ဆံတော်ရှင်ကျိုက်ထီးရိုး အံ့ဖွယ်၉ ပါး

” ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ်၏
အံ့ဖွယ်ရာအဖြစ်နှင့် သမိုင်းကြောင်း (၉) ပါး ”
♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨

(၁) “ဗုဒ္ဓဂေါတမ”ဘုရားရှင်၏ ဆံတော်မြတ်ကို
မိမိဆံကျစ်၌ အမြဲကိုးကွယ်သော-
“တဿ”မည်သော သူတော်စင်ရသေ့ကြီး
နာမကျန်းဖြစ်၍ ထိုဆံတော်မြတ်ကို-
ဌာပနာ၍ ဘုရားတည်လိုသော အလိုဆန္ဒ
ဖြစ်သောအခါ သိကြားမင်းသည် ထိုရသေ့
ကြီး၏ ဦးခေါင်းနှင့်တူသော ကျောက်တုံး-
ကြီးကို သမုဒ္ဒရာအတွင်းမှ ဆောင်ယူ၍၊
ကျိုက်ထီးရိုးကျောက်တောင်ထိပ်၌-
ဘုရားတည်ရန် တင်ထားခြင်း။

(၂) ထိုကျောက်တုံးကြီးသည်-
ကျောက်တောင်စောင်းထိပ်၌ တည်ပါလျ
က် ငလျင်လှုပ်ခြင်းစသော အကြောင်းတို့
ကြောင့် ရွေ့လျားခြင်း (ရွေ့ရှားခြင်း)
မရှိခြင်း။

(၃) ထိုကျောက်တုံးကြီးပေါ်၌ အံ့မခန်း ခက်ခဲ
စွာ စေတီတည်ထားခြင်း။

(၄) ဗုဒ္ဓဂေါတမမြတ်စွာဘုရားရှင်၏ ဆံတော်
ဌာပနာ တည်ခြင်း။

(၅) ကမ္ဘာမြေပေါ်တွင် ကျိုက်ထီးရိုးစေတီ-
တော်မြတ်နှင့် တူသောစေတီ မရှိခြင်း။

(၆) ထိုဆံတော်ရှင်မြတ်အား လာရောက်ဖူးကြ
သော ဘုရားဖူးသူတို့သည် ခက်ခဲစွာသော
လုံ့လဝီရိယတို့ဖြင့် တော၊ တောင်၊ လျှို၊
မြောင်တို့ကို ဖြတ်ကျော်၍၊
တောင်တက်ဘုရားဖူးမြှော်ရခြင်း။

(၇) ဘုရားဖူးသူတို့သည် ဖူးမဝ ဖြစ်၍
နောက်ထပ် လာရောက်ဖူးပါရစေဟု
ဆုတောင်းခြင်း၊ အခေါက်များစွာ-
လာရောက်ဖူးမြော်ကြရခြင်း။

(၈) ဘုရားဖူးလာရောက်ကြသူ အပေါင်းသည်
ဘေးရန်အန္တရာယ်မရှိ၍၊
ကြည်နူးချမ်းသာကြရခြင်း။

(၉) နှစ်စဉ်မပျက် တောင်တက်ဘုရားဖူးသူများ
အဆင်းအတက်ဖွေးဖွေးရှိလျက် ဆံတော်
ရှင်မြတ်စေတီတော် ရင်ပြင်၌-
ပြည်ကျပ်များပြားခြင်း။

ထိုကဲ့သို့ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်
မြတ်ကြီး၏ ထူးခြားအံ့သြဖွယ်ရာနှင့် သမိုင်းထူး
(၉) ပါးတို့ဖြင့် ပြည့်စုံသာလွန်ခမ်းနားပေ၏။

( မဟာသုတဒီပနီကျမ်း၊ ဒု၊ နှာ- ၆၉ ) -မှ
ကောက်နုတ်တင်ပြအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here