သရုပ်ဆောင်စိုးမြတ်သူဇာနဲ့ သတင်းတွေထွက်ခဲ့တဲ့အပေါ်မှာ ကျော်ထက်အောင်ကတော့ ဒီလိုပြောပြခဲ့ပါတယ်

➖➖➖➖➖➖➖➖

“ကျော်ထက်အောင်” ဆိုတဲ့နာမည်လေးကြားလိုက်တာနဲ့ အားလုံးပြေးမြင်မိမှာကတော့ မီးလေးခနလောက် ပိတ်ပေးထားပါတို့ ခနနေကျတော်ပြန်လာခဲ့ပါမယ် တို့ပေါ့နော်။

ကျော်ထက်အောင်ကတော့ Myanmar Idol ရဲ့ Host တစ်ယောက်ဖြစ်ပြီး Myanmar Idol Season 2 အပြီးမှာ ပရိသတ်တွေအားလုံးရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားခဲ့ရလောက်အောင် နာမည်ကြီးလာခဲ့သူလေးပေါ့နော်။

အဲ့ဒီမတိုင်ခင်မှာတော့ လူမှုကွန်ယက်ပေါ်မှာ ရုပ်ရှင်မင်းသမီးစိုးမြတ်သူဇာနဲ့ တွဲနေတယ်ဆိုပြီး ဓာတ်ပုံတွေထွက်လာခဲ့တာဖြစ်ပါတယ်။

အဲ့ဒီဓာတ်ပုံတွေဟာလည်း ဇာတ်ကားထဲက ဇာတ်ဝင်ခန်းဓာတ်ပုံတွေကို လူမှုကွန်ယက်ပေါ်မှာဖွကြတာပဲဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း သူက

အဲ့ဒါကတော့လေ ပုံအဟောင်းကို Like ပြန်လုပ်တာလည်းဖြစ်နိုင်ပါတယ် ပေ့ချ်ကနေ ပြန်ရှာတွေ့တာလည်းဖြစ်နိုင်တယ် သို့လောသို့လောပေါ့ အမှန်တကယ်ကတော့မဟုတ်ပါဖူး မကြီးလည်းသူ့ဘာသာသူနေပါတယ် ကျတော်လည်း ကျတော့်ဘာသာနေပါတယ်

အဓိကကတော့ ဇာတ်ကားပေါက်သွားဖို့ကံအကြောင်းတရားဖန်လာတာပေါ့နော် ဖြစ်နိုင်ရင်တောင်လေ အဲ့ဒီစဖွခဲ့တဲ့သူကို တကယ်ရှာပြီးကျေးဇူးတင်ချင်တယ် ဘာလို့လဲဆိုတော့လေ ကျတော်တို့နိုင်ငံမှာက သူများဖွပေးရတာ သူများနိုင်ငံမှာက Celebrity အသစ်ပေါ်လာပြီဆိုရင် မန်နေဂျာတွေ ဒါရိုက်တာတွေ ကုမဏီတခုလိုထောင်ရတာ အဲ့ဒီလူတွေကမှ Famous ဖြစ်အောင်လုပ်ပေးရတာ အဲ့လိုရှိတဲ့အတွက် တကယ်ရှာပြီးတောင် ကျေးဇူးတင်ချင်ပါတယ်

ရယ်မိပါတယ် စပေါ်ခါစတုန်းကဆိုရင် တော်တော်ရယ်မိတယ် ကျတော့်အမေဆိုလို့ရှိရင် သိန်း(၅၀၀၀)တောင်ရတယ်တဲ့ ဟာ…အမေအဲ့ဒါဆိုသားတောင်မပြောဖူးပေါ့နော် သားအမိချင်းတောင်နောက်နေကြသေးတယ် မကြီးပေးတယ်တဲ့ တွေ့တိုင်းမကြီးနဲ့ပြောပြီးတော့ရယ်ကြရပါတယ်

တခါတလေကျတော့လည်းလေ Public နဲ့ထိတွေ့နေတဲ့အခါမှာ မိန်းကလေးရှင်ဘက်ကျတော့လည်းလေ ပြောရမှာတော့ စီနီယာလည်းဖြစ်နေပြန်တယ် ဒီသတင်းကလည်းထွက်ထားတော့ တခါတလေကျရင် နှစ်ယောက်တည်း စကားပြောဖို့ဆိုရင်တောင်ကျတော့ နည်းနည်းလေးအမ်းတမ်းတမ်းဖြစ်မိတာပေါ့နော်

ဒီသတင်းကြောင့်ပေါ့ ဟုတ်သော်ရှိ မဟုတ်သော်ရှိပေါ့ အဲ့ဒီဟာလေးတွေက ကောင်းတာရော ဆိုးတာရော ဒွန်တွဲနေပါတယ်ခင်ဗျ လို့ ဖြေကြားခဲ့ပါတယ်

Credit : We love cele

LEAVE A REPLY

Please enter your comment!
Please enter your name here