Oahu ကျွန်းအရောက်မှာတော့ kohe lele ပျံကြီးဟာ မြေကြီးကို အရှိန်နဲ့ ဆောင့်ရိုက်လိုက်တဲ့အခါ ပြင်းထန်လွန်းအရှိန်ကြောင့် တွင်းကြီးတစ်ခုဖြစ်ပေါ်သွားပြီး Kamapua’a ဟာ အဲဒီအထဲမှာ ယနေ့အထိ ပိတ်မိနေခဲ့တယ်လို့ဆိုပါတယ်။


အဲဒီ Oahu crater ကြီးဟာ ယနေ့အချိန်မှာ လူအများစိတ်ဝင်စားရာ ဟာဝါရီရဲ့ အထင်ကရနေရာတစ်ခု ဖြစ်လို့နေပါတော့တယ်။
#themaniamm

LEAVE A REPLY

Please enter your comment!
Please enter your name here