ကျွန်တော်တို့ ကိုယ့်သမိုင်းကိုယ်ရေးကြသူများ(၂) ပလတ်ဖောင်းယဉ်ကျေးမှု ရုပ်ရှင်ဇာတ်ကားကြီးအား ၂၀၁၆ ခုနှစ် ၁လပိုင်းမှစပြီး
ရုံတင်ရန် တန်းစီခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာခဲ့ကြောင်း၊


စိတ်မကောင်းစရာတစ်ခုကတော့ မင်းသားမပါလို့ ရုံတင်ခွင့်မရသေးကြောင်းများကို ပျော်စရာတစ်ခုအနေဖြင့် ဇာတ်ကားတွင်ပါဝင်သရုပ်ဆောင်ထားကြသော အဆိုတော်များဖြစ်သည့်
ယုန်လေး၊ကြက်ဖ၊ရသ၊Gfatt၊J Fire ၊ Ice Cold တို့နှင့်တကွ မင်းသမီး စိုးနန္ဒာကျော်၊ပြုံးမြသွယ်၊နန်းမော်တို့မှ ရယ်မောစရာအဖြစ် ကိုယ့်သမိုင်းကိုယ်ရေးကြသူများ(၂) Facebook Page တွင် Video ဖိုင်လေးတစ်ခု မကြာသေးခင်ကတင်ခဲ့ကြပါတယ်။

ယခုဇာတ်ကားသည် အရင်မြင်နေကြပုံစံဖြစ်သည့် ချစ်ကြိုက်ညား၊ဟာသ စသည့်ဇာတ်ကားများပုံစံမဟုတ်ပဲ တစ်မူကွဲပြားသော ပုံစံဖြင့် ရိုက်ကူးထားခဲ့ကြသည့်ဇာတ်ကားတစ်ကားဖြစ်ကြောင်း


ထိုဇာတ်ကားထဲတွင် သရုပ်ဆောင်လောကမှ မဟုတ်သည့် အဆိုတော်များဖြင့် ရိုက်ကူးထားသော်လည်း အကောင်းဆုံးသရုပ်ဆောင်ထားကြကြောင်း


မိမိတို့ပတ်ဝန်းကျင့်နှင့် hip hop လောက Underground လောကမှာ ဖြစ်ပျက်နေသော အဖြစ်အပျက်များကို ရိုက်ကူးထားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here