(Zawgyi)
အဆိုပါ ေယာက္်ားေလးသည္ မိခင္ကို သတ္ျဖတ္ေနသည့္ ဓာတ္ပံုကို ဗီဒီယို႐ိုက္ကာ သူငယ္ခ်င္းမ်ားထံသို႔ WeChatမွတဆင့္ ေပးပို႔ခဲ့သည္ဟု သိရသည္။ ထို႔အျပင္ ၎သည္ မိခင္၏ ဦးေခါင္းကိုပါ ျဖတ္ေတာက္ခဲ့ေသးေၾကာင္း သတင္းမ်ားက ေဖာ္ျပခဲ့သည္။

ဗီဒီယိုကို လက္ခံရရွိသည့္ သူငယ္ခ်င္း တစ္ဦးက ယင္း၏ မိခင္ထံ အဆိုပါ ျဖစ္ရပ္ကို ျပသၿပီးေနာက္ ရဲတပ္ဖြဲ႕ထံ အသိေပး အေၾကာင္းၾကားႏုိင္ခဲ့ၿပီး လူသတ္တရားခံ ကေလးကို ဖမ္းဆီးႏုိင္ခဲ့ျခင္းဟု သိရသည္။ အဆိုပါ တုန္လႈပ္စရာ ျဖစ္ရပ္သည္ ဆီခၽြမ္ရွိ ဝမ္ဇင္းၿမိဳ႕တြင္ ျဖစ္ပြားခဲ့ျခင္းဟု ဆိုသည္။

ဝမ္ဇင္းၿမိဳ႕ ရဲတပ္ဖြဲ႕က အဆိုပါမႈခင္း ေပၚေပါက္ခဲ့ေၾကာင္း BBCသို႔ အတည္ျပဳေပးခဲ့ေသာ္လည္း အေသးစိတ္ အခ်က္အလက္မ်ားကို ေျပာၾကားရန္မူ ျငင္းဆန္ခဲ့သည္။ ရဲတပ္ဖြဲ႕ တာဝန္ရွိသူ တစ္ဦးက အမႈကို ဆက္လက္ စံုစမ္းေနဆဲဟုသာ မွတ္ခ်က္ေပးခဲ့သည္။

အဆိုပါ ကေလးသည္ ၿပီးခဲ့သည့္ သီတင္းပတ္ကုန္က မိခင္ႏွင့္ စကားမ်ား ရန္ျဖစ္ၿပီးေနာက္ လူသတ္မႈ က်ဴးလြန္ခဲ့ျခင္းဟု RFA သတင္းဌာနက ေဒသခံ သတင္းရင္းျမစ္မ်ားကို ကိုးကားၿပီး ေဖာ္ျပခဲ့သည္။ ထို႔ေနာက္ ဦးေခါင္းကို ျဖတ္ေတာက္ကာ ေရပံုးတစ္ပံုးထဲ ထည့္ၿပီး အိမ္အျပင္ဘက္ ေရေျမာင္းထဲ လႊင့္ပစ္ထားသည္ဟု ဆိုသည္။ လူသတ္မႈ က်ဴးလြန္ပံု အေသးစိတ္ကိုမူ တိတိက်က် မသိရေခ်။

အဆိုပါ လူသတ္မႈမွာ ရက္အနည္းငယ္ ၾကာျမင့္သည္အထိ မေပၚေပါက္ခဲ့ဘဲ ၎၏ အတန္းေဖာ္ တစ္ဦး၏ မိခင္က ဗီဒီယိုကို ေတြ႕ရွိသြားမွ ရဲမ်ားထံ အသိေပး အေၾကာင္းၾကားႏုိင္ခဲ့ျခင္း ျဖစ္သည္။ ရဲတပ္ဖြဲ႕သည္ အဆုိပါ ကေလးကို ၎တက္ေရာက္ ပညာသင္ၾကားေနသည့္ ေက်ာင္းခန္းထဲတြင္ ဖမ္းဆီးခဲ့ျခင္းဟုလည္း သိရသည္။

Ref: BBC

(Unicode)
အဆိုပါ ယောက်ျားလေးသည် မိခင်ကို သတ်ဖြတ်နေသည့် ဓာတ်ပုံကို ဗီဒီယိုရိုက်ကာ သူငယ်ချင်းများထံသို့ WeChatမှတဆင့် ပေးပို့ခဲ့သည်ဟု သိရသည်။ ထို့အပြင် ၎င်းသည် မိခင်၏ ဦးခေါင်းကိုပါ ဖြတ်တောက်ခဲ့သေးကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ဗီဒီယိုကို လက်ခံရရှိသည့် သူငယ်ချင်း တစ်ဦးက ယင်း၏ မိခင်ထံ အဆိုပါ ဖြစ်ရပ်ကို ပြသပြီးနောက် ရဲတပ်ဖွဲ့ထံ အသိပေး အကြောင်းကြားနိုင်ခဲ့ပြီး လူသတ်တရားခံ ကလေးကို ဖမ်းဆီးနိုင်ခဲ့ခြင်းဟု သိရသည်။ အဆိုပါ တုန်လှုပ်စရာ ဖြစ်ရပ်သည် ဆီချွမ်ရှိ ဝမ်ဇင်းမြို့တွင် ဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။

ဝမ်ဇင်းမြို့ ရဲတပ်ဖွဲ့က အဆိုပါမှုခင်း ပေါ်ပေါက်ခဲ့ကြောင်း BBCသို့ အတည်ပြုပေးခဲ့သော်လည်း အသေးစိတ် အချက်အလက်များကို ပြောကြားရန်မူ ငြင်းဆန်ခဲ့သည်။ ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက အမှုကို ဆက်လက် စုံစမ်းနေဆဲဟုသာ မှတ်ချက်ပေးခဲ့သည်။

အဆိုပါ ကလေးသည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က မိခင်နှင့် စကားများ ရန်ဖြစ်ပြီးနောက် လူသတ်မှု ကျူးလွန်ခဲ့ခြင်းဟု RFA သတင်းဌာနက ဒေသခံ သတင်းရင်းမြစ်များကို ကိုးကားပြီး ဖော်ပြခဲ့သည်။ ထို့နောက် ဦးခေါင်းကို ဖြတ်တောက်ကာ ရေပုံးတစ်ပုံးထဲ ထည့်ပြီး အိမ်အပြင်ဘက် ရေမြောင်းထဲ လွှင့်ပစ်ထားသည်ဟု ဆိုသည်။ လူသတ်မှု ကျူးလွန်ပုံ အသေးစိတ်ကိုမူ တိတိကျကျ မသိရချေ။

အဆိုပါ လူသတ်မှုမှာ ရက်အနည်းငယ် ကြာမြင့်သည်အထိ မပေါ်ပေါက်ခဲ့ဘဲ ၎င်း၏ အတန်းဖော် တစ်ဦး၏ မိခင်က ဗီဒီယိုကို တွေ့ရှိသွားမှ ရဲများထံ အသိပေး အကြောင်းကြားနိုင်ခဲ့ခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့သည် အဆိုပါ ကလေးကို ၎င်းတက်ရောက် ပညာသင်ကြားနေသည့် ကျောင်းခန်းထဲတွင် ဖမ်းဆီးခဲ့ခြင်းဟုလည်း သိရသည်။

Ref: BBC

LEAVE A REPLY

Please enter your comment!
Please enter your name here