6-12-2017
******
ထူးခြားဖြစ်စဉ်

ကျောမှာ အမည်မသိ စက် တပ်ဆင်ထားတဲ့ လင်းယုန်ငှက်ကြီး အသက်ရှင်လျက်ဖမ်းမိ

ဒီနေ့မနက်က မင်းကင်းမြို့နယ်၊တောင်တွင်းချောင် (၃၆)ရွာ ထဲက တစ်ရွာအပါအဝင်ဖြစ်တဲ့ သာစည်ရွာရဲ့ အပြင်ဘက် ကောက်ရိုးပုံပေါ်မှာ နားနေတဲ့ ယင်းယုန်ငှက်ကြီးကို ရွာသားတစ်ယောက်က လေးခွ နဲ့ ပစ်ပြီး အသက်ရှင်လျက် ဖမ်းဆီးရခဲ့ပါတယ်။

ထူးခြားတာက အဆိုပါ လင်းယုန်ငှက်ရဲ့ ကျောမှာ အမည်မသိ စက် တစ်လုံး တပ်ဆင်ထားပြီး၊ငှက်ရဲ့ခြေထောက်မှာ နံပါတ်စဉ် တပ်ထားတဲ့ သံကွင်းပါလာခဲ့လို့ မင်းကင်း၊တောင်တွင်းချောင် လူထုအကြား မှာ သုံးသပ်မှုတွေ အမျိုးမျိုး ပေါ်ထွက်နေပါတယ်။

အခု ကြာပင်ရွာ ရဲတွေက အထက်ကို တင်ပြဖို့ လင်းယုန်ကြီးကို လာယူသွားတယ် လို့ သိရပါတယ်။

crd -Zaw Myo

LEAVE A REPLY

Please enter your comment!
Please enter your name here