ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ရွှေဆိုင်တဆိုင်မှ သိန်း (၁၀၀)ကျော်ခန့်နံနက်ပိုင်းဆိုင်ခင်းချိန်ရွှေဝယ်ဟန်ပြုခိုးယူသွားမှုအား ၃ ရက်အတွင်း ဖော်ထုပ်ဖမ်းဆီး အရေးယူနိုင်ခဲ့
——————————————–
Nay Htet Paing

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ရွှေဆိုင်တဆိုင်မှ သိန်း(၁၀၀)ကျော်ဘိုးခန့် မွန်ပြည်နယ် က သက်ကြီးရွယ်အို အဖွားကြီး ကလာရောက်ခိုးယူမှုအား ၃ ရက်အတွင်း CCTV/လူမှုကွန်ယက် တို့ရဲ့ထောက်ကူမှုတို့ဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ က ဖော်ထုပ်ဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်းသိ့ရသည်။

ဖြစ်စဉ်မှာ ၂၈.၁၁.၂၀၁၇. ရက်နေ့ နံနက် ၈ နာရီကျော်အချိန်ခန့် ပုသိမ်မြို့ အမှတ် ၄ ရပ်ကွက် ဈေးချောင်းလမ်း ဆိုင် အမှတ် ၃ မေရတတနာ ရွှေဆိုင်အား ဖွင့်လစ်ရောင်းချရန် ဆိုင်ရှင် ဦးမောင်မောင် နှင့် ဆိုင်ဝန်ထမ်း စာရေးမ နှစ်တို့နှင့်အတူ အိမ်မှယူဆောင်လာသော ရွှေထည်ပစ္စည်းဗူးများအား မှန်ကောင်တာပေါ်ခေတ္တတင်ပြီး ကောင်းတာအတွင်းထည့်ခင်းနေချိန် အသက် ၆၀ ကျော် ၇၀ ခန့်အမျိုးသ္မီးတဦးရောက်ရှိလာပြီး လက်စွပ် (၁)ကွင်းလောက်ဝယ်လိုကြောင်းပြော၍ဆိုင်ရှင်မှဆိုင်ခင်းနေ၍ခေတ္တစောင့်ရန်မေတ္တာရပ်ခံခဲ့သည်။

ဆိုင်ရှင် ဦးမောင်မောင်ဆိုင်ဆက်လက်ခင်းနေချိန် ခလေးလက်စွပ်ဝယ်ရန် နောက်တဦးထပ်မံရောက်ရှိလာ၍ချိန်တွယ်ရောင်းချပေးခဲ့ပြီး မှန်ကောင်တာပေါ်တွင်တင်ထားသော ရွှေသားနားကပ် ၁၅၀ခန့်ကျောက်ပါရွှေနားကပ် ၅၀ ရံခန့် လပုံသဏ္ဍန်ဆွဲကြိုးချိတ်နှင့်အရေတွက်မမှတ်မိရွှေသား လက်စွပ်များထည့်ထားသောခန့်မှန်း ကာလတန်ဘိုး သိန်း (၁၀၀)ကျော်ခန့် ရွှေဗူးတဗူးနှင့်လက်စွပ် ဝယ်ရန်စောင့်ခိုင်းထားသောအမျိုးသ္မီးကြီးပျောက်နေ၍ CCTV မှတ်တမ်းအားပြန်လည်ကြည့်ရှုရာ၎င်းအမျိုးသ္မီးခိုးယူသွား ကြောင်းသိ့ရ၍ ရွှေဆိုင်ပိုင်ရှင် ဦးမောင်မောင် ကတရားလိုပြု၍ တိုင်ကြားခဲ့သဖြင့် ပုသိမ်နယ်မြေရဲစခန်း (ပ)၃၁၅/၂၀၁၇.ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့်အမှုဖွင့်၍ အမှုအား နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကျော်စိုးအောင် တာဝန်ယူ စစ်ဆေးသည် အခင်းဖြစ်ရပ်သို့ ချက်ခြင်းဒုရဲအုပ်ကျော်စိုးအောင်သည် အပိုင်နယ်ထိန် ရဲတပ်ကြပ်သူရဝင်း နှင့်အတူ သွားရောက်စစ်ဆေးကြပြီး CCTV မှတ်တမ်းပုံများ မိမိတို့ရဲ့လက်ကိုင်ဖုန်းများအတွင်း ကူယူထည့်သွင်းခဲ့ကြပြီး ဆိုင်ရှင် တို့မှလည်း ကူညီ၍လူမှုကွန်ယက်မှဖော်ပြပြီးရွှေဆိုင်အချင်းချင်းဆက်သွယ်၍တရားခံမည်သူမည်ဝါသိ့စေရန်အတွက်ကူညီဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့၏


အမှုစစ်မှ ၎င်းCCTV မှတ်တမ်းအားစခန်းမှူး ရဲအုပ်အောင်ဝင်းမြင့် ထံတင်ပြခဲ့ပြီး နယ်ထိန်းအဖွဲ့နှင့် ရဲတပ်ကြပ်ကြီးဟန်စိုးတို့ကတရားခံပုံအားကြည့်ုကြရာမိမိ တို့မြို့မှမြင်တွေ့ဘူးခြင်းမရှိကြောင်း သိရှိရပြီးအဆင့်ဆင့်ဆက်လက်တင်ပြခဲ့ပြီး ပုသိမ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ မှု/ကူဌာနစုနှင့်အတူ ပူးပေါင်း၍မြို့ပေါ်ရှိ ရပ်ကွက်အသီးသီး သဘောၤဆိပ် ကားဂိတ်တို့အားပိတ်ဆို့၍ရှာဖွေခြင်း ပျောက်ဆုံးရွှေထည်ပစ္စည်းပျောက်ပုံစံများနယ်မြေခြင်းဆက်စပ်စခန်းများတို့အားပေးပို့ကူညီစုံစမ်းဖော်ထုပ်ဖမ်းဆီးပေး ရန်မေတ္တာရပ်ခံခဲ့သည်။

အမှုစစ် ဒုရဲအုပ် ကျော်စိုးအောင် နှင့်တရားလိုတို့ရဲ့လူမှုကွန်ယက် ဖေးဘုတ်စာမျက်နှာတွင်CCTVမှတ်တမ်းဖော်ပြကူညီ တောင်းခံထားခြင်းကြောင့်မော်လမြိုင်မြို့ရွှေဆိုင်တဆိုင်ရဲ့ကူညီမှုကြောင့်တရားခံသဲလွန်စရှိခဲ့၍ မော်လမြိုင် စခန်းသို့ဆက်သွယ်ပြီးစုံစမ်းခဲ့ရာပေါင်မြို့နယ် ဇင်းကျိုက်ရဲကင်းစခန်းအပိုင်ကဖြစ်ကြောင်းသိ့ရှိခဲ့ရသည်။
အမှုစစ်ဒုရဲအုပ်ကျော်စိုးအောင် ရဲတပ်ကြပ်သူရဝင်း ပုသိမ်ခရိုင် မှု/ကူ ဌာနစုမှ ရဲတပ်ကြပ်ကျော်ကျော် တို့နှင့်အတူ ပုသိမ်မြို့ အမှတ် ၇.ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးအောင် တို့နှင့်အတူ ပေါင်မြို့နယ် ဇင်းကျိုက်ရဲကင်းစခန်းသို့သွားရောက်၍စခန်းမှူးရဲအုပ်လင်း နောင်နှင့်တွေ့ဆုံပြီးတရားခံမှာ ဒေါ်အမာကြည် ၇၃ နှစ်ပေါင်မြို့နယ် ပန်းကုံးကျေးရွာနေသူဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပြီးဒေသခံစခန်းမှအပိုင်နယ်ထိန်း ရဲတပ်ကြပ် မြတ်စိုးလေး ၎င်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမင်းအောင် တို့နှင့်အတူ ဒေါ်အမာကြည် သွားရောက်ဖမ်းဆီးခဲ့ပြီး ပုသိမ်နယ်မြေရဲစခန်း သို့ခေါ်ဆောင်ခဲ့ကြသည်။

အမှုစစ်အဖွဲ့က စစ်ဆေးကြရာ ပထမတွင်တရာခံသည် ညင်းဆန်နေခဲ့သည် ရိုးသားစွာရာဘာစိုက်လုပ်ကိုင်စားသောက်နေကြကြောင်းအသက်ရွယ်ကြီးုသူလဲဖြစ်ကျမ္မာရေးလဲမကောင်း၍ရန်ကုန်မှာ ဆေးကုသနေရကြောင်းအတင်းငြင်းဆန်နေ၍အမှုစစ်ကလိမ္မာပါနပ်စွာဖင့်ဆွဲခြင်းတဲရွှေဗူးထည့်ခိုးသွားတာဘယ်သူလဲဆိုပြီးCCTV.မှတ်တမ်းဖိုင်ဖွင့်ပြလိုက်ရာကြည့်ရူပြီးငိုင်ကြသွားခဲ့ပြီး မငြင်းသာတော့ဘဲဝန်ခံခဲ့ရ၏။
ဝန်ခံထွက်ဆိုသည်မှာ ဒေါ်အမာကြည် အသက် ၇၃ နှစ် ဟင်္သာတ ဇာတိ ဖြစ်ပြီး ၄တန်းထိ့ပညာသင်ကြားခဲ့ကြောင်း ဦးကျော် ဒေါ်ခင်ကြွေ တို့၏ မွေးချင်း ၂ ယောက်မှ အငယ်ဆုံးသ္မီးဖြစ်ကြောင်းတမြို့တည်းနေ ဦးမောင်လှ ၏သား ဦးသန်းတင်အိမ်ထောင်ကြခဲ့ပြီးသားသ္မီး ၆ ယောက်ထွန်းကားခဲ့ပါသည် နောက် မွန်ပြည်နယ် ဇင်းကျိုက်ကျေးရွာအုပ်စု ပေါင်မြို့နယ် ပန်းကုန်းကျေးရွာရွာတွင်နေထိုင်ပြီး ရာဘာစိုက်ပျုးိလုပ်ကိုင်စားသောက်နေကြောင်းဆိုခဲ့၏

မှုခင်းပိုင်းထွက်ဆိုခဲ့ရာ ၂၆.၁၁.၂၀၁၇. ရက်နေ့ကရန်ကုန်မြို့မြေနီကုန်းရှိ အာရှတော်ဝင် ဆေးခန်းသို့ ဆေးကုသရန်လာခဲ့ရာ သမားတော်ကြီးကနိုင်ငံခြားသွာနေ၍၎င်းဆေးရုံမှာညအိပ်စောင့်နေပြီး ၂၈.၁၁.၂၀၁၇ မနက်စောစောက ကံထူးအောင်ကားနှင့်ပုသိမ်မြို့သို့လိုက်လာခဲ့ရာ ၉ နာရီခန့်အချိန် ခန့်ပုသိမ်မြို့သို့ရောက်ရှိလာပြီး ရွှေမုဠောဘုရားတက်ဖူးဈေးဘက်လျှောက်လာပြီးဈေးခင်းနေသောရွှေဆိုင်တဆိုင်အားတွေ့ရ၍လက်စွပ်ဝယ်မည်ဆိုပြီးပြောခဲ့ရာ ဆိုင်ဖွင့်နေဆဲဖြစ်၍ခနစောင့်ရန်ပြော၍စောင့်နေချိန်ရွှေဝယ်လာသူတဦးရောက်ရှိချိန်တွယ်ရောင်းနေချိန်မှန်ဘီဒိုပေါ်တင်ထားသောရွှေဗူးအားခိုးယူပြီးကြုံရာကားများဖြင့်ပြန်လာခဲ့ပြီးရွာရောက်လျှင်သားသ္မီးများမသိ့အောင် ရွှေနားကပ်များအားဖိုက်ဘာကပ်များဖြုတ်မိမိအိမ်မှ ကော်ဗူးတွင်းပြောင်းရွှေ့ထည်ပြီး ညဘက် မည်မှမသိ့အောင် နေအိမ်နောက်ချောင်းဘေးအမှိုက်ပုံ ခတက်ပင်အောက်မှာတူးမြုတ်ထားကြောင်းဆိုခဲ့၏။
တရားခံ၏ ထွက်ဆိုချက်အရ အမှုစစ်သည် အမျိုးသ္မီး တရားခံဖြစ်နေ၍အမျိုးသ္မီးရဲမေဒုရဲအုပ်တင်နွယ်ဦး ရဲတပ်သားသူသူဟန်ဝင်းတို့ပါဝင်ပြီးသက်သေခံပစ္စည်းတို့ အားသွားရောက်၍ဥပဒေနှင့်အညီသိမ်းဆည်းခဲ့ကြုပြီးပစ္စည်းများအားတရားလိုနှင့်အတူစစ်ဆေးချိန်တွယ်ကြရာသိမ်း ဆည်းခဲ့သောပစ္စည်းများသည်ရွှေရည် ၁၄ ပဲ ကျောက်ပါရွှေနားကပ် ၅၈ ရံ ကျောက်ပါရွှေချိန် ၅ ကျပ်သား ၁၁ ပဲ ၅ ရွေး ရွှေသားနားကပ် ၉၄ ရံ ရွှေရည် ၁၅ ပဲ စုစုပေါင်ရွှေချိန် ၅ ကျပ်သား ၅ ပဲ ၅ ရွေး ရွှေလက်စွပ် ၁၂ ကွင်း ပေါင်းရွှေချိန် ၆ ပဲ ၃ ရွေး ရွှေရည် ၁၄ပဲ.ဆွဲကြိုးချိပ် ၂ ခုရွှေချိန် ၅ရွေး ၁ စိတ် ရွှေရည် ၁၅ ပဲတို့အား ဒုရဲအုပ် ကျော်စိုးအောင် ဒုရဲအုပ်တင်နွယ်ဦး တို့ကချိတ်ပိတ်သိမ်းတည်းပြီး တပ်ကြပ်ကြီးဟန်စိုးက မှတ်ပုံတင် ၃၂ တင်သွင်းဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီသိမ်းဆည်းထား ပြီး ရဲလုပ်ငန်းများ အမြန်ပြီးပြတ်အောင်ဆောင်ရွက်၍ သက်ဆိုင်ရာတရားရုံးမှာတရားစွဲတင်သွားမည်ဖြစ်ကြောင်းသိရပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here