အသားတိုး ငါးခူကို စနစ်တကြ မွေးမြူနည်း…

ဦးဦး ဒေါ်ဒေါ် .ကိုကို မမ ညီကိုမောင်နှမများ လုပ်ကိုင်ရ
မလွယ်ကူ ဖြစ်နေကြသလို မွေးမြူရင်း အရှုံးပြနေကြတာတွေ
တွေ့တွေ့နေရပါတယ်..

ထိုအကြောင်းအရာ ဖြစ်နေခြင်းမှာ မွေးမြူရာတွင်
နည်းစနစ်မကြခြင်း အချိန်မအားလပ်၍ ပြစ်ထားမိခြင်း
ဂရုတစိုက်လုပ်ကိုင်မှု့ နည်းပါခြင်းအပြင် စိတ်ဝင်စားမှု့အားနည်းပြီး
ဝါသနာအရင်းမခံ အမြတ်ငွေသာ တွက်၍ လုပ်ကိုင်ခြင်းများကြောင့်
ဆုံးရှုံးမှု့များ ဖြစ်ပေါ်နေတာ ဖြစ်ပါသည်.

ဤအကြောင်းအရာများကို ပြုပြင်၍ ကျွန်တော် ပေးသောအကြံတိုင်း
မွေးမြူမည်ဆိုပါက အရှုံးနည်း၍ အမြတ်ငွေထွက်အောင် ပြုလုပ်
နိုင်မည်ထင်ပါသည်…( ဆရာများအနေနဲ့ မှားပါက ထောက်ပြ
အကြံပြုနိုင်ပါသည်.)…..အရင်က တင်ခဲ့သော မွေးမြူနည်းမှာ
ပုံသေတစ်ခုဖြစ်သော တွက်ချက်ပြခြင်းသာဖြစ်၍ ခုအကြောင်းအရာ
မှာ လက်တွေ့ကြမွေးမြူနေသူများကိုသာ ရည်ညွှန်းခြင်းဖြစ်သည်.

1..မိမိ ဝယ်ယူသော ငါးသားပေါက်များကို တာပေါ်လင်နှစ်
….ဖြစ်စေ မြေကန်မှာ ဖြစ်စေ ပျိုးသော အရွယ်၌ ပျိုးငါးအရွယ်အတိုင်း
….ပျိုးရမည် ဖြစ်သည် ်း

2..မြေကန်၌ သားပေါက်များ ပျိုးရာတွင် အလွန် ကြမ်းမာသန်စွမ်း
….၍ အကြီးမြန်သော သားပေါက်များ ထုပ်ယူနိုင်ပြီး အချိန်ပေး
…ဂရုစိုက်စရာမလိုသလို
ျ….ရောဂါကြ မလွယ်ကူခြင်းတို့ကြောင့် မြေကန် အားသာချက်မှာ
….အံ့မခန်းဖြစ်သည် အားနည်းချက်မှာ အသေပြောက်များခြင်း
….ဖြစ်ပါသည် .အပြောက်နည်းပါးအောင် ဇာများဖြစ် ထိန်းချုပ်
….မွေးမြူနိုင်ပေမဲ့ လေးငါးရက်တစ်ပတ်မှာ ဇာဖော်၍ ဆိုဒ်ခွဲမွေး
….မြူနိုင်သည်

3..တာပေါ်လင်ဖြစ် ပျိုးရာတွင် အသေပြောက် ထိန်းချုပ်ရလွယ်ကူပေမဲ့
….ရောဂါကြလွယ်ခြင်း ကြောင့် ရေနိုင်နိုင် သုံးရခြင်း ကန်ပြင်ကို သန့်
….သန့်ရှင်းအောင်ပြုလုပ်ခြင်းများဖြစ် ပျိုးနိုင်ပေမဲ့ အချိန်ပေးနိုင်မှ ပြုလုပ်
….မွေးမြူတာကောင်းပါသည်

4..မိမိ မွေးမြူသော သားပေါက်များပျိုးရာတွင်
….အစာနှစ်ဆေး ညီမျှစေပြီး ရောဂါကြမလွယ်အောင်
….ကာကွယ်ထားနိုင်မှ အသေပျောက် မရှိ စိတ်ချမ်းသာစွာ
…မွေးမြူနိုင်မည်သာ ဖြစ်သည်.
…တက်ကျွမ်းရာ သားပေါက် ဆရာများထံတွင်
…ဆေးဝါးများ တောင်ယူမှတ်သားပြီး ကိုယ်တိုင်ကိုယ်ကြလည်း
…လေ့လာစည်းပူးပါ

5..အသားတိုး၌ အရေးကြီးသော အချက်မှာ ငါးဆိုဒ်
….မညီသော အရွယ်များကို အတူတကွ မမွေးမြူပဲ
….တညီထည်းကို တစ်ကန်ထည်း၌ မွေးမြူနိုင်မှသာ
….အရှုံးနည်း၍ အမြတ်အစွန်းရှိမည်သာ ဖြစ်သည်

ဤအကြောင်းအရာများသည် ပြီးပြည့်စုံသော
အကြောင်းတရားမရှိပေ နားလည် သဘောပေါက်အောင်သာ
ရှင်းပြထားခြင်းဖြစ်၍ နားမလည်တာ ရှိခဲ့မည်ဆိုပါက
ဖုန်းဆတ်၍ မေးမြန်းနိုင်ပြီး ကျွန်တော်၏ နေအိမ်သို့
လာရောက် လေ့လာ မေးမြန်းနိုင်ပါသည်..

09.257175858
ရန်ကုန်.ရွှေပေါက်ကန် 14 ရပ်ကွက်

 

LEAVE A REPLY

Please enter your comment!
Please enter your name here