“စစ်တွေအခြေစိုက် ရဲတပ်ရင်းအနီးရှိ ဆီဂိုထောင်တန်း မီးလောင်နေ ”

စစ်တွေမြို့အခြေစိုက် ရဲတပ်ရင်း(၁၂)အနီးရှိ ဆီဂိုထောင်တန်းမှ အိမ်တစ်အိမ်တွင် မီးလောင်မှု ဖြစ်ပွားနေပြီး မီးငြိမ်းသတ်နိုင်ရေး ကြိုးစားနေကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

ရဲတပ်ရင်း(၁၂)နှင့် လမ်းမတစ်ခုသာ ခြားသော ဆီဂိုထောင်တန်းတွင် ယနေ့( ဒီဇင်ဘာလ ၈ ရက်)ညနေ ၅ နာရီခန့်မှ စတင်ကာ မီးလောင်နေခြင်းဖြစ်ပြီး ညနေ ၆ နာရီခန့်အထိ လောင်ကျွမ်းနေဆဲဖြစ်ကြောင်း အထက်ပါ ရဲအရာရှိကပြောသည်။

အဆိုပါနေရာသည် နာဇီရပ်ကွက်တွင်ပါဝင်ပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ စက်သုံဆီများ သိုလှောင်ရာ နေရာဖြစ်ကြောင်း စစ်တွေ မြို့ခံ ဦးသန်းထွန်းက ပြောသည်။
အဆောက်အဦးတစ်လုံးသာ လောင်ကျွမ်းနေခြင်းဖြစ်ပြီး မြို့နှင့်ဝေးကြောင်း ၎င်းက ပြောသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here