TNLA အကြမ်းဖက်သောင်းကျန်းသူတပ်ဖွဲ့ဝင် ၂ ဦး ဖမ်းဆီးရမိ

နေပြည်တော် ၊ ဒီဇင်ဘာ ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့နယ်၊ မန်ကန်ကျေးရွာ၌် မသင်္ကာဖွယ်ရာ လူတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ တပ်မတော်စစ်ကြောင်းများက သွားရောက်ရှာဖွေခဲ့ရာ နိုဝင်ဘာ ၁၇ ရက်တွင် TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ တပ်သားအဆင့်ရှိ ကျော်ခိုင်(ခ)အိုက်မြိုင် (ဘ) ဦးတင်မြင့်အား ဖမ်းဆီးရမိခဲ့သည်။

၎င်းအား စစ်ဆေးမေးမြန်းချက်များအရ နမ့်ဆန်-ပန်လုံသွားကားလမ်းပေါ်၌ မိုင်း ၁ လုံး ထောင်ထားကြောင်း ကနဦးသိရှိရပြီး သွားရောက်တူးဖော်ရာ နိုဝင်ဘာ ၁၇ ရက် နေ့လယ်ပိုင်းတွင် မိုင်တိုင်(၁၇)အနီး၌ ဒေသန္တရလုပ်ရီမုမိုင်း ၁ လုံးကို ရှာဖွေ သိမ်းဆည်းရမိခဲ့သည်။ ဆက်လက်မေးမြန်းချက်အရ ၎င်းသည် နမ့်ဆန်မြို့နယ်၊ မက်မန်းကျေးရွာသားဖြစ်ပြီး ၂၀၁၆ ခုနှစ်၊ ဇူလိုင်လမှစတင်၍ TNLA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ကာ UWSA (၀)အဖွဲ့မှ လာရောက်ပို့ ဆောင်သည့် လက်နက်/ ခဲယမ်းများကို သံလွင်မြစ်အားဖြတ်၍ ၄ ကြိမ်ခန့်သယ်ဆောင်ပေးခဲ့ကြောင်း၊ ယခုအခါ TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ တာဝန်ပေးချက်အရ တပ်မတော်စစ်ကြောင်းများ၏ လှုပ်ရှားသွားလာမှု သတင်းများပေးပို့ခြင်းနှင့် မိုင်းထောင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ထို့နောက် ကျော်ခိုင်အား ထပ်မံစစ်ဆေးမေးမြန်းချက်များအရ မိုင်းထောင်ရာတွင် ၎င်းတို့နှင့်အတူ ပါဝင်လိုက်ပါလုပ်ဆောင်သည့် နမ့်ဆန်မြို့နယ်၊ ဟိုက်တန်ကျေးရွာနေ မိုးကျော်(ခ)အကျော်(ဘ) ဦးမောင်ကြီးအား ဒီဇင်ဘာ ၆ ရက် နံနက်ပိုင်းတွင် တပ်မတော်စစ်ကြောင်းများက ထပ်မံဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်များအရ ၎င်းသည် ၂၀၁၆ ခုနှစ်၊ မေလမှစတင်၍ ယခုအချိန်အထိ TNLA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့ထံသို့ တပ်မတော်စစ်ကြောင်းများ၏ လှုပ်ရှားသွားလာမှုသတင်းများအား ၂ ရက် ၁ ကြိမ်ခန့်ဖုန်းဖြင့် သတင်းပေးဆောင်ရွက်ခဲ့ကြောင်း၊ ထို့ပြင် ၂၀၁၇ ခုနှစ်၊ သြဂုတ်လကုန်ပိုင်း၌ TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ အနိုင် ဦးဆောင်သည့် အင်အား ၃ ဦးခန့်နှင့်အတူ နမ့်ဆန်မြို့နယ်၊ မန်ကန်ကျေးရွာအနီးရှိ လုံတောက်လမ်းဆုံနေရာ၌ မိုင်း ၂ လုံး ထောင်ခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလကုန်ပိုင်းတွင်လည်း TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ တိုက်နယ်မှူး အဆင့်ရှိသူ နမ့်ဆန်မြို့နယ်၊ တောင်မကျေးရွာနေ ဝင်းလှိုင်နှင့်အတူ လုံတောက်မှ မန်ကန် သွားလမ်းပေါ်၌ မိုင်း ၄ လုံးအား ထောင်ခဲ့ကြောင်း စစ်ဆေးသိရှိရပြီး တပ်မတော်စစ်ကြောင်းများက အများပြည်သူ ထိခိုက်ဒဏ်ရာရရှိမှု မရှိစေရေးအတွက် မိုင်းထောင်ထားသည့်နေရာ များအား ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက််လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ဖမ်းဆီးရမိသူများအား တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး နမ့်ဆန်မြို့မရဲစခန်းသို့ စနစ်တကျလွှဲပြောင်း အပ်နှံပြီးဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here